【 နိုင်ငံတကာဆောင်းပါး 】 ပင်လယ်ထဲက ငါးမွေးသင်္ဘောကြီး

【 နိုင်ငံတကာဆောင်းပါး 】 ပင်လယ်ထဲက ငါးမွေးသင်္ဘောကြီး

ကမ္ဘာပေါ်မှာ နေ့စဉ်တိုးပွားလာနေတဲ့ လူဦးရေအတွက် စားနပ်ရိက္ခာ လိုအပ်မှုကလည်း ဆက်လက်တိုးလာနေပါတယ်။

နေ့စဉ်တိုးလာနေတဲ့ လူသားတွေရဲ့ စားသောက်ရေးအတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှာ ဆက်လက်တည်ရှိလာပါတယ်။

ကမ္ဘာပေါ်မှာ လူဦးရေများပြားတဲ့ နိုင်ငံတွေထဲမှာပါဝင်တဲ့ တရုတ်နိုင်ငံမှာဆိုရင်လည်း စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် မွေးမြူရေးလုပ်ငန်းတစ်ခုရှိပါတယ်။အဲဒါကတော့ ပင်လယ်ရေနက်ထဲက သင်္ဘောပေါ်မှာ ငါးမွေးမြူခြင်း အကောင်အထည်ဖော်တဲ့ သင်္ဘောကြီးပဲဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာ့ပထမဆုံး တန်ချိန် တစ်သန်းရှိတဲ့ စမတ်ငါးလုပ်ငန်း အကြီးစား မွေးမြူရေးလုပ်ငန်းသုံး သင်္ဘောကြီးပဲဖြစ်ပါတယ်။ပင်လယ်ထဲမှာရှိတဲ့ ငါးမွေးမြူရေးသင်္ဘောကြီးရဲ့ အရှည်က ၂၄၉ . ၉ မီတာရှိပြီးတော့ သင်္ဘောတစ်ခုလုံးမှာ ငါးမွေးမြူရေးကန်ပေါင်း ၁၅ ခု ပါရှိတယ်လို့ သိရပါတယ်။ ကုဗမီတာ ၉ သောင်းနီးပါးရှိပြီးတော့ စံချိန်မီရေကူးကန် ၃၆ ကန်နဲ့ အရွယ်အစားညီမျှတဲ့ ငါးမွေးကန်တွေပဲဖြစ်ပါတယ်။အဲဒီမွေးမြူရေးသင်္ဘောကြီးဟာ ကမ်းစပ်နဲ့ ကီလိုမီတာ ၁၀၀ ကျော် ကွာဝေးတဲ့ ပင်လယ်ပြင်ပေါ်မှာ အကြီးစား ရေစွန့်ထုတ်စက်ကိရိယာနဲ့ မွေးမြူရေးကန်ကို ၂၄ နာရီမပြတ် ရေလဲလှယ်ပေးကာ လတ်ဆတ်တဲ့ ပင်လယ်ရေဖြစ်နေအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ဒါ့အပြင် စက်ယန္တရား၊ အလိုအလျောက် စက်ပစ္စည်းတွေ အသုံးပြုပြီးတော့လည်း ငါးတွေကို ငါးစာအရေအတွက်နဲ့ အချိန်သတ်မှတ်ပြီးတော့ အစာကျွေးတဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။

အဆိုပါငါးမွေးသင်္ဘောကြီးကို ဗဟိုမှ ထိန်းချုပ်ကာ ရေအခြေအနေ၊ အောက်ဆီဂျင်အခြေအနေ၊ အလင်းရောင်အခြေအနေနှင့် စမတ်နည်းပညာသုံး မွေးမြူရေးကန်တွင်းသို့ အစာကျွေးသည့်အခြေအနေများကို အချိန်ကိုက်ကြည့်ရှုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပါတယ်။ဒါ့အပြင် သင်္ဘောပေါ်မှာပဲ ကုန်ချောအလုပ်ရုံလည်း ရှိပါသေးတယ်။သင်္ဘောပေါ်မှာတင် ရေစုပ်ထုတ်ပြီးတော့ လတ်ဆတ်တဲ့ ကုန်ချောပြုလုပ်မှုကို တိုက်ရိုက်ရွေးချယ်ပြုလုပ်နိုင်သလို အမြန်အေးခဲလမ်းကြောင်းကနေ အေးခဲကုန်ချောအဖြစ်လည်း ထုတ်လုပ်နိုင်ပါတယ်။ဒါမှမဟုတ် ရေခဲနဲ့ ငါးကို အလုံပိတ်ပြီးတဲ့နောက် ကုန်ချောစက်ရုံကို ပို့ဆောင်ကာ ကုန်ချောထုတ်နိုင်မှာဖြစ်ပါတယ်။

မွေးမြူရေးသင်္ဘောတစ်စင်းဟာ တစ်နှစ်ကို တရုတ်ယွမ် သန်း ၆၀ ဝန်းကျင် အမြတ်ငွေရရှိနိုင်ပြီး ပထမဆုံး မွေးမြူရေးသင်္ဘောရဲ့ နှစ် ၂၀ သက်တမ်းအရ တွက်ကြည့်ရင် သူထုတ်လုပ်နိုင်တဲ့ စီးပွားရေးတန်ဖိုးဟာ အလွန်များပြားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။အဲဒီမွေးမြူရေးသင်္ဘောကြီးပေါ်မှာ စုစုပေါင်း သင်္ဘောသား ၃၅ ဦးပါရှိပြီး နှစ်စဉ် ငါးထွက်နှုန်းဟာ တန်ချိန် ၃၇၀၀ အထိ ရှိနိုင်တာကြောင့် ပျမ်းမျှအားဖြင့် လူတစ်ဦးကို တစ်နှစ် ငါးတန်ချိန် ၁၀၀ မွေးမြူရရှိနိုင်တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှာ တည်ဆောက်နေဆဲ မွေးမြူရေးသင်္ဘော ၆ စင်းရှိနေတာကြောင့် ပင်လယ်ရေနက်ပေါ်မှာ ပိုမိုများပြားတဲ့ ပင်လယ်ရိက္ခာဂိုဒေါင်တွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

အခုလို မွေးမြူရေးသင်္ဘောကြီးတွေ ဆက်လက်တည်ဆောက်ပြီးစီးတဲ့ အချိန်ဆိုရင် လူသားတွေရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ကိုလည်း များစွာဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။

ခန့်မောင်