【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ ၁၅ နှစ်ကြာ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု

【 နိုင်ငံတကာဆောင်းပါး 】တရုတ်နိုင်ငံ၏ ၁၅ နှစ်ကြာ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု

၂၀၂၀ခုနှစ်ဩဂုတ်လ ၁၅ ရက် စနေနေ့ဟာ တရုတ်နိုင်ငံ၏ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအတွက် စတင်အဆိုပြုခဲ့တာ ၁၅ နှစ်ပြည့်ခဲ့သောနေ့ဖြစ်ပါတယ်။ ကြည်လင်သောရေများနှင့် စိမ်းလန်းစိုပြေနေသော တောတောင်များဟာ တန်ဖိုးဖြတ်မရသော ပိုင်ဆိုင်မှုများဖြစ်ပါတယ်” ဆိုတဲ့ အယူအဆ စတင်လာခဲ့တာ ၁၅ နှစ်ပြည့်လာပြီဖြစ်ပါတယ်။ ယူကျွန်ကျေးရွာဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်းပြည်နယ်တွင် တည်ရှိကာ ကြီးပွားတိုးတက်လာနေသော ရွာလေးတစ်ရွာဖြစ်ပါတယ်။
အခုတော့ ဒီရွာလေးဟာ 4A-အဆင့်ရှိသော ဧရိယာဖြစ်လာနေပြီး နေချင်စဖွယ်ကောင်းခြင်းနှင့် ၎င်းရဲ့ လှပမှုအတွက် လူသိများသော နေရာတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုခန့်က၊ ညစ်ညမ်းသောရေ၊ အညိုရောင် ကောင်ကင်အောက်တွင် ဖုန်များပြည့်နှက်နေခဲ့သော ရွာလေးဖြစ်ခဲ့သော်လည်း ခုတော့ စိမ်းလန်းစိုပြေနေသော ရွာလေးဖြစ်လာနေပြီဖြစ်ပါတယ်။
ဒီရွာလေးဟာ ဘယ်လို ပြောင်းလဲတိုးတက်လာခဲ့သလဲ
ဆင်းရဲမွဲတေမှုကို လျှော့ရန် ယူကျွန်ဟာ ၁၉၉၀ ခုနှစ်ကျော်ကတည်းကနေ စီးပွားရေးတိုးတက်မှုကို သတ္တုတူးဖော်မှုလုပ်ငန်းဖြင့် ရှာဖွေလာခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွင် ဒီဝေးလံသော ရွာလေးဟာ အိမ်ခြေပေါင်း ၂၈၀ ဖြင့် လူဦးရေပေါင်း ၁၀၀၀ ခန့်ရှိခဲ့ပါတယ် ၊ ဝင်ငွေကလည်း တစ်နှစ်တွင် ပျမ်မျှ ယွမ် ၃၀၀၀ ခန့်သာ ရှိခဲ့ပါတယ်၊ မြို့တော်ဖြစ်တဲ့ ဟန်ကျိုးနဲ့ အတူတူနီးပါးဖြစ်ခဲ့ပါတယ်။
သို့သော်လည်း ကြွယ်ဝချမ်းသာမှု အရင်းအမြစ်ကလည်း ပြဿနာတချို့ကို ယူဆောင်လာခဲ့ပါတယ်။ ယူကျွန်တွင် ပါတီအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဘိုရှင်မင်ရဲ့ CGTN ကို ပြောဆိုချက်အရ “သတ္တုလုပ်ငန်းဟာ ထိုအချိန်တုန်းက ရွှေတောင်၊ ငွေတောင်လိုပဲ၊ သို့သော်လည်း အလွန်အကျူးတူးဖော်မှုကြောင့် ကျွန်တော်တို့ရဲ့ရေနှင့်တောင်တန်းများဟာ ကြီးမားစွာ ညစ်ညမ်းလာခဲ့ပါတယ်” ဟု သူက ပြောပါတယ်။
၂၀၀၃ ခုနှစ်တွင် ဒီရွာဟာ stone economy လို့ခေါ်တဲ့ သတ္တုလုပ်ငန်းအခြေပြု စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှုကို အဆုံးသတ်ခဲ့ပြီး ဒေသအတွင်းက ဂေဟစနစ်ကို ပြန်လည်ဖော်ဆောင်ရန် စတင်လာခဲ့ပါတယ်။
၂၀၀၅ ခုနှစ်တွင် ရှီကျင့်ဖျင်၏ ချီးကျူးမှုကို ခံခဲ့ရပြီး ထိုအချိန်က သူဟာ ဇီကျန်းပြည်နယ် ကွန်မြူနစ်ပါတီတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ထိုရွာကို သွားရောက်လည်ပတ်ချိန်တွင် ရှီကျင့်ဖျင်ဟာ ဒေသန္တရအစိုးရ၏ သတ္တုလုပ်ငန်း ရပ်တန့်ရန် ကြိုးပမ်းမှုနှင့် ဘိလပ်မြေစက်ရုံပိတ်သိမ်းမှုအပေါ် ချီးကျူးစကား ဆိုခဲ့ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် ဖြေရှင်းရန် ညွှန်ကြားခဲ့ပါတယ်။
“တချို့ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ချပြီးသွားပါပြီ၊ ဒါဟာ အရမ်းကိုကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကြည်လင်သော ရေများနှင့် စိမ်းလန်းသော တောတောင်များဟာ တန်ဖိုးဖြတ်လို့ မရသော ပိုင်ဆိုင်မှုများဖြစ်ပါတယ်” ဟု ရှီကျင့်ဖျင်က အစည်းအဝေးတွင် ရွာခံများကို ပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ရွာသားများဟာ တောင်ပေါ်တွင် သစ်ပင်များကို စိုက်ပျိုးခဲ့ပြီး တုန်းနေပြီဖြစ်သော တောင်ကြောများကို အစိမ်းရောင်အဖြစ် ပြန်ဖြစ်သွားစေခဲ့ပါတယ်။ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဟာ လက်ဖက်စိုက်ပျိုးခြင်း ၊ ကျေးလက်ခရီးသွားလုပ်ငန်းနှင့် ဂေဟစနစ်တို့ဖြင့် ပြန်လည်အားကောင်းလာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တွင် ဒီရွာလေးဟာ စီးပွားရေးအသားတင်ဝင်ငွေ ယွမ် ၂၈၀ သန်း ရှိလာခဲ့ပြီး ကျေးလက်ဇီကျန်းဒေသတွင် လူမှုဘဝတိုးတက်မှု ပြည့်စုံစွာ တည်ဆောက်ထားသော ရွာဖြစ်လာခဲ့ပါတယ်။
၂၀၀၆ ခုနှစ်တွင် Zhejiang Daily သတင်းစာတွင် ရှီကျင့်ဖျင်က ရေးသားခဲ့သော ဆောင်းပါးတွင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုတို့၏ အဆင့် ၃ ဆင့် အကြောင်းကိုရှင်းပြခဲ့ပါတယ်။
ပထမအချက်တွင် ပတ်ဝန်းကျင်ကာကွယ်မှုကို လျစ်လျူရှုပြီး လျင်မြန်သော အမြတ်ရရှိရန် ကြိုးပမ်းသော လူတစ်စုဖြစ်ပါတယ်။
ဒုတိယအချက်တွင် သူတို့ဟာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို နားလည်ထားသော်လည်း စီးပွားရေးတွင် အကျိုးမြင့်မားမှုကိုသာ ဆက်လက်ရယူလိုမှုဖြစ်ပါတယ်။
တတိယအဆင့်တွင်သာ လူများဟာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဟာ မှန်ကန်သော ရွှေဖြစ်ကြောင်းကို နားလည်လာခဲ့ပြီး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုဖြင့်သာ လူသားများနှင့် သဘာဝဟာ အတူတူ ယှဉ်တွဲနေထိုင်ကြောင်း ရှင်းပြထားပါတယ်။
“ယူကျွန်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၏ မှန်ကန်သောလမ်းကြောင်းဖြစ်ပြီး ဒါကို အနာဂတ်တွင်လည်း ဆက်လက်ဖော်ဆောင်ရမည်” ဟု ရှီကျင့်ဖျင်က ရေးသားခဲ့ပါတယ်။
အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုဟာ တရုတ်နိုင်ငံတွင် အလုပ်မဖြစ်သော အကြံမဟုတ်ပါဘူး။ နိုင်ငံတစ်ဝန်း အကောင်အထည်ဖော်နေကြပြီဖြစ်ပါတယ်။ ရေလမ်းကြောင်း ညမ်ညမ်းမှုကို ဖြေရှင်းရန်အတွက်၊ တရုတ်ဟာ Master of River ဆိုတဲ့ စီမံချက်ကို ၂၀၁၆ ခုနှစ်ကပြီး အကောင်အထည်ဖော်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တွင် နာဆာက ဦးဆောင်သော ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုကို ၂၀၀၀ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ပြုလုပ်ခဲ့ပြီး ဒီလေ့လာမှုတွင် တရုတ်နိုင်ငံဟာ ကမ္ဘာတစ်ဝန်း အသစ်သော အစိမ်းရောင် ဧရိယာစိုက်ပျိုးမှု ၄ ပုံ ၁ ပုံအတွက် တာဝန်ရှိကြောင်း ဖော်ပြထားပါတယ်။ ဒါကြောင့် ကမ္ဘာ့အကြီးဆုံး ပါဝင်သူဖြစ်စေပါတယ်။
ထို့အပြင် တရုတ်နိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုလုပ်ငန်းများတည်ဆောက်မှုကို အစိမ်းရောင်သို့ ပြောင်းလဲရန် အမျိုးသားအဆင့် စီမံချက်များစွာကို ချမှတ်ထားပါတယ်။
ဒီစီမံချက်များတွင် ဂေဟစနစ်ဆိုင်ရာ လျှော်ကြေးယန္တရား၊ Environmental Protection Law ကို ပြုပြင်ခြင်း၊ ပတ်ဝန်းကျင်ကို စစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအခွန် အစရှိသော စီမံချက် အသစ်များကို မိတ်ဆက်ခဲ့ပါတယ်။
 
Naing
 
Ref:CMG| 15 years on: In China, green is new gold