【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ စိမ်းလန်းဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ် (၄)

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်နိုင်ငံ၏ စိမ်းလန်းဖွံ့ဖြိုးတိုးတက်မှု ခေတ်သစ် (၄)

တရုတ်နိုင်ငံဟာ အရင်းအမြစ်သုံးစွဲမှု လိုအပ်ချက်များတဲ့ နိုင်ငံဖြစ်တဲ့အလျောက် အရင်းအမြစ်များကို အသုံးပြုခြင်းမှာ အခြေခံကျတဲ့ ပြောင်းလဲမှုတွေပြုလုပ်ပြီး အရင်းအမြစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို အနည်းဆုံးသက်ရောက်မှုရှိပြီး စီးပွားရေးနဲ့ လူမှုရေး အကျိုးအမြတ်ကို အများဆုံးအကျိုးရှိစေမယ့် နည်းလမ်းများကို အကောင်အထည်ဖော်လျက်ရှိပါတယ်။

တရုတ်နိုင်ငံဟာ စွမ်းအင်သုံးစွဲမှု၊ အထူးသဖြင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ သုံးစွဲမှုပမာဏကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လာနိုင်ပါတယ်။

စက်မှုလုပ်ငန်းများ အထူးသဖြင့် စွမ်းအင်ကြီးမားစွာ အသုံးပြုရသော လုပ်ငန်းများအား စွမ်းအင်ချွေတာရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနဲ့ စွမ်းအင်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ကမ်ပိန်းများ ပြုလုပ်ခဲ့ပါတယ်။

စတီး၊ စွမ်းအင်ထုတ်လုပ်ရေးနဲ့ ဓာတုပစ္စည်းများ ထုတ်လုပ်ရေးကဲ့သို့ စွမ်းအင်အသုံးများတဲ့ စက်မှုလုပ်ငန်းများကိုလည်း စွမ်းအင်ပိုမိုချွေတာပြီး ကာဗွန်ထုတ်လွှတ်မှု နည်းပါးအောင် ပြောင်းလဲနိုင်ခဲ့ပါတယ်။ထို့အပြင် ကြီးမားသောလုပ်ငန်းများနဲ့ အလယ်အလတ်လုပ်ငန်းများအတွက် စွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုမှုမှာ နိုင်ငံတကာအဆင့်ထိရောက်ရှိအောင် အရေးပါတဲ့ စွမ်းအင်စီမံခန့်ခွဲမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါတယ်။

ရေအရင်းအမြစ်နဲ့ပတ်သက်လာရင်လည်း တရုတ်ဟာ ရေသုံးစွဲမှုအပေါ် တင်းကျပ်ထားပါတယ်။စက်မှုနဲ့ မြို့ပြများ စီမံခန့်ခွဲရေးဟာ ရေရရှိမှုအပေါ် မူတည်ပါတယ်။ရေကို များစွာသုံးရတဲ့ လုပ်ငန်းတွေအတွက် ရေချွေတာရေးနည်းပညာများ အဆင့်မြှင့်တင်ပေးပြီး စိုက်ပျိုးရေးမှာလည်း ရေကို အကျိုးရှိစွာ အသုံးပြုရေး မြှင့်တင်လျက်ရှိပါတယ်။ထို့အပြင် သမားရိုးကျမဟုတ်သော ရေအရင်းအမြစ်များဖြစ်တဲ့ ဆားငန်ဖယ်ထားသော ပင်လယ်ရေ၊ မိုးရေနဲ့ အခြားရေမျိုးများကိုလည်း ပြန်လည်သန့်စင်ပြီး အသုံးပြုနိုင်အောင် လုပ်ဆောင်လျက်ရှိပါတယ်။  

တရုတ်နိုင်ငံဟာ ကျေးလက်နဲ့ မြို့ပြ မြေယာအသုံးပြုမှုမှာလည်း ဆောက်လုပ်ရေးလုပ်ငန်းအားလုံးအတွက် ဒီဇိုင်းများ၊ စံနှုန်းများနှင့် မြေအသုံးပြုခွင့်များကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နဲ့ ရေအတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို စီးပွားရေးမက်လုံးများ ပေးလျက်ရှိပါတယ်။ထို့အပြင် လက်ရှိမြေယာအရင်းအမြစ်များနဲ့ ထပ်တိုးမြေယာအရင်းအမြစ်များကို အကောင်းဆုံးအသုံးပြုရန် မြေယာများကို စီမံခန့်ခွဲရာတွင်လည်း ပူးပေါင်းဆောင်ရွက်သော ယန္တရားများကို အသုံးပြုနေပါတယ်။  

ပင်လယ်ပိုင်နက်များအား မြေယာအဖြစ် အသုံးပြုခြင်းကိုလည်း ပိတ်ပင်ထားပြီး နိုင်ငံ၏ အကြီးစားစီမံကိန်းများအတွက်သာ ခွင့်ပြုထားပါတယ်။ထို့အပြင် သဘာဝကမ်းရိုးတန်းများကို ကာကွယ်ရန်၊ စီးပွားရေးအတွက် အသုံးပြုရာတွင်လည်း ခွဲခြားကာကွယ်မှုရှိရန်နဲ့ လူမနေတဲ့ ကျွန်းများအား ကာကွယ်ပြီး အသုံးပြုမှုကို လျှော့ချရန်တို့အတွက်လည်း ထိန်းချုပ်တဲ့ စနစ်တစ်ခု တည်ဆောက်ထားပါတယ်။

တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု သတ္တုတွင်းများ တည်ဆောက်ရေးနဲ့ ပြန်လည်နာလန်ထူနှုန်း မြှင့်တင်ရေးကို အားပေးလျက်ရှိပါတယ်။လက်ရှိမှာ နိုင်ငံအဆင့်မှာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု သတ္တုတွင်းပေါင်း ၁,၁၀၁ ခု တည်ဆောက်ပြီးဖြစ်ပါတယ်။ထို့အပြင် သတ္တုတွင်းထွက် စွန့်ပစ်ပစ္စည်းများ စုဆောင်းခြင်း ကွန်ယက်ကိုလည်း အဆင့်မြှင့်တင်ပြီးဖြစ်ကာ စွန့်ပစ်အရင်းအမြစ်များအား ပြန်လည်အသုံးပြုရန်နဲ့ အသစ်ဖြည့်တင်းမြဲ အရင်းအမြစ်များအား အသုံးပြုရန်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။  

           အပိုင်း ၅ ။     ။ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု လူနေမှုပုံစံက ထင်ရှားသော အယူအဆဖြစ်လာ

သဘာဝပတ်ဝန်းကျင် အထောက်အကူပြု တိုးတက်မှုအတွက် လူတိုင်းရဲ့အားထုတ်မှုကို လိုအပ်ပါတယ်။ဒါကြောင့် တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ တန်ဖိုးများနဲ့ အတွေးအခေါ်များကို အများပြည်သူပိုမိုသိရှိပြီး သဘာဝပတ်ဝန်းကျင်ကို အတူတကွကာကွယ်ပြီး ဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးမှုများကို မြှင့်တင်ပြုလုပ်လျက်ရှိပါတယ်။  

           ၁။ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးမှုများအား ဆက်လက်အားဖြည့်ခြင်း

တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအပေါ်မှာ အများပြည်သူရဲ့ သိရှိနားလည်မှုကို အလေးပေးတာကြောင့် စနစ်ကျတဲ့ အများပြည်သူဆိုင်ရာ အသိပေးမှုများကို ပြုလုပ်လျက်ရှိပါတယ်။

သဘာဝပတ်ဝန်းကျင် အထောက်အကူပြု လူနေမှုပုံစံကို မိသားစုများ၊ အသိုက်အဝန်းများ၊ စက်ရုံများနဲ့ ကျေးလက်များမှာ ပိုမိုလက်ခံလာကြပါတယ်။ထို့အပြင် တရုတ်ရဲ့ ပညာရေးစနစ်တွေမှာလည်း သက်ဆိုင်ရာ အကြောင်းအရာများကို ပြဌာန်းစာအုပ်များထဲ ထည့်သွင်းခြင်းနဲ့ ကျောင်းများမှာ ပညာပေးအစီအစဉ်များ ပြုလုပ်ခြင်းတို့နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

ရလဒ်အားဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ် ကာကွယ်ရေးတွေမှာ ဗဟိုအုပ်ချုပ်ရေးအပြင် ပြည်သူများပါ ပါဝင်လာပြီး တန်ဖိုးထားမှုများ မြင့်တက်လာတာကို တွေ့ရပါတယ်။  

           ၂။ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု လူနေမှုပုံစံများကို မြှင့်တင်မည့် အစီအစဉ်များ

တရုတ်ဟာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းသော ပါတီနှင့် အစိုးရရုံးများ တည်ဆောက်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု မိသားစုများ၊ ကျောင်းများ၊ အသိုက်အဝန်းများ၊ သယ်ယူပို့ဆောင်ရေးနဲ့ အဆောက်အအုံများ တည်ဆောက်ရေး၊ အဝတ်အထည်၊ အစားအသောက်၊ အိမ်ရာနဲ့ ခရီးသွားကဲ့သို့သော နယ်ပယ်ပေါင်းစုံ၌ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု အလေ့အကျင့်များ ပေါက်ဖွားလာရေးတို့အတွက် အစီအစဉ်များစွာကို ဆောင်ရွက်လျက်ရှိပါတယ်။

အိမ်ထွက် စွန့်ပစ်ပစ္စည်းများ ခွဲခြားခြင်းဆိုင်ရာ အသိပညာများကို မြို့များတွင် ကျယ်ပြန့်စွာ ဖြန့်ကြက်နိုင်ခဲ့ပါတယ်။ပြည်သူများဟာ စွန့်ပစ်ပစ္စည်း အမျိုးအစားများ ပိုမိုခွဲခြားတတ်လာတာကို တွေ့ရပါတယ်။

အစားအစာစွန့်ပစ်မှုနဲ့ပတ်သက်ပြီး ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့တာကြောင့် သိသာသော ရလဒ်များရရှိပြီး ပြည်သူများက အစားအစာကို ပိုမိုချွေတာလာတာကို တွေ့ရပါတယ်။  

           ၃။ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ထုတ်ကုန်များအတွက် ဈေးကွက်ကို ကြီးထွားစေခြင်း

တရုတ်နိုင်ငံဟာ စွမ်းအင်ချွေတာသော၊ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသော ထုတ်ကုန်များဖြစ်တဲ့ စွမ်းအင်အသစ်သုံး ယာဉ်များနဲ့ စွမ်းအင်ချွေတာသော အိမ်သုံးကုန်ပစ္စည်းများကို အားပေးမှုများ ပြုလုပ်ပါတယ်။အခွန်အခလျှော့ချမှုများလည်း ပြုလုပ်ပေးပါတယ်။ ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စွမ်းအင်အသစ်သုံးယာဉ် ရောင်းချမှုဟာ ၁၃,၀၀၀ စီးရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်မှာ ၃.၅၂ သန်းအထိ ရောက်ရှိလာပါတယ်။

ထို့အပြင် ဈေးဝင်စင်တာများကဲ့သို့ အခြေခံအဆောက်အအုံများ တည်ဆောက်ရာမှာလည်း သဘာဝပတ်ဝန်းကျင် အထောက်အကူပြုရေးကို ဦးစားပေးပါတယ်။မျှဝေသော စီးပွားရေးရှိတဲ့ စီးပွားရေးပုံစံများကိုလည်း ထောက်ပံ့ပေးပြီး သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ထုတ်ကုန်များ များပြားလာစေရန်နှင့် ထိုထုတ်ကုန်များကို အသုံးပြုသူများပြားလာစေရန် တွန်းအားပေးလျက်ရှိပါတယ်။

           အပိုင်း ၆ ။     ။ သဘာဝပတ်ဝန်းကျင်အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်မှုအတွက် အဖွဲ့အစည်းများနှင့် ယန္တရားများ အဆင့်မြှင့်တင်ခြင်း

သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော အဖွဲ့အစည်းများနှင့် ယန္တရားများ လိုအပ်သောကြောင့် တရုတ်နိုင်ငံဟာ ရှင်းလင်းသော ရည်ရွယ်ချက်၊ ခိုင်မာသော ဆုံးဖြတ်ချက်နှင့် သက်ရောက်မှုရှိသော အကောင်အထည်ဖော်ချက်များအပေါ် မူတည်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးစနစ်ကို ဖန်တီးပြီး အစိုးရရဲ့ လုပ်ငန်းလုပ်ကိုင်ပုံကို မြှင့်တင်လျက်ရှိပါတယ်။  

           ၁။ တရားဥပဒေစိုးမိုးမှု အားကောင်းစေခြင်း

တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှုမှာ တရားဥပဒေစိုးမိုးရေး တိုးတက်ဖို့အတွက် ကြိုးပမ်းလျက်ရှိပြီး ယန်ဇီမြစ်ကာကွယ်ရေး ဥပဒေ၊ မြစ်ဝါမြစ်ကာကွယ်ရေးဥပဒေ၊ မြေယာစီမံခန့်ခွဲရေး ဥပဒေ၊ သစ်တောဥပဒေနှင့် နျူကလီးယားလုံခြုံရေးဥပဒေကဲ့သို့သော ဥပဒေအမျိုးမျိုးကို ရေးဆွဲခဲ့ပါတယ်။

ထို့အပြင် အဓိကနေရာတွေမှာ တိုးတက်ရေးစံနှုန်းများကို ပြန်လည်ပြုပြင်မြှင့်တင်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိပါတယ်။ ဥပဒေနှင့် စည်းမျဉ်းများ ချိုးဖောက်ခြင်းအတွက်လည်း ပိုမိုကောင်းမွန်စွာ စစ်ဆေးရေးနှင့် တင်းကျပ်စွာ အပြစ်ပေးရေးတို့အတွက်လည်း လေ့လာစောင့်ကြည့်ရေး၊ ထိန်းချုပ်ရေးနဲ့ ဥပဒေစိုးမိုးရေး လှုပ်ရှားမှုများကို ပြုလုပ်နေပါတယ်။

တရားရေးရာစနစ်နဲ့ အစိုးရဌာနများရဲ့ တရားဥပဒေစိုးမိုးမှုအကြား ပူးပေါင်းဆောင်ရွက်ရေးကိုလည်း မြှင့်တင်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင် အထောက်အကူပြု ဥပဒေများကို အားကောင်းစေရန် လုပ်ဆောင်လျက်ရှိပါတယ်။

           ၂။ စောင့်ကြည့်ခြင်းနှင့် စီမံခန့်ခွဲမှုကို တင်းကျပ်ခြင်း

တရုတ်နိုင်ငံဟာ စောင့်ကြည့်လေ့လာရေးလုပ်ဆောင်မှုစနစ်ကို တိုးတက်စေရန် ကြိုးပမ်းပြီး သက်ဆိုင်သူများအနေနဲ့ ဥပဒေကို လိုက်နာကာ တာဝန်ယူမှုရှိစေရေးနှင့် အစိုးရအနေနဲ့လည်း စောင့်ကြည့်လေ့လာရေး တာဝန်ကို ဖြည့်တင်းနိုင်ရေး တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ထားပါတယ်။

ဂျီဒီပီကို အဓိကစံနှုန်းအဖြစ် သတ်မှတ်ခြင်းထက် အရင်းအမြစ်များနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပိုမိုဟန်ချက်ညီသော စနစ်ကနေတစ်ဆင့် လူမှုရေးနဲ့ စီးပွားရေးတိုးတက်မှုကို တိုင်းတာလျက်ရှိပါတယ်။  

ဦးဆောင်တာဝန်ရှိသူများအတွက် တာဝန်ယူမှုရှိစေရေး စနစ်ကိုလည်း တည်ဆောက်ပြီး ပါတီကော်မတီဝင်များနှင့် အစိုးရများအနေဖြင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအတွက် ဂုဏ်သိက္ခာနှင့်အညီ တာဝန်ကျေပွန်စေရေးကို သေချာစေပါတယ်။ဗဟိုစုံစမ်းစစ်ဆေးရေးစနစ်ကို အကောင်အထည်ဖော်ခြင်းဖြင့် အများပြည်သူစိုးရိမ်မှုကိုဖြစ်စေတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

           ၃။ ဈေးကွက်အခြေပြု ယန္တရားများ မြှင့်တင်ခြင်း

တရုတ်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် အထောက်အကူပြု တိုးတက်မှုအားကောင်းစေမယ့် ဌာနများနဲ့ ယန္တရားများကို ဖန်တီးပြီး အစိုးရကလည်း ခိုင်မာသော လမ်းညွှန်မှုများပေးကာ ဈေးကွက်ကိုလည်း အရေးပါတဲ့ကဏ္ဍမှာ ပါဝင်စေပါတယ်။

တရုတ်နိုင်ငံဟာ သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်မှုအတွက် မှတ်ပုံတင်ခြင်း စနစ်ကိုလည်း ပိုမိုအားကောင်းစေရန်နဲ့ သစ်တော၊ အစိမ်းရောင်လွင်ပြင်များ၊ ရေပြင်များ၊ သဲကန္တရများနဲ့ လယ်ယာမြေများကို လွှမ်းခြုံတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် နစ်နာကြေးစနစ်လည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။

ထိုနစ်နာကြေးစနစ်အတွက် တက်ကြွသော အဆင့်များစွာကို လုပ်ဆောင်နေပြီး အဓိကနယ်မြေများအတွက် ငွေကြေးထောက်ပံ့မှုကို ဆက်လက်မြှင့်တင်လျက်ရှိပါတယ်။

စိုးနိုင်ထွန်း
Ref - China's Green Development in the New Era | Global-chinadaily