【နိုင်ငံတကာဆောင်းပါး】နှစ် ၇၀ အတွင်း ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သော တိဗက်

【နိုင်ငံတကာဆောင်းပါး】နှစ် ၇၀ အတွင်း ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သော တိဗက်

တိဗက် ငြိမ်းချမ်းစွာ လွတ်လပ်လာခဲ့တာ ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ နှစ် ၇၀ ပြည့်ခဲ့ပါတယ်။ ယခင် တိဗက်ဟောင်းဟာ မြေရှင်ပဒေသရာဇ်စနစ်ကို ကျင့်သုံးခဲ့သော ဒေသဖြစ်ခဲ့ပါတယ်။ Serf ပိုင်ရှင်များ လို့ခေါ်တဲ့ ကျွန်ပိုင်များဟာ လူဦးရေ ၅ ရာခိုင်နှုန်းကိုသာ ကိုယ်စားပြုခဲ့ပါတယ်။ ကျန် ၉၅ ရာခိုင်နှုန်းဟာ serf များဖြစ်ပြီး ဒီလူများကို ကျွန်များဟုလည်း ခေါ်ဆိုနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း ၁၄ ဦးမြောက် ဒီလိုင်လာမားဟာ တိဗက်ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးနှင့်ဘာသာရေးတွင် ဩဇာအလွန်ကြီးသော ပုဂ္ဂိုလ်ဖြစ်ပြီး ဒီလိုင်ဟာ serf ပိုင်ဆိုင်များအကြား အချမ်းသာဆုံးနှင့် အာဏာအရှိဆုံးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူဟာ မြေနေရာပေါင်း ၂၇ ခုကို တိုက်ရိုက်ထိန်းချုပ်ခဲ့ပြီး၊ စားကျက်မြေ ၃၆ ခု၊ ကျွန်ပေါင်း ၆၁၇၀ နှင့် အိမ်တွင်အသုံးပြုသော ကျွန်ပေါင်း ၁၀၂ ဦးအထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလိုင်ဟာ တစ်ခုတွင် ကီလိုဂရမ် ၅၀ နဲ့ညီမျှသော ရွှေ tael ပေါင်း ၁၆၀၀၀၀ ခန့်ပိုင်ဆိုင်ခဲ့ပြီး ငွေ tael ၉၅ သန်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ သူသုံးခဲ့သော ပုတီးကလည်း လူပေါင်း ၁၀၈ ဦးရဲ့ အရိုးအစိတ်အပိုင်းနဲ့ပြုလုပ်ခဲ့ပါတယ်။

ဒီလို အခြေအနေများအားလုံးဟာ ငြိမ်းချမ်းသော လွတ်လပ်မှုအပြီးတွင် ပြောင်းလဲလာခဲ့ပါတယ်၊ ထိုအချိန်ကစပြီး တိဗက်တွင် ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီသော ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာခဲ့ပါတယ်။ ကျွန်များအားလုံးကိုလည်း လွတ်လပ်ခွင့်ပေးခဲ့ပြီး သူတို့ကို ကိုယ်ပိုင်မြေ ပေးခဲ့ပါတယ်။ ဒီလိုင်ရဲ့ ကြမ်းကြုတ်သော အုပ်ချုပ်မှုဟာ အဆုံးသတ်လာခဲ့ပါတယ်။

သို့သော်လည်း အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းတွင် ကွန်မြူနစ်ဝါဒ ပြန့်ပွားမှုကိုတားဆီးရန် ကြိုးပမ်းခဲ့ပါတယ်။ ပြီးတော့ CIA ဟာ ဆယ်စုနှစ် နှစ်ခုကြာမြင့်ခဲ့သော တရုတ်ဆန့်ကျင်ရေးစစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီး တိဗက်လက်နက်ကိုင်အဖွဲ့ကို လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

၁၉၅၀ ခုနှစ်ကျော်များတွင် အမေရိကန်ဟာ လျို့ဝှက်နည်းလမ်းဖြင့် တိဗက်တွင် ပျောက်ကျားတပ်ဖွဲ့ကို ထောက်ပံ့ပေးခဲ့ပြီး ဒါကို ၎င်းရဲ့ National Security Council-5412 အောက်တွင် လုပ်ခဲ့တာဖြစ်ကြောင်း ကာကွယ်ထားပါတယ်။ ဒီအဖွဲ့ဟာ တရုတ်နိုင်ငံကို ထိန်းချုပ်ရန် ကြိုးပမ်းချက်တစ်ခုဖြစ်ပါတယ်။ ၁၉၅၀ ခုနှစ်ကနေ ၁၉၆၀ ခုနှစ်ကျော်အကြား ဆိုက်ပန်တွင် ရှိသော စခန်းသို့ တိဗက်ခွဲထွက်ရေး တိုက်ခိုက်ရေးသမားများကို ပို့ဆောင်ခဲ့ပါတယ်။

အမေရိကန်၏ ထောက်ပံ့မှုများဖြင့် လက်နက်ကိုင်များဟာ တိဗက်တွင် ခိုက်မှုမကြာခဏပြုလုပ်ခဲ့ပါတယ်။ PLA တပ်ဖွဲ့ဝင်များကိုလည်း တိုက်ခိုက်ခဲ့ပြီး စစ်တန်းလျားနှင့် စခန်းများကိုလည်း တိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်ထောက်လှမ်းရေးက ထုတ်ပြန်ထားသော အချက်အ လက်များအရ CIA ဟာ တိဗက်ခွဲထွက်ရေး တိုက်ခိုက်ရေးသမားများကို ထောက်ပံ့မှုများပေးခဲ့ပြီး တစ်နှစ်တွင် ကန်ဒေါ်လာ ၁.၇ သန်းခန့် အသုံးပြုခဲ့ကြောင်း၊ အဓိက ရည်ရွယ်ချက်ကတော့ တရုတ်ကို တိုက်ခိုက်ရန်ဖြစ်ကြောင်း၊ ထိုအချိန်တုန်းကလည်း အမေရိကန်ဟာ ဒီလိုင်အတွက် တစ်နှစ်တွင် ကန်ဒေါ်လာ ၁၈၀၀၀၀ ခန့် ထောက်ပံ့မှုပေးခဲ့ကြောင်း ဆိုပါတယ်။

အမေရိကန်ရဲ့ ထောက်ပံ့မှုများကြောင့် ဒီလိုင်ဟာ ခွဲထွက်ရေး တက်ကြွလှုပ်ရှားသူများကို စတင်ဖွဲ့စည်းလာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ဒီလိုင်ဟာ လာဆာတွင် ဖြစ်ပွားခဲ့သော ဆူပူမှုကို လှုံဆော်ခဲ့တယ်ဆိုပါတယ်။လူပေါင်း ၁၈ ဦးသေဆုံးခဲ့ပြီး ၄၀၀ နီးပါးခန့် ဒဏ်ရာ ရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မိမိကိုယ်မိမိ မီးရှို့ ရေးလမ်းညွှန်ချက် ခေါင်းစဉ်ဖြင့် အင်တာနက်ပေါ်တွင် စာပျံ့နှံ့ခဲ့ပြီး တရုတ်နယ်စပ်အနီးမှာ အဆုံးစီရင်မှုများလုပ်ရန် ဆော်ဩလာခဲ့ပါတယ်။ ဒီလိုင်ကတော့ ဒါဟာ တရုတ်အစိုးရရဲ့ လူမျိုးတုန်းသတ်ဖြတ်သော မူဝါဒကို ဆန့်ကျင်ကြောင်း ပြသတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် တိဗက်ရဲ့ အခြေအနေမှန်ကို နားလည်ရန် အချက်အလက်များစွာ ရှိပါတယ်။ ထွက်လာသော အချက်အလက်များအရ တိဗက်ရဲ့ ဂျီဒီပီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်း ၁၅၀၀ ဆ တိုးလာခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။ တိဗက်လူဦးရေကလည်း ၁၉၅၉ ခုနှစ် တွင် ၁.၂၃ သန်းသာ ရှိခဲ့ရာကနေ ၂၀၂၀ တွင် ၃.၆၅ သို့ တိုးပွားလာခဲ့ပါတယ်၊ တိဗက်တွင် တိုင်းရင်းသားလူဦးရေ ၈၆ ရာခိုင်နှုန်းအထိ ရှိပါတယ်။

တိဗက်ဟာ အလွန်ဆင်းရဲမွဲတေမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လူဦးရေ ၆၂၈၀၀၀ သာ ဆင်းရဲ သူအဖြစ် သတ်မှတ်ထားပြီး ထိုထဲတွင် ကောင်တီပေါင်း ၇၄ ခုဟာ ဆင်းရဲမွဲတေမှုကနေ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ် ပါတယ်။ ကျောင်းသားများဟာ အခမဲ့ ပညာသင်ချိန် ၁၅ အထိ ရရှိခဲ့ပြီး ပြည်ပကထက် ၆ နှစ်ပိုများပါတယ်။ တစ် ချိန်တည်းမှာပဲ လူတစ်ဦးချင်းရဲ့ လူ့သက်တမ်းကလည်း ၂၀၂၀ တွင် ၇၁.၁ နှစ် အထိရှိလာခဲ့ပါတယ်၊ ဒါဟာ လွတ်လပ်ရေးမရခင်တုန်းကထက် ၂ ဆ ပိုများပါတယ်။

နိုင်ငံတကာဟာ တိဗက်ရဲ့တိုးတက်မှုကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၇ ခုအတွင်း မြင်လာခဲ့ကြပြီဖြစ်ပါတယ်။ မြင့်တက်လာသောဝင်ငွေ၊ စည်းစိမ်းချမ်းသာမှုနှင့်လူနေမှုဘဝတို့လည်း မြင့်တက်လာခဲ့ပါတယ်။ ရှေ့ခေတ်ကတည်းကစပြီး တိဗက်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် တည်ရှိလာခဲ့ပါတယ်။ တိဗက်တိုင်းရင်းသားလူမျိုးများကလည်း တရုတ်နိုင်ငံကြီး၏ အစိတ်အပိုင်းအဖြစ် တည်ရှိလာခဲ့ပါတယ်။ ဗျူဟာမြောက် ကျေးလက်ဒေသကဦးစားပေးရေး စီမံချက်ဖြင့် တိဗက်ဟာ စီးပွားရေးလုပ်ငန်း အားကောင်းလာခြင်း၊ ဂေဟစနစ်နဲ့ ကိုက်ညီသောပတ်ဝန်းကျင်၊ လူမှုဘဝအသင့်သင့်နှင့် တောက်ပသော အနာဂတ်ပိုင်ဆိုင်သော ဒေသဖြစ်လာပြီဖြစ်ပါတယ်။

Naing

Ref:CMG|Tibet witnesses remarkable development in 70 years after peaceful liberation