【 နိုင်ငံတကာဆောင်းပါး 】 ‘ရီ’ လူမျိုးများ၏ ပန်းထိုးပညာ

【 နိုင်ငံတကာဆောင်းပါး 】 ‘ရီ’ လူမျိုးများ၏ ပန်းထိုးပညာ

တရုတ်နိုင်ငံရဲ့ ရှေးအကျဆုံး လူမျိုးစုတွေထဲမှာ ‘ရီ’ လူမျိုးစုတွေဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

‘ရီ’ လူမျိုးစုတွေဟာ တရုတ်နိုင်ငံထဲက ယူနန်ပြည်နယ်နဲ့ စီချွမ်ပြည်တို့မှာ အများဆုံးနေထိုင်ကြပါတယ်။

လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ကျော်ကတည်းက တည်ရှိခဲ့တဲ့  ‘ရီ’ လူမျိုးတွေရဲ့ ရိုးရာပန်းထိုးပညာကလည်း လူသိများ ထင်ရှားလှပါတယ်။ရီပန်းထိုးမှုပညာဟာ တရုတ်မြေပေါ်မှာ နှစ်ပေါင်းထောင်ကျော် တောက်ပနေသော ယဉ်ကျေးမှုရတနာတစ်ခုဖြစ်ပါတယ်။

ကျယ်ပြောလှသော  ‘ရီ’ လူမျိုး ယဉ်ကျေးမှု ရတနာသိုက်ထဲတွင် ‘ရီ’ လူမျိုး ပန်းထိုးထည်များဟာ ရီလူမျိုးသားသမီးများ ဂုဏ်ယူရသော လက်ထိပ်ဖျားက အနုပညာဖြစ်ပါတယ်။

‘ရီ’ လူမျိုး မိသားစုများကလည်း ‘ရီ’ လူမျိုး မိန်းကလေးများဟာ “အပ်ကိုင်တတ်တယ်၊ ပန်းထိုးတတ်တယ်” ဆိုတာကို မကြာခဏဂုဏ်ယူစွာပြောလေ့ရှိပါတယ်။  

“စုံလင်ဆန်းပြား အရောင်အသွေးများ၊ များသာများနိုင် မနည်းနိုင်ခြေ” ဟူသည့် ‘ရီ’ လူမျိုး ပန်းထိုးအတတ်ပညာတွင် ရှေးယခင်ကတည်းကပင် လက်ဆင့်ကမ်းလာခဲ့သော အရောင်စပ်သည့် ရိုးရာဖြစ်ပါတယ်။ရွေးချယ်လေ့ရှိသော အရောင်စပ်များမှာ များသောအားဖြင့် ကမဲလီးယားပန်းနီရောင်၊ ခရမ်းနက်ရောင်၊ ပန်းရောင်နှင့် အနီရဲရဲ၊ အစိမ်းရောင်၊ အဝါရောင် စသည့် အရောင်များကို အဓိကထားကာ အောက်ခံအရောင်နှင့် ယှဉ်တွဲတောက်ပနေပြီး ‘ရီ’ လူမျိုးတို့၏ ပွင့်လင်းဖော်ရွေမှုအသွင်ကို ဖော်ဆောင်လို့နေပါတယ်။

ယခုနှစ်ထဲမှာပဲ ‘ရီ’ လူမျိုး ရိုးရာပန်းထိုးထည်များဖြင့် ကျေးလက်နေ အမျိုးသမီးများအလှကို မျှဝေခြင်း (Yi ethnic embroidery shares glowing beauty with rural women) ခေါင်းစဉ်ဖြင့် ယူနန်ပြည်နယ်၊ ချူရှုံ၊ ‘ရီ’ လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးပြည်နယ်ခွဲ၊ ရီချည်ထိုးအဝတ်အထည်မိတ်ဆက်ပွဲကို အီတလီနိုင်ငံ၊ မီလန်မြို့မှာ ကျင်းပခွင့်ရခဲ့ပါတယ်။ဒါကလည်း ချူရှုံ၊ ရီပန်းထိုးထည်များကို ပေကျင်းဖက်ရှင်ရက်သတ္တပတ်၊ ရှန်ဟိုင်းဖက်ရှင်ရက်သတ္တပတ်၊ နယူးယောက်ဖက်ရှင်ရက်သတ္တပတ် စင်မြင့်ပေါ်တွင် တင်ဆက်ပြသပြီးနောက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ရက်သတ္တပတ်ကြီးလေးခုတွင် ထပ်မံပါဝင်လာခြင်းဖြစ်ပါတယ်။

အရောင်အသွေးစုံလင်သော မီးရောင်စုံနှင့် စည်းချက်ညီညီ တေးသီချင်းများနှင့်အတူ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အငွေ့အသက်များပါဝင်သည့် ရီပန်းထိုးထည်များ ခေတ်မီအဝတ်အထည်များ အစုံ ၄၀ ကို တောက်ပစွာ စင်မြင့်ထက်မှာ ပြသခဲ့ပါတယ်။၎င်းတို့ဟာ တုနှိုင်း၍မရသော ခေတ်မီသော ခံစားချက်နှင့် အနုပညာခံစားချက်များဖြင့် ဂန္ထဝင်နှင့် ခေတ်မီမှု ပေါင်းစပ်ထားသော မော်ဒယ်ရှိုးပွဲတစ်ပွဲကို စင်မြင့်ထက်တွင် တင်ဆက်ပြသသွားပြီး ပွဲတက်ဧည့်သည်တော်များအတွက် အမြင်ရှုခင်းပဒေသာတစ်ခုကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

ဒါကတော့ လွန်ခဲ့သည့် နှစ်ပေါင်းတစ်ထောင်ကျော်မှ ယနေ့အထိ၊ ကျေးလက်စင်မြင့်သေးလေးမှ နိုင်ငံတကာဖက်ရှင်မြို့တော်အထိ ချူရှုံ၊ ရီပန်းထိုးလက်ရာများက ထိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။မူလအစစ်အမှန်ပုံစံမှ နိုင်ငံတကာအထိ ပြောင်းလဲလာမှုပင်ဖြစ်ပါတယ်။ချူရှုံ၊ ရီပန်းထိုးမှုပညာဟာ သမိုင်းမြစ်ရေစီးကြောင်းမှာ နှစ်ပေါင်း ၁၇၀၀ ကျော် လက်ဆင့်ကမ်းလာခြင်းဖြစ်ပါတယ်။

အခုအခါမှာတော့ တရုတ်နိုင်ငံနိုင်ငံရဲ့ ထူးချွန်သော ယဉ်ကျေးမှုများအပေါ် လက်ဆင့်ကမ်းထိန်းသိမ်းမှုနှင့် ဆန်းသစ်တီထွင်စွာ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်မှုကြောင့် ချူရှုံ၊ ရီချည်ထိုးမှုပညာဟာ “လက်ထိပ်ဖျားက အနုပညာ” ကနေ “လက်ထိပ်ဖျားက စီးပွားရေး” ဖြစ်လာပြီး ယွမ်ကုဋေချီသော လုပ်ငန်းများကို ပေးစွမ်းနိုင်နေပြီ ဖြစ် ပါတယ်။

၂၀၂၂ ခုနှစ် ချူရှုံ၊ ရီပန်းထိုးလုပ်ငန်းသည် တရုတ်ယွမ်ငွေ သိန်း ၂၄၅၀ တန်ဖိုး မြင့်တက်လာခဲ့ပါတယ်။ယခုနှစ် ပထမနှစ်ဝက်မှာတော့ ရီပန်းထိုးလုပ်ငန်းသည် တရုတ်ယွမ်ငွေ သိန်း ၁၁၀၀ တန်ဖိုး မြင့်တက်လာခဲ့သလို ချူရှုံတစ်မြို့လုံးရှိ ပန်းထိုးသူပေါင်း ၅၇,၀၀၀ ကျော်၏ ပျမ်းမျှ နှစ်စဉ်ဝင်ငွေသည်လည်း တရုတ်ယွမ် ၃၁၈၀ တိုးလာကာ မသန်မစွမ်း ပန်းထိုးသူ ၁၂၀၀ ကျော် လုပ်ငန်းခွင်ဝင်လာစေတယ်လို့ ဆိုပါတယ်။

ပန်းထိုးသူ ထောင်သောင်းကျော်သည်လည်း ယဉ်ကျေးမှုဖြင့် အသက်မွေးဝမ်းကျောင်းလာနိုင်ကာ ကြီးပွားရေး လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းလာခဲ့ခြင်းဖြစ်ပါတယ်။တရုတ်ယဉ်ကျေးမှုတွေထဲက တစ်ခုဖြစ်တဲ့ ‘ရီ’ လူမျိုးတွေရဲ့ ပန်းထိုးပညာဟာ လက်ဆင့်ကမ်း၍ ဆန်းသစ်တီထွင်မှုများတွင် အဆက်မပြတ်တိုးတက်လာပြီး အခုအခါမှာတော့ ခေတ်နှင့်အညီ ပြောင်းလဲမှုများကြားမှာ အဆင့်မြင့်တက်လာခြင်းဖြစ်ပါတယ်။

‘ရီ’ လူမျိုး ပန်းထိုးထည်များဟာ ရှေးဟောင်းရိုးရာဓလေ့များဖြင့် ပြည့်နှက်နေပြီး အရောင်အသွေးကွဲပြား စုံလင်ကာ ထူးကဲလှပနေသလို ‘ရီ’ လူမျိုး ပြည်သူတို့၏ ယဉ်ကျေးမှုအတွေးအခေါ်၊ လူနေမှုရသ၊ ရိုးရာဓလေ့၊ ယုံကြည်ကိုးကွယ်မှု စသည်တို့ကိုလည်း ဖော်ပြနေပါတယ်။

ထို့အတူ ‘ရီ’ လူမျိုး မျိုးဆက်တို့၏ ရောင်စုံဘဝ လှပသော ရည်မှန်းချက်များ ထမ်းရွက်သယ်ပိုးကာ နှစ်ထောင်ချီသော ‘ရီ’ လူမျိုး ယဉ်ကျေးမှုသမိုင်း၏ လေးနက်လှသော လျှို့ဝှက်ဆန်းကြယ်မှုများကလည်း ‘ရီ’ လူမျိုး ပန်းထိုးထည်များထဲမှာ စီးမျောပါဝင်နေတာဖြစ်ပါတယ်။

ခန့်မောင်