【 ဆောင်းပါး 】လွင်ပြင်ပေါ်တွင် အထီးကျန်စွာ လှည့်လည်နေသူ(သို့မဟုတ်) မြန်မာ့စာပေထဲက စာမရီ

【 ဆောင်းပါး 】လွင်ပြင်ပေါ်တွင် အထီးကျန်စွာ လှည့်လည်နေသူ(သို့မဟုတ်) မြန်မာ့စာပေထဲက စာမရီ

မြန်မာစာပေတွင် စာမရီမည်သော သားကောင်နှင့်ပတ်သက်ပြီး ဖေါ်ပြရေးသားမှုများရှိခဲ့သည်။ ရှင်မဟာသီလဝံသ၏ ပါရမီတော်ခန်းပျို့၌ လှပတင့်တယ်သည့်အနက်ဖြင့် ရေးသားစပ်ဆိုပုံကို တွေ့ရသည်။
'ပမာသွေးညီ၊ စာမရီဟု၊ နောက်ချီပွပွ၊ မြီးဆံလှလျက်၊ တောမထိပ်ခေါင်၊ သရေဆောင်သည်၊ ရွှေရောင်ပြိုးပြိုး၊ သားအမျိုး' ဟု စပ်ဆိုသည်။
ထိုပြင် စာမရီသားကောင်သည် ဘေးအန္တရာယ်နှင့် ကြုံတွေ့သည့်အခါ အမွေးအမျှင်ကို တစ်ပင်မျှလျှင် အကျွတ်မခံဘဲ၊ အသက်ကိုစွန့်၍ ကာကွယ်တတ်သော သတ္တိထူးရှိကြောင်းကိုလည်း ဖွဲ့နွဲ့စပ်ဆိုလေ့ရှိကြောင်း မြန်မာစာပေတွင် ရေးသားဖော်ပြကြသည်။
အမှန်စင်စစ်တွင် စာမရီဆိုသည်မှာ တိဘက်ရှိ ယက် (Yak)ခေါ် မွေးရှည်နွားတစ်မျိုးဖြစ်ကြောင်း သိခဲ့ကြပြီး တိဘက်မြောက် ပိုင်းနှင့် တရုတ်ပြည်အနောက်မြောက်ပိုင်း ချင်းဟိုင်တွင် အများဆုံးတွေ့ရသည်။ ချင်ဟိုင်း-တိဗက် ကုန်းပြင်မြင့်ရှိနွားကျောင်းသူများအတွက်၊ yaks သည် အရာရာ ဖြစ်သည်။ ယင်ခြောက်အသား၊ လတ်ဆတ်သောနို့နှင့် yak ထောပတ်လက်ဖက်ရည်သည် ဒေသခံတွေအတွက် အစားအစာထဲမှာ ပရိုတင်းနဲ့ အဆီအများစုကို ထောက်ပံ့ပေးသည်။ နောက်ဆုံး ၎င်းတို့ရဲ့ ချေးကိုပင် အော်ဂဲနစ်လောင်စာအဖြစ် သုံးနိုင်ကြပါသည်။
yaks များတွင် မွေးမြူသူများနှင့် နီးနီးကပ်ကပ်နေထိုင်သောအကောင်များကို မွေးမြူရေးအိမ်မွေး Yaks များ အဖြစ်သိကြပြီး တောရိုင်း Yaks များလည်းရှိရာ နှစ်မျိုးရှိသည်လည်းဖြစ်သည်။ ဤတွင်မွေးမြူရေး Yarks ကောင်များသည် အရွယ်အစား သေးငယ်သည်။ အိမ်မွေး Yark အထီးတစ်ကောင်၏ အလေးချိန်သည် ၃၅၀ မှ ၅၈၅ ကီလိုဂရမ်ခန့်ရှိသော်လည်း တောရိုင်း Yarks တစ်ကောင်၏အလေးချိန်မှာမူ ၁၀၀၀ ကီလိုဂရမ်အထိရှိပြီး နှစ်ဆနီးပါးရှိသည်လည်းဖြစ်သည်။
အိမ်မွေးအကောင်များကို လမ်းများတွင်အများဆုံးတွေ့ရမည်ဖြစ်ပြီး ခရီးသွားဆွဲဆောင်ရာ နေရာများတွင်လည်း တွေ့ရမည်ဖြစ်သည်။ ၎င်းတို့သည် အနက်ရောင်မှ အညိုရောင်အထိ အရောင်ရောင်ကွဲများရှိကြပြီး စပ်ကြားအရောင်များလည်းရှိသည်။ ဆန့်ကျင်ဘက်အားဖြင့် တောရိုင်းယင်၏အရောင်မှာ အများအားဖြင့် အနက်ရောင် ဖြစ်သည်။ ယင်းတွင် အုပ်စုငယ်တစ်ခုသာ ထွန်းလင်းသော ရွှေညိုရောင်ရှိသည်။ ထိုအကောင်များကိုတော့ ရွှေ yaks များဟုခေါ်ကြသည်။
ရွှေ yaks များသည် ပခုံးအမြင့် ၁၇၅ မှ ၂၀၃ စင်တီမီတာအထိရှိကြပြီး ၎င်းတွင်ထူထပ်စွာ တွဲလောင်းကျနေသော မွှေးရှည်ကြီးများသည် မြေပြင်သို့ထိလို့နီးပါးထိရှိနေသည်။ ယင်းသည် အေးချမ်းတဲ့ကုန်းပြင်မြင့်တွင် နွေးနွေးထွေးထွေးရှိနေစေရန် စောင်အကြီးကြီးတစ်ထည်ကို ၀တ်ထားသကဲ့သို့ဖြစ်သည်။
၂၀၁၆ ခုနှစ်က ရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင်အဖွဲ့သား ဒါရိုက်တာ ကာဘူ၏ အဆိုအရ၊ ရွှေရိုင်း Yaks များကို တိဗက် အနောက်မြောက်ပိုင်းရှိ Rutog နှင့် Gegyai ခရိုင်များတွင် အမြင့်မီတာ ၅၀၀၀ နီးပါးတွင်သာ ကျက်စားကြောင်းဆိုသည်။ ၎င်းတို့သည်တစ်ခါတရံ အမဲရောင် Yaks များနှင့်အတူ နေထိုင်ကြသည်လည်း ရှိသည်။
မြေပြန့်တွင် ရွှေဝါရောင် ယင်ကောင်အထီးလေး တစ်ယောက်တည်း သွားလာနေသည်ကို မကြာခဏ တွေ့ရတတ်သည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အမ Yak သည် အကောင်ငယ်များနှင့် သက်ကြီးအကောင်များပါသော yaks အုပ်စုကိုဦးဆောင်ကာ အစားအစာအတွက် မြက်ပင်များပေါများသော မတ်စောက်သည့်တောင်စောင်းပေါ်တွင် လမ်းလျှောက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ရွှေရောင်စူးရှသော အကြားအာရုံနှင့် မျက်စိအမြင်ရှိကြသလို မိုင်ပေါင်းများစွာ အကွာအဝေးမှ လူသားတို့၏ လှုပ်ရှားမှုများကို ခံစားသိရှိနိုင်ကြပြီး မတ်စောက်သောတောင်များပေါ်တက်ခြင်းဖြင့် တိတ်တဆိတ် ပြေးတတ်ကြသည်။ ထို့ကြောင့် ရှားပါးသော ရွှေရောင်နွားရိုင်း Yakကောင်ကိုတွေ့ရန် ကံကောင်းရန်လည်းလိုသည်ဟုဆိုသည်။
ဒေသခံဒဏ္ဍာရီများအရဆိုလျှင် တောင်နှစ်တောင်ဖြစ်သည့် Mount Buye နှင့် Mount Zhaxiangqian တို့ထိမ်းမြားစဉ်က yak နွားရိုင်းခုနစ်ကောင်ကို Mount Buye က ခန်းဝင်ပစ္စည်းအဖြစ် ပေးခဲ့ကြောင်း ဆိုကြသည်။ ထို့ကြောင့်၊ နှင်းများထူထပ် သော Mount Zhaxiangqian တောင်ကျော တစ်ဝိုက်တွင် ရွေ့လျားနေသော ရွှေရောင် yak အရိုင်းများကိုတွေ့ရပြီး ယင်းတို့ကို အမဲလိုက်ခြင်းသည် ကံဆိုးခြင်းသို့ ရောက်စေသည်ဟု ဒါရိုက်တာကာဘူက ဆိုသည်။
ယခုအချိန်တွင် တောရိုင်း yaks များ၏ အရေအတွက်မှာ ၂၀၁၈ ခုနှစ်တွင် အကောင်ရေ ၁၀၀၀၀ ရှိပြီး ရှားပါးလာနေပြီဖြစ် သည်။ ရွှေ yarks များမှာမူအကောင်ရေ ၃၀၀ ထက်ပင် နည်းပါးပြီး ၎င်းသည် မျိုးတုန်းပျောက်ကွယ်နိုင်သည့် ကြီးမားသော အခြေအနေနှင့်ရင်ဆိုင်နေရသည်။ ထို့ကြောင့် တောရိုင်း yaks များကို ဦးစားပေးအဖြစ် ကာကွယ်ရန်၊ ဒေသခံ သစ်တောဗျူရိုသည် ၂၀၁၆ ခုနှစ်တွင် နွားထိန်းများထံမှ စားကျက်မြက်ခင်းများ ၆၀ စတုရန်းကီလိုမီတာကျော်ကို ငှားရမ်းခဲ့ကြသည်။
အရန်နယ်မြေအတွင်း ကင်းလှည့်ရန်အတွက် လယ်သမားနှင့် နွားကျောင်းသူ ၇၈၀ ခန့်ကိုလည်း တောတွင်း၌ နေ့စဉ် ကင်းလှည့်ရန် ငှားရမ်းထားခဲ့သည်။ပြောဆိုမှုတွေအရ ရှေးခေတ် Qiang လူမျိုးများသည် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀ လောက်က တောရိုင်း yak ကောင်ကို မွေးမြူခြင်းပြုခဲ့ကြောင်းလည်း ဆိုကြသည်။ ထို့ကြောင့် ရှေးခေတ် "ရွှေရတနာ" ဟုတင်စားရ လောက်သည့် yaks များအား မြတ်နိုးတန်ဘိုးထားကြသည်ဟု ဆိုသည်။
 
 
မိုးသား
 
Ref; CGTN