【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်တန်းများ (အပိုင်း - ၂)

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာတစ်ဝန်းက တရုတ်တန်းများ (အပိုင်း - ၂)

ကမ္ဘာတစ်ဝန်းက တရုတ်တန်းတွေအကြောင်းကို ဖော်ပြရာမှာ အပိုင်း (၁) မှာတော့ တရုတ်တန်း ဘယ်လောက်ရှိလဲဆိုတဲ့ ခန့်မှန်းဖော်ပြချက် မိတ်ဆက်နဲ့တင် ပထမတစ်ပိုင်း ပြီးသွားခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ အပိုင်း (၁) ရဲ့ အဆက်ဖြစ်တဲ့ ဘယ်နိုင်ငံတွေမှာ တရုတ်တန်းတွေရှိနေကြလဲဆိုတာကနေ လက်လှမ်းမီသလောက် ဆက်လက်ဖော်ပြပေးလိုပါတယ်။

          ဥရောပ ဘယ်နိုင်ငံတွေမှာ တရုတ်တန်းတွေရှိကြလဲ ....?

ဥရောပမှာတော့ နိုင်ငံ ၅ နိုင်ငံမှာ တရုတ်တန်း ခန့်မှန်း ၁၂ နေရာအထိရှိတယ်လို့ Chinatownology က ဖော်ပြထားပါတယ်။ထပ်တိုးလာနိုင်တဲ့ အရေအတွက်ရှိနိုင်ပြီး  သူ့ရဲ့ စုစည်းထားတဲ့ အချက်အလက်ထဲမှာတော့ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ ဂရိ၊ နယ်သာလန်၊ ယူကေ စတဲ့ နိုင်ငံတွေမှာ ရှိကြတယ်လို့ ဖော်ပြပါတယ်။ဒီနေရာမှာ 2014 Chinatown archway poll မှာ ဥရောပတရုတ်တန်းတွေရဲ့ Chinatown archway မှာတော့ လီဗာပူးလ် တရုတ်တန်းရဲ့ archway ဝင်ပေါက်ကို ဥရောပနဲ့ ကမ္ဘာပေါ်မှာ အလှပဆုံးအဖြစ် Chinatownology မဲပေး ရွေးချယ်ခဲ့ပါတယ်။

          အမေရိကတိုက်မှာရော ဘယ်နိုင်ငံတွေမှာ တရုတ်တန်းတွေရှိကြလဲ ....?

အမေရိကမှာတော့ နိုင်ငံ ၃ နိုင်ငံမှာ တရုတ်တန်း ၇ ခု အနည်းဆုံးရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ဒီအထဲ Chinatownology ရဲ့ စုစည်းဖော်ပြမှုအရ အာဂျင်တီးနား၊ ကနေဒါ၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ ရှိနေတာပဲဖြစ်ပါတယ်။ 2014 Chinatown archway poll မှာတော့ အမေရိကတိုက်ရဲ့ Chinatown archway တွေအနက် ဝါရှင်တန် တရုတ်တန်းရဲ့ archway ဝင်ပေါက်ကို အမေရိကတိုက်ရဲ့ အလှပဆုံးအဖြစ် Chinatownology မှာ မဲပေး ရွေးချယ်ခဲ့ပါတယ်။အပေါ်မှာပြောခဲ့သလိုပဲ ထပ်တိုးနိုင်တဲ့ အရေအတွက်တွေ ရှိနေတာဆိုတော့ လက်ရှိတွေ့ရှိတာတွေထဲမှာ တောင်အမေရိကတိုက်ရှိ ပီရူးနိုင်ငံ (Peru) က တရုတ်တန်းနဲ့ the Caribbean ဒေသက ကျူးဘား (Cuba) နိုင်ငံတို့မှာလည်း တရုတ်တန်းတွေရှိနေတာ တွေ့ရပါတယ်။

ဒါပြီးရင်တော့ ဆက်လက်ဖော်ပြပေးလိုတာက အကောင်းဆုံး တရုတ်တန်းတွေအကြောင်းဖြစ်ပါတယ်။

          အကောင်းဆုံး တရုတ်တန်းက ဘယ်မှာရှိလဲ ....?

အကောင်းဆုံးလို့ဆိုရာမှာတော့ လူတိုင်းရဲ့ ကိုယ်စီသတ်မှတ်ချက်အလိုက် ကွဲပြားခြားနားချက်လည်း ရှိနိုင်ပါတယ်။ဒီမှာတော့ ခရီးသွားသတင်းဌာနတွေက ညွှန်းဆိုဖော်ပြတာနဲ့ လတ်တလော နှစ်သစ်ကူးလနဲ့ တိုက်ဆိုင်ပြီး လည်ပတ်ဖို့ကောင်းတဲ့ တရုတ်တန်းတွေကိုပဲ ရွေးချယ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ထုံးစံအတိုင်း အာရှကနေပဲ စလိုက်ချင်ပါတယ် ....။

          မနီလာ တရုတ်တန်း (Manila Chinatown)

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာရှိတဲ့ တရုတ်တန်း (Manila Chinatown) ကတော့ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး တရုတ်တန်းဖြစ်ပါတယ်။နှစ်သစ်ကူးကာလမှာဆိုရင် ဖိလစ်ပိုင်-တရုတ် အသိုင်းအဝန်းနဲ့အတူ နှစ်သစ်ကူးကို ဖြတ်သန်းဖို့ အကောင်းဆုံးထဲက တစ်ခုလို့ ဖော်ပြကြပါတယ်။ပွဲလမ်းပါတီပွဲ၊ ချီတက်ပွဲ၊ တေးဂီတဖျော်ဖြေပွဲတွေနဲ့ မီးရှူးမီးပန်းတွေနဲ့ ပျော်စရာအဖြစ် ပုံဖော်ကြပါတယ်။တရုတ်နှစ်သစ်ကူးအတွက် အမိုက်စားလမ်းမထက်မှာ ပါတီပွဲတွေ ကျင်းပတဲ့အပြင် တရုတ်တန်း ဘင်နွန်ဒို (Binondo) ဟာဆိုရင် အစားအသောက်အတွက် နာမည်ကြီးနေရာလည်းဖြစ်ပါတယ်။

          ဘန်ကောက် တရုတ်တန်း (Bangkok Chinatown)

ဒီနေရာမှာတော့ ထိုင်းနဲ့ တရုတ်ယဉ်ကျေးမှုတွေကို ဘန်ကောက်မြို့ရှိ Yaowarat လမ်းမကြီးပေါ်မှာ အသားတကျ အဆင်ပြေပြေ ရောယှက်တည်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ရွှေဘုရားကျောင်းတွေကို ကြည့်ရှုဖို့ နေရာကောင်းဖြစ်သလို Yaowarat လမ်းမကြီးပေါ်မှာ ထူးခြားဆန်းပြားတဲ့ နာမည်ကျော် လမ်းဘေးအစားအစာတွေကလည်း ရှိနေပါတယ်။

တရုတ်နှစ်သစ်ကူးကာလမှာတော့ လမ်းမကြီးတစ်လျှောက် နဂါးချီတက်ပွဲတွေနဲ့ တက်ကြွမြူးတူးလျက်ရှိပြီး အသက်မွေးဝမ်းကြောင်းသမား၊ ဂီတပညာရှင်တွေနဲ့ အကသမားတွေက လမ်းမတွေထက် ချိတ်ဆွဲထားတဲ့ မီးအိမ်တွေနဲ့အတူ ထိမ်လင်းတဲ့ မီးရောင်အောက်မှာ ဖြေဖျော်မှုမျိုးစုံကို တွေ့ရမှာဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည် .....။)

မိုးသား