【နိုင်ငံတကာ】ရှီကျင့်ဖျင်သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အရေးကြီး မိန့်ခွန်းပြောကြား

【နိုင်ငံတကာ】ရှီကျင့်ဖျင်သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ အရေးကြီး မိန့်ခွန်းပြောကြား

ပေကျင်း၊ ဇန်နဝါရီ ၈
ဇန်နဝါရီလ ၈ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သော အကြိမ် ၂၀မြောက် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ စည်းမျဉ်းစည်း ကမ်း ကြပ်မတ်ရေး ကော်မရှင် တတိယ အကြိမ် မျက်နှာစုံညီ အစည်းအဝေးတွင် ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း China Media Group သတင်းမှာ ဖော်ပြထားပါတယ်။ 
 တရုတ် ကွန်မြူနစ်ပါတီသည် ၁၀နှစ်တာ ခေတ်ကာလသစ်တွင် မလျှော့သောဇွဲဖြင့် အားကောင်းစွာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြုလုပ်ခြင်းကြောင့် အောင်မြင်မှုများစွာ ရရှိပြီး ဘက်စုံ ခိုင်မာစေကြောင်း၊ သို့သော် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အခြေအနေသည် တင်းမာခက်ခဲနေသေးကြောင်း ရှီကျင့်ဖျင်က ဆိုပါတယ်။ 
ဒါ့အပြင်  မိမိတို့သည် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးတွင် ရင်ဆိုင်နေရသော အခြေအနေသစ် အပေါ် နားလည်သဘော ပေါက်ပြီး အဂတိ လိုက်စားမှု ဖြစ်စေသည့် ပတ်ဝန်းကျင်နှင့် အခြေအနေ အပေါ် ရှင်းရှင်းလင်းလင်း သိမြင်ကာ အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ရေရှည် တိုက်ပွဲတွင် အောင်ပွဲခံနိုင်ရန် ပြတ်ပြတ်သားသား ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။