【 နည်းပညာ 】 Gaming ဖုန်း အဖြစ် ပွဲထွက်လာနိုင်တဲ့ vivo ရဲ့ ခွဲထွက် အမှတ်တံဆိပ် IQOO

【 နည်းပညာ 】 Gaming ဖုန်း အဖြစ် ပွဲထွက်လာနိုင်တဲ့ vivo ရဲ့ ခွဲထွက် အမှတ်တံဆိပ် IQOO

လွန်ခဲ့တဲ့ ရက်တွေက vivo ရဲ့ တံဆပ်ခွဲတစ်ခုဖြစ်တဲ့ IQOO ဖုန်းကို တွေ့မြင်ခဲ့ရပြီးပါပြီ။

ပထမဆုံး ထွက်ပေါ်လာတဲ့ ပုံရိပ်တွေအရ ကွေးညွတ်ဖုန်းတစ်လုံး ဖြစ်နိုင်တယ်လို့ ယူဆချက်တွေရှိပေမယ့် လက်ရှိ အမှန်တကယ် ထွက်ပေါ်လာတော့ သာမန်စမတ်ဖုန်းတစ်လုံးပဲဖြစ်ပြီး ကင်မရာတွေကို နောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

အဆိုပါ ခွဲထွက် အမှတ်တံဆပ် ဖုန်းက ကွေးညွတ်ဖုန်း မဟုတ်ခဲ့ပေမယ့်လည်း ၎င်းထုတ်ဖော်ပြသခဲ့တဲ့ ပုံတွေအရ Game ဆော့ရန် အသားပေးဖုန်းတစ်လုံးအဖြစ် ပွဲထွက်လာနိုင်တယ်လို့ ယူဆစရာတွေရှိခဲ့ပါတယ်။

IQOO ရဲ့ ပထမဆုံး ထုတ်လုပ်မယ့် ဖုန်းရဲ့ အမည်ကတော့ မသိရသေးပါဘူး။ဒါပေမယ့် ၎င်းဖုန်းဟာ Snapdragon 855, 12GB Ram နဲ့ 44W မြန်နှုန်းမြှင့် အားသွင်းစနစ်တို့ ပါဝင်လာနိုင်ချေ ရှိတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ သိရပါတယ်။အဆိုပါ အားသွင်းစနစ်သာ ပါဝင်လာမယ်ဆိုရင် OnePlus နဲ့ Huawei ဖုန်းတွေမှာ ပါဝင်တဲ့ 40W နဲ့ 30W တို့ထက် သာလွန်နေမှာလည်း ဖြစ်ပါတယ်။

အဆိုပါ စမတ်ဖုန်းသစ်ဟာ သိမ်းဆည်းနိုင်မှုပမာဏ 256 GB နဲ့ 4000 mAh ဘက်ထရီပမာဏလဲ ပါဝင်နိုင်ချေ ရှိပါတယ်။အားသွင်းပေါက်ကတော့ fast charging ကြောင့်  USB-C port ပဲ ပါဝင်လာမှာပါ။တပ်ဆင်ထားမယ့် camera အကြောင်းတော့ မသိရသေးပါဘူး။ဒါပေမယ့် Super HDR mode တော့ ပါဝင်လာနိုင်ချေ ရှိပါတယ်။

 

အခြားသော ပါဝင်လာနိုင်တဲ့ နည်းပညာတွေကိုတော့ မကြာခင်မှာ Wiebo post မှာ ကြေညာနိုင်ပါတယ်။ဒါပေမယ့် အခြားသော post တစ်ခုမှာတော့ UD fingerprint scanner လက်ဗွေဖတ် စနစ်သစ်ကို မိတ်ဆက်ထားပြီး၊ ဓာတ်ပုံတွေမှာတော့ အမြဲအသင့်ဖြစ်နေမယ်၊ စတင်ရန် အဆင်သင့်ပဲလို့ ဆိုထားပါတယ်။

Damien
Ref - gsmarena
ဖေဖော်ဝါရီ - ၂၀

( Zawgyi )

လြန္ခဲ့တဲ့ ရက္ေတြက vivo ရဲ႕ တံဆပ္ခြဲတစ္ခုျဖစ္တဲ့ IQOO ဖုန္းကို ေတြ႕ျမင္ခဲ့ရၿပီးပါၿပီ။

ပထမဆုံး ထြက္ေပၚလာတဲ့ ပုံရိပ္ေတြအရ ေကြးၫြတ္ဖုန္းတစ္လုံး ျဖစ္ႏိုင္တယ္လို႔ ယူဆခ်က္ေတြရွိေပမယ့္ လက္ရွိ အမွန္တကယ္ ထြက္ေပၚလာေတာ့ သာမန္စမတ္ဖုန္းတစ္လုံးပဲျဖစ္ၿပီး ကင္မရာေတြကို ေနာက္ဘက္မွာ တပ္ဆင္ထားပါတယ္။

အဆိုပါ ခြဲထြက္ အမွတ္တံဆပ္ ဖုန္းက ေကြးၫြတ္ဖုန္း မဟုတ္ခဲ့ေပမယ့္လည္း ၎ထုတ္ေဖာ္ျပသခဲ့တဲ့ ပုံေတြအရ Game ေဆာ့ရန္ အသားေပးဖုန္းတစ္လုံးအျဖစ္ ပြဲထြက္လာႏိုင္တယ္လို႔ ယူဆစရာေတြရွိခဲ့ပါတယ္။

IQOO ရဲ႕ ပထမဆုံး ထုတ္လုပ္မယ့္ ဖုန္းရဲ႕ အမည္ကေတာ့ မသိရေသးပါဘူး။ဒါေပမယ့္ ၎ဖုန္းဟာ Snapdragon 855, 12GB Ram နဲ႔ 44W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္တို႔ ပါဝင္လာႏိုင္ေခ် ရွိတယ္လို႔ အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ သိရပါတယ္။အဆိုပါ အားသြင္းစနစ္သာ ပါဝင္လာမယ္ဆိုရင္ OnePlus နဲ႔ Huawei ဖုန္းေတြမွာ ပါဝင္တဲ့ 40W နဲ႔ 30W တို႔ထက္ သာလြန္ေနမွာလည္း ျဖစ္ပါတယ္။

အဆိုပါ စမတ္ဖုန္းသစ္ဟာ သိမ္းဆည္းႏိုင္မႈပမာဏ 256 GB နဲ႔ 4000 mAh ဘက္ထရီပမာဏလဲ ပါဝင္ႏိုင္ေခ် ရွိပါတယ္။အားသြင္းေပါက္ကေတာ့ fast charging ေၾကာင့္  USB-C port ပဲ ပါဝင္လာမွာပါ။တပ္ဆင္ထားမယ့္ camera အေၾကာင္းေတာ့ မသိရေသးပါဘူး။ဒါေပမယ့္ Super HDR mode ေတာ့ ပါဝင္လာႏိုင္ေခ် ရွိပါတယ္။

အျခားေသာ ပါဝင္လာႏိုင္တဲ့ နည္းပညာေတြကိုေတာ့ မၾကာခင္မွာ Wiebo post မွာ ေၾကညာႏိုင္ပါတယ္။ဒါေပမယ့္ အျခားေသာ post တစ္ခုမွာေတာ့ UD fingerprint scanner လက္ေဗြဖတ္ စနစ္သစ္ကို မိတ္ဆက္ထားၿပီး၊ ဓာတ္ပုံေတြမွာေတာ့ အၿမဲအသင့္ျဖစ္ေနမယ္၊ စတင္ရန္ အဆင္သင့္ပဲလို႔ ဆိုထားပါတယ္။

Damien
Ref - gsmarena
ေဖေဖာ္ဝါရီ - ၂၀