【 ပြည်တွင်း 】 တာချီလိတ်မှ ရန်ကုန်သို့ ပျံသန်းလာသည့် လေယာဉ်ပေါ်မှာ မိန်းကလေးတစ်ဦး မွေးဖွားခဲ့

【 ပြည်တွင်း 】 တာချီလိတ်မှ ရန်ကုန်သို့ ပျံသန်းလာသည့် လေယာဉ်ပေါ်မှာ မိန်းကလေးတစ်ဦး မွေးဖွားခဲ့

ရန်ကုန်၊ သြဂုတ် - ၂၅

တာချီလိတ်မှ ရန်ကုန်သို့ ပျံသန်းသည့် လေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမွေးဖွားမှု ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းထံမှ သိရပါတယ်။

သြဂုတ် ၂၄ ရက်၊ ညနေ ၅ နာရီ ၄၅မိနစ်ခန့်တွင် တာချီလိတ်မှ ရန်ကုန်သို့ ပျံသန်းသည့် Air KBZ လေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာ ကိုယ်ဝန်သည်တစ်ဦး ရေမွှာပေါက်ပြီး ဗိုက်နာလာတာကြောင့် တာချီလိတ်လေဆိပ်သို့ ပြန်လည်ဆင်းသက်ချိန် လေယာဉ်ပေါ်ပဲ  မွေးဖွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ လေယာဉ်ပေါ်တွင် မွေးဖွားခဲ့တဲ့ မွေးကင်းစကလေးနှင့် မွေးလူနာအား ခဲရခဲစစ်သယ်ဆောင်၍ နီးစပ်ရာ ကောင်းမြတ်ဆေးခန်းသို့ လိုက်ပါပို့ဆောင် ကူညီပေးခဲ့ကြရတယ်လို့လည်း ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်းရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။  

လေယာဉ်ပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး မိခင်ရော၊ ကလေးပါ ကျန်းမာတယ်လို့ သိရပါတယ်။

အဆိုပါခရီးစဉ်အတွင်း လေယာဉ်ပေါ်မှာပါလာကြတဲ့ ခရီးသည်တွေကလည်း မီးဖွားမှုဖြစ်စဉ်အတွင်း ဝိုင်းဝန်းကူညီပေးနေကြတဲ့ ရုပ်သံဖိုင်ကလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။  

အောင်အောင်
Photo - ဦးလှမိုး (တာချီလိတ်) လူမှုကူညီရေးအသင်း