【နိုင်ငံတကာ】ဒဏ္ဍာရီလာဂန္ထဝင်စာပေများနှင့် AI တွေ့ဆုံခြင်း၊ China Media Group (CMG) မှ AI လက်ရာသစ်များ ထုတ်ပြန်

【နိုင်ငံတကာ】ဒဏ္ဍာရီလာဂန္ထဝင်စာပေများနှင့် AI တွေ့ဆုံခြင်း၊ China Media Group (CMG) မှ AI လက်ရာသစ်များ ထုတ်ပြန်

ပေကျင်း၊ မတ် ၂၈ 
မတ်လ ၂၇ ရက်နေ့တွင် China Media Group (CMG) မှ Boao Forum For Asia မှာ AI လက်ရာသစ် မိတ်ဆက်ပွဲကျင်းပခဲ့ပါတယ်။ China Media Group (CMG) မှ ရိုက်ကူးသော တရုတ်ရှေးဂန္ထဝင်စာပေ ရှင်းလင်းချက်၊ တရုတ်နိုင်ငံ ရှေးဂန္ထဝင်ဒဏ္ဍာရီလာ အဓိပ္ပာယ်ဖော်ဆောင်တဲ့ AI ရုပ်ရှင်လက်ရာသစ်များကို ပရိသတ်များအား ချပြခဲ့ပါတယ်။ ကမ္ဘာအရပ်ရပ် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ လာရောက်တဲ့ သတင်းထောက်များကို  ဒီပွဲမှာ ထက်မြက်တဲ့တရုတ်ရိုးရာယဉ်ကျေးမှုနဲ့ AI နည်းပညာတို့ရဲ့ “အံ့ဩဖွယ်ရာ တွေ့ဆုံမှု” ကို မျက်မြင်သက်သေပြခဲ့ကြောင်း China Media Group သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
 
မိတ်ဆက်ပွဲမှာ CGTN မှ ဘာသာပြန်ပြုစုထားသော တရုတ်နိုင်ငံရဲ့ပထမဆုံး AI ဖြင့် ဇာတ်လမ်းအစအဆုံး “တရုတ်ဒဏ္ဍာရီ” (China Myth) ကို ဘာသာစကားအမျိုးမျိုးဖြင့် China Media Group (CMG) မှာ ကြေညာခဲ့ပါတယ်။ ၎င်းရဲ့အင်္ဂလိပ်ဗားရှင်းဟာ မတ်လ ၂၇ ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ပထမဆုံး ဖြန့်ချိသွားခဲ့ပါတယ်။ CCTV ရုပ်သံဌာန၊ China Media Group ဉာဏ်ရည်တုစမတ်အလုပ်ရုံနဲ့ ချင်းဟွာတက္ကသိုလ် သတင်းနှင့်အသံလွှင့်ဘာသာရပ်ဌာန Metaverse ယဉ်ကျေးမှုသုတေသနတို့ အတူပူးပေါင်းပြီး ထုတ်လုပ်ခဲ့သော ဒီဇာတ်ကားဟာ စုစုပေါင်း အပိုင်း ၆ ပိုင်း ပါဝင်ပါတယ်။ ဒီဇာတ်ကား ရဲ့ ရုပ်ပုံ၊ ဇာတ်လမ်းဇာတ်ကွက်၊ ဗီဒီယို၊ အသံသွင်း၊ နောက်ခံတေး အရာအားလုံးကို AI ဖြင့် အစအဆုံး ပြုလုပ်ထားကြောင်း သိရပါတယ်။ 
မိတ်ဆက်ပွဲမှာ China Media Group လက်ထောက်အယ်ဒီတာချုပ်နှင့် CGTN အယ်ဒီတာချုပ်ဖြစ်သူ  Mr. Fan Yun က China Media Group ရဲ့ AI အသုံးပြုမှု၊ အကြောင်းအရာလက်တွေ့အကောင်အထည်ဖော် မှု၊ နည်းပညာဆန်းသစ်တီထွင်မှု၊ အသုံးပြုမှုအတိုင်းအတာ အစရှိသည့် ကဏ္ဍများအပေါ် စူးစမ်းလေ့လာမှုများ မိတ်ဆက်သွားခဲ့ကြောင်း သိရပါတယ်။