【 နည်းပညာ 】 Huawei MateBook X Pro (2019) မှာ ဘာတွေတိုးတက်ပြောင်းလဲလာခဲ့လဲ

【 နည်းပညာ 】 Huawei MateBook X Pro (2019) မှာ ဘာတွေတိုးတက်ပြောင်းလဲလာခဲ့လဲ

ယမန်နှစ်က ထွက်ရှိခဲ့တဲ့ Huawei MateBook X Pro ဟာ အကောင်းဆုံး laptops တွေထဲမှာ တစ်လုံးအပါအဝင် ဖြစ်ခဲ့ပါတယ်။

Intel Core processor eight-generation ကို တပ်ဆင်ထားပြီး၊ dedicated graphics ပါဝင်ကာ ပါးလွှာတဲ့ ကိုယ်ထည်နဲ့ လှပစိုပြေတဲ့ မျက်နှာပြင်တို့နဲ့ ပွဲထွက်ခဲ့တာလည်း ဖြစ်ပါတယ်။

ယခုထွက်ရှိလာတဲ့ Huawei MateBook X Pro (2019) မှာတော့ ကိုယ်ထည်ပိုင်းမှာ ပြောင်းလဲမှုမရှိခဲ့ပဲ၊ ပိုမိုတိုးတက်လာတာကတော့ Whiskey Lake CPUs နဲ့ Nvidia GeForce MX250 GPU ပါဝင်လာတာပဲ ဖြစ်ပါတယ်။နောက်ထပ် ထူးခြားမှုကတော့ webcam ကို ကိုးရိုးကားယား တပ်ဆင်ထားတာပါ။

ကိုယ်ထည်အလေးချိန်ကို ကြည့်မယ်ဆိုရင်တော့ 1.33kg (2.93 pounds) အလေးချိန် ရှိမှာပါ၊ အရောင်ကတော့ Space Gray ဖြစ်ပြီး၊ Mystic Silver ဒါမှမဟုတ် အခြားသော အရောင်တွေလည်း ထွက်ရှိလာနိုင်ပါတယ်။ကိုယ်ထည် ညာဘက်ခြမ်းမှာ USB 3.0 Type-A port ပါဝင်ပြီး ဘယ်ဘက်ခြမ်းမှာတော့ USB 3.1 Gen 1 Type-C port တစ်ခုနဲ့ Thunderbolt 3 port တစ်ခု ပါဝင်မှာလဲ ဖြစ်ပါတယ်။ Thunderbolt 3 port ဟာ 40Gbps data ကူးပြောင်းတဲ့ မြန်နှုန်းနဲ့ အလုပ်လုပ်ပေးနိုင်ပြီး၊ 4K monitors နှစ်ခုကို တပြိုင်တည်း ချိတ်ဆက်နိုင်လောက်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

Power button အပေါ်မှာ လက်ဗွေအာရုံခံကိရိယာ တပ်ဆင်ထားပြီး၊ မျက်နှာပြင် ဘေးဘောင်တွေဟာ ပါးလွှာတာကို တွေ့ရပါတယ်။မျက်နှာပြင်ကတော့ 13.9-inch 3000x2000 pixels ထိတွေ့မျက်နှာပြင် ဖြစ်ပြီး၊ 91% screen-to-body ratio နေရာယူထားပါတယ်။

ထူးခြားချက်ကတော့ ကင်မရာတပ်ဆင်ထားပုံပါ သာမန် laptops တွေနဲ့ မတူညီပဲ F6 နဲ့ F7 button ကြားမှာ pop up ကင်မရာကို တပ်ဆင်ထားပဲ ဖြစ်ပါတယ်။နောက်ထပ် ထူးခြားချက်တွေကတော့ feature အသစ်ဖြစ်တဲ့ OneHop နဲ့ လက်သုံးချောင်းနဲ့ screenshots တွေ ရိုက်နိုင်တာပါ၊ OneHop ဆိုတာကတော့ သင့် Huawei ဖုန်းကနေ laptop ကို အပြန်အလှန် data အချက်အလက်တွေ လွယ်လင့်တကူ ကူးယူနိုင်မယ့် feature သစ်ပဲ ဖြစ်ပါတယ်။

Huawei MateBook X Pro (2019) မှာ 16GB LPDDR3 2133MHz RAM, 1TB NVMe PCIe SSD သိမ်းဆည်းနိုင်မှု၊ GPU ကတော့ Nvidia GeForce MX 250 with 2GB GDDR5 နဲ့ CPU Intel Core i7-8565U တို့ ထည့်သွင်းထားတဲ့အပြင် audio ပိုင်းမှာလည်း Dolby Atoms ကို အသုံးပြုထားကာ Windows 10 နဲ့ ပွဲထုတ်လာတာပဲ ဖြစ်ပါတယ်။

Huawei MateBook X Pro (2019) ဟာ စွမ်းဆောင်ရည်မြင့်တဲ့ laptop တစ်လုံးပဲဖြစ်ပြီး ယခင်ထွက်ရှိခဲ့တဲ့ verison ကို ပိုမိုအဆင်မြှင့်တင်ထားကာ ရွေးချယ်ဝယ်ယူသင့်တဲ့ နည်းပညာမြင့် laptop တစ်လုံး ဖြစ်ပါတယ်။

Damien

( Zawgyi )

ယမန္ႏွစ္က ထြက္ရွိခဲ့တဲ့ Huawei MateBook X Pro ဟာ အေကာင္းဆုံး laptops ေတြထဲမွာ တစ္လုံးအပါအဝင္ ျဖစ္ခဲ့ပါတယ္။

Intel Core processor eight-generation ကို တပ္ဆင္ထားၿပီး၊ dedicated graphics ပါဝင္ကာ ပါးလႊာတဲ့ ကိုယ္ထည္နဲ႔ လွပစိုေျပတဲ့ မ်က္ႏွာျပင္တို႔နဲ႔ ပြဲထြက္ခဲ့တာလည္း ျဖစ္ပါတယ္။

ယခုထြက္ရွိလာတဲ့ Huawei MateBook X Pro (2019) မွာေတာ့ ကိုယ္ထည္ပိုင္းမွာ ေျပာင္းလဲမႈမရွိခဲ့ပဲ၊ ပိုမိုတိုးတက္လာတာကေတာ့ Whiskey Lake CPUs နဲ႔ Nvidia GeForce MX250 GPU ပါဝင္လာတာပဲ ျဖစ္ပါတယ္။ေနာက္ထပ္ ထူးျခားမႈကေတာ့ webcam ကို ကိုး႐ိုးကားယား တပ္ဆင္ထားတာပါ။

ကိုယ္ထည္အေလးခ်ိန္ကို ၾကည့္မယ္ဆိုရင္ေတာ့ 1.33kg (2.93 pounds) အေလးခ်ိန္ ရွိမွာပါ၊ အေရာင္ကေတာ့ Space Gray ျဖစ္ၿပီး၊ Mystic Silver ဒါမွမဟုတ္ အျခားေသာ အေရာင္ေတြလည္း ထြက္ရွိလာႏိုင္ပါတယ္။ကိုယ္ထည္ ညာဘက္ျခမ္းမွာ USB 3.0 Type-A port ပါဝင္ၿပီး ဘယ္ဘက္ျခမ္းမွာေတာ့ USB 3.1 Gen 1 Type-C port တစ္ခုနဲ႔ Thunderbolt 3 port တစ္ခု ပါဝင္မွာလဲ ျဖစ္ပါတယ္။ Thunderbolt 3 port ဟာ 40Gbps data ကူးေျပာင္းတဲ့ ျမန္ႏႈန္းနဲ႔ အလုပ္လုပ္ေပးႏိုင္ၿပီး၊ 4K monitors ႏွစ္ခုကို တၿပိဳင္တည္း ခ်ိတ္ဆက္ႏိုင္ေလာက္ေအာင္ စြမ္းေဆာင္ေပးႏိုင္ပါတယ္။

Power button အေပၚမွာ လက္ေဗြအာ႐ုံခံကိရိယာ တပ္ဆင္ထားၿပီး၊ မ်က္ႏွာျပင္ ေဘးေဘာင္ေတြဟာ ပါးလႊာတာကို ေတြ႕ရပါတယ္။မ်က္ႏွာျပင္ကေတာ့ 13.9-inch 3000x2000 pixels ထိေတြ႕မ်က္ႏွာျပင္ ျဖစ္ၿပီး၊ 91% screen-to-body ratio ေနရာယူထားပါတယ္။

ထူးျခားခ်က္ကေတာ့ ကင္မရာတပ္ဆင္ထားပုံပါ သာမန္ laptops ေတြနဲ႔ မတူညီပဲ F6 နဲ႔ F7 button ၾကားမွာ pop up ကင္မရာကို တပ္ဆင္ထားပဲ ျဖစ္ပါတယ္။ေနာက္ထပ္ ထူးျခားခ်က္ေတြကေတာ့ feature အသစ္ျဖစ္တဲ့ OneHop နဲ႔ လက္သုံးေခ်ာင္းနဲ႔ screenshots ေတြ ႐ိုက္ႏိုင္တာပါ၊ OneHop ဆိုတာကေတာ့ သင့္ Huawei ဖုန္းကေန laptop ကို အျပန္အလွန္ data အခ်က္အလက္ေတြ လြယ္လင့္တကူ ကူးယူႏိုင္မယ့္ feature သစ္ပဲ ျဖစ္ပါတယ္။

Huawei MateBook X Pro (2019) မွာ 16GB LPDDR3 2133MHz RAM, 1TB NVMe PCIe SSD သိမ္းဆည္းႏိုင္မႈ၊ GPU ကေတာ့ Nvidia GeForce MX 250 with 2GB GDDR5 နဲ႔ CPU Intel Core i7-8565U တို႔ ထည့္သြင္းထားတဲ့အျပင္ audio ပိုင္းမွာလည္း Dolby Atoms ကို အသုံးျပဳထားကာ Windows 10 နဲ႔ ပြဲထုတ္လာတာပဲ ျဖစ္ပါတယ္။

Huawei MateBook X Pro (2019) ဟာ စြမ္းေဆာင္ရည္ျမင့္တဲ့ laptop တစ္လုံးပဲျဖစ္ၿပီး ယခင္ထြက္ရွိခဲ့တဲ့ verison ကို ပိုမိုအဆင္ျမႇင့္တင္ထားကာ ေ႐ြးခ်ယ္ဝယ္ယူသင့္တဲ့ နည္းပညာျမင့္ laptop တစ္လုံး ျဖစ္ပါတယ္။

Damien