【 နည်းပညာ 】 ‘လ’ ကမ္ဘာပေါ်တွင် ငလျင်နဲ့ ပြတ်ရွေ့ကြောများ ဖြစ်ပေါ်လာဖွယ်ရှိနေ

【 နည်းပညာ 】 ‘လ’ ကမ္ဘာပေါ်တွင် ငလျင်နဲ့ ပြတ်ရွေ့ကြောများ ဖြစ်ပေါ်လာဖွယ်ရှိနေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ - ၃

‘လ’ ကမ္ဘာ အတွင်းပိုင်း အေးခဲလာမှုနဲ့ အနည်းငယ် ကျုံ့သွားခြင်းကြောင့် ငလျင်နဲ့ ပြတ်ရွေ့ကြောတွေ ‘လ’ ပေါ်မှာ ဖြစ်ပေါ်လာဖွယ်ရှိနေတယ်လို့ အမေရိကန်အာကာသအေဂျင်စီ နာဆာ ထောက်ပံ့ထားတဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

‘လ’ ရဲ့ တောင်ဝင်ရိုးစွန်းအပိုင်းမှာ ငလျင်နဲ့ ပြတ်ရွေ့ကြောတွေ ဖြစ်ပေါ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။

နာဆာက လွှတ်တင်သွားမယ့် Artemis III ‘လ’ မစ်ရှင် ဆင်းသက်မယ့် နေရာအနီးတစ်ဝိုက်မှာ ငလျင်နဲ့ ပြတ်ရွေ့ကြောတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး၊ Artemis မစ်ရှင်ကို ‘လ’ ကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းဘက်သို့ လွှတ်တင်ရန် စီစဉ်နေတာကြောင့် လက်ရှိ ‘လ’ ပေါ်မှာ ဖြစ်ပျက်နေတဲ့ ဘူမိဗေဒဆိုင်ရာ ရှုထောင့်တွေကို နားလည်ဖို့ အလွန်အရေးကြီးလာခဲ့ပါတယ်။

လူလိုက်ပါသွားမယ့် Artemis III ‘လ’ မစ်ရှင်ကိုတော့ ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ လွှတ်တင်ဖို့ နာဆာက ရည်မှန်းထားတာဖြစ်ပြီး၊ လိုက်ပါသွားတဲ့ အာကာသယာဉ်မှူးတွေဟာ ‘လ’ ပေါ်ကို ပြန်လည်ခြေချဖို့ ကြိုးပမ်းမှာဖြစ်ပါတယ်။

လေ့လာမှုအရတော့ ‘လ’ ရဲ့ တောင်ဝင်ရိုးစွန်းဒေသတွေမှာ ပြင်းထန်တဲ့ ငလျင်တွေ ဖြစ်လာနိုင်ခြေရှိတဲ့ ပြတ်ရေွ့ကြောအသစ်တွေ ဆက်လက်ဖြစ်ပေါ်လာနိုင်တာကို ညွှန်ပြနေပြီး၊ ‘လ’ အပေါ်ယံအလွှာ ကျုံ့သွားတဲ့ တွန်းအားတွေကြောင့် ဖြစ်ပေါ်လာဖွယ်ရှိနေတာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ ‘လ’ တောင်ဝင်ရိုးစွန်းဒေသတွေမှာ မြေမျက်နှာသွင်ပြင် ပြောင်းလဲလာတဲ့ အချက်အလက်တွေကို လေ့လာမှုက တွေ့ရှိထားပါတယ်။

“လက်ရှိ ‘လ’ ပေါ်မှာ ဖြစ်ပေါ်လာနေတဲ့ ပြတ်ရွေ့ကြောတွေဟာ စံချိန်တင် ပြင်အားရှိနိုင်တဲ့ ‘လ’ ငလျင်တစ်ခုနဲ့ ဆက်စပ်သွားနိုင်ကြောင်း” လေ့လာမှုက ဆိုထားပါတယ်။

‘လ’ ကမ္ဘာကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက စက်ရုပ် ‘လ’ ဆင်းယာဉ်တွေ အသုံးပြုပြီး အပြိုင်အဆိုင် လေ့လာနေကြတဲ့အပြင် အနာဂတ်မှာ လူသားတွေကို ‘လ’ ပေါ်သို့ စေလွှတ်ပြီး လေ့လာသွားဖို့လည်း စီစဉ်နေကြတာကြောင့် လူသားတွေအနေနဲ့ ‘လ’ ကမ္ဘာရဲ့ ငလျင်ဆိုင်ရာ အချက်အလက်အသစ်တွေကို ပိုမိုနားလည်စေဖို့ လေ့လာလုပ်ဆောင်သွားရန် လိုအပ်နေပြီဖြစ်ပါတယ်။

Damien
Ref - techexplorist