【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်က လည်ပတ်စရာ နေရာများ (အပိုင်း ၁)

【 နိုင်ငံတကာဆောင်းပါး 】 ထိုင်ဝမ်က လည်ပတ်စရာ နေရာများ (အပိုင်း ၁)

ကမ္ဘာကြီးကို လှတယ်လို့ ခံစားမိတယ်ဆိုရင်ပဲ လူတိုင်းရဲ့စိတ်ကူးထဲမှာ အိပ်မက်ခရီးသွားနေရာတွေက နေရာယူထားပြီးဖြစ်ပါတယ်။
 
တချို့က အေးချမ်းသာယာတဲ့ သဘာ၀နေရာတွေကို သဘောကျပြီး တချို့ကတော့ အံ့ဩဖွယ်ဆန်းပြားလှပမှုတွေ၊ ခေတ်မီ ခမ်းနားမှုတွေကို သဘောကျကြတာမျိုးလည်းရှိနေမှာဖြစ်ပါတယ်။  
 
ဘယ်လိုပဲဖြစ်ဖြစ် လည်ပတ်ဖို့ အိပ်မက်ခရီးသွားနေရာတွေထဲ ခုနကဆိုထားတဲ့ အချက်တွေထဲက တစ်ခုလောက်ငြိရင်ကို ကျေနပ်ကြလေ့ရှိပါတယ်။ငြီးငွေ့နေတဲ့ ပတ်ဝန်းကျင်ကနေ ခဏတာစိတ်အပြောင်းအလဲဖြစ်ဖို့ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် လည်ပတ်စရာအသစ်တစ်ခုခုကို အများစုက ကြိုက်ကြတယ်လို့ ထင်ရပါတယ်။
 
ခရီးသွားတာကို လူတွေနှစ်သက်လာတဲ့အမျှ ခရီးသွားအေဂျင်စီတွေက ချိတ်ဆက်ပို့ဆောင်ပေးတဲ့ လည်ပတ်စရာ နေရာတွေကလည်း ကမ္ဘာတစ်ဝန်းမှာ ပိုမိုပေါများလာကြပါတယ်။ဒီအထဲ ပြည်ပခရီးစဉ်လည်းဖြစ် လည် ပတ်စရာပေါများပြီး အာရှရဲ့ ဆွဲဆောင်မှုရှိတဲ့ ထိုင်ဝမ်ဒေသဟာလည်း လည်ပတ်စရာ နေရာတွေအများအပြားနဲ့ ကမ္ဘာကြီးကို ဆွဲဆောင်နေတာကို တွေ့ရပါတယ်။
 
ထိုင်ဝမ်ဟာ ဧရိယာ ၃၆,၁၈၈ စတုရန်းကီလိုမီ တာ ကျယ်ဝန်းပြီး လူဦးရေထူထပ်တဲ့ ဒေသလည်းဖြစ်ပါတယ်။ခရီးသွားအေဂျင်စီတွေကတော့ ထိုင်ဝမ်ခရီးစဉ်ကို ကုမ္ပဏီအများစုက (၅) ရက်ကနေ ၁၀ ရက်ဝန်းကျင် ခရီးသတ်မှတ် သွားလာကြပြီး စျေးနှုန်းကတော့ အမေရိ ကန်ဒေါ်လာ ၁၀၀၀ ကျော်ဝန်းကျင်ကနေ ရက်အလိုက် ပေးဆောင်ရတာ တွေ့ရပါတယ်။
 
ထိုင်ဝမ်ဟာ လည်ပတ်စရာကောင်းတဲ့ ပြည်ပခရီးသွားချင်စရာ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး အခုတစ်ခေါက်မှာတော့ ထိုင်ဝမ်ရဲ့ စိတ်ဝင်စားလည်ပတ်ဖွယ်ကောင်းတဲ့ နေရာတချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ဒီနေရာမှာ ထိုင်ဝမ်ခရီးစဉ်အတွင်း အများစုကတော့ ထိုင်ဝမ်ရဲ့ မြို့တော် တိုင်ပေကနေ ခရီးစဉ်ကို အစပြုကြပါ တယ်။
 
တိုင်ပေမြို့ကိုရောက်တဲ့သူအတွက် ထိပ်ဆုံးကလည်ပတ်တဲ့နေရာတွေမှာတော့ Chiang Kai Shek Memorial Hall ကလည်း လည်ပတ်သူများပါတယ်။
 
(၁) Chiang Kai Shek Memorial Hall
 
အမျိုးသားအထိမ်းအမှတ် အဆောက်အဦတစ်ခုဖြစ်ပြီး အရင်ကသမ္မတဟောင်းတစ်ဦးဖြစ်တဲ့ Chaing Kai-shek ရဲ့ အမှတ်တရ အဆောက်အဦဖြစ်ပြီး ဒီနေရာမှာတော့ ပြောင်မြောက်တဲ့ ဗိသုကာလက်ရာကို ကြည့်ရှုခံစားရမှာဖြစ်ပါ တယ်။
 
အဲဒါပြီးရင်တော့ ထိုင်ဝမ်ရဲ့ မြို့တော် တိုင်ပေမှာ လူအများ ထပ်သွားလေ့ရှိတာက ၁၀၁ ထပ် အဆောက်အဦဖြစ်ပါတယ်။
 
(၂) Taipei 101
 
Taipei 101 Tower ပေါ်ကနေဆိုရင် တိုင်ပေမြို့ရဲ့အလှကို အပေါ်စီးကနေ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒီတာဝါဟာ မြို့တော် တိုင်ပေရဲ့ အထင်ကရ အဆောက်အဦအဖြစ်ရှိနေပြီး အချက်အလက်တွေအရ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတစ်ခု ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
 
တာဝါကိုတက်ဖို့ အမြန်ဓါတ်လှေကားတပ်ဆင်ထားပြီး အဆောက်အဦရဲ့ ၈၉ ထပ်မြောက်ဟာဆိုရင် မှန်အပြည့်ခန်းဖြစ်ပြီး မြင်ကွင်းကျယ်ရှုခင်းကို ကြည့်ရှုရာနေရာလည်း
ဖြစ်ပါတယ်။
 
အဆောက်အဦအတွင်း အမှတ်တရပစ္စည်းဆိုင်၊ လက်ဝတ်ရတနာဆိုင်တွေ၊ Shopping Mall တွေနဲ့ စားသောက်တန်းတွေလည်းရှိနေလို့ လည်ပတ်ဖို့အဆင်ပြေတဲ့နေရာလို့ ဆိုနိုင်ပါတယ်။
 
ဒါပြီးရင်တော့ နောက်ထပ်သွားသင့်တဲ့နေရာက Yahliu Geo Park ပါ။ ကျောက်ဆောင်တွေနဲ့ တော်တော်လေးကို သာယာလှပတဲ့ နေရာတစ်ခုဖြစ်ပြီး ဒီနေရာက ကျောက်ဆောင်တွေထဲ ဘုရင်မဦးခေါင်းပုံ ကျောက်ဆောင်ကတော့ လူသိများတာလည်းဖြစ်ပါတယ်။
 
(၃) Yahliu Geo Park
 
ဒီနေရာမှာတော့ ရေသံ၊ လေသံတွေနဲ့ ပြည့်နေပြီး လမ်းလျှောက်ပြီး လေညှင်းခံဖို့ ကောင်းပါတယ်။ဒါ့အပြင် ဓာတ်ပုံရိုက်ဝါသနာပါသူတွေအတွက်တော့ ကျောက်ဆောင်တွေနဲ့ ရေပြင်လည်းရှိတာကြောင့် တော်တော်လေးလှတဲ့ နေရာလည်းဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
 
(၄) Yehliu Ocean World
 
အဲဒီနေရာမှာတော့ လင်းပိုင်လေးတွေနဲ့ ဖျံလေး တွေရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုနိုင်မယ့် Yehliu Ocean World က အဆင်သင့်ရှိနေတာဖြစ်ပါတယ်။ဒီနေရာလေးမှာ လူနဲ့ ဖျံလေးတွေ၊လင်းပိုင်လေးတွေရဲ့ ပူးပေါင်းတင်ဆက်မှုမျိုးစုံ တွေကို ချစ်စဖွယ်တွေ့ရမှာဖြစ်သလို Ocean World ဖြစ်တာနဲ့အညီ ရေနေသတ္တဝါမျိုးစုံကိုလည်း ပြသထားတဲ့ နေရာလည်းဖြစ်ပါတယ်။ 
 
ခရီးသွားတွေဟာ မိမိရဲ့ကလေးတွေပါဝင်ခဲ့ရင် အဏ္ဏဝါမြင်ကွင်းနဲ့ ချစ်စဖွယ်ဖျော်ဖြေပွဲတွေရှိတဲ့ အတွက် သွားလာသင့်တဲ့ နေရာဖြစ်ပါတယ်။
 
တစ်ခါ စျေးဝယ်တာကြိုက်တဲ့သူအတွက် Shopping ထွက်ဖို့လည်း ထိုင်ဝမ်ရဲ့ မြို့တော် တိုင်ပေမှာ နေရာပေါပေါများများ ရှိနေပါသေးတယ်။
 
ခရီးစဉ်ရဲ့ ခပ်စောစောမှာပဲ ခေတ်မီတဲ့ တိုင်ပေမြို့ထဲက Ximending ဟာ အများစု စျေးဝယ်လှည့်လည် ကြည့်ရှုကြတဲ့ နေရာဖြစ်ပါတယ်။
 
(ဆက်လက်ဖော်ပြပါမည်။)
 
မိုးသား