【နိုင်ငံတကာ】အမေရိကန်က TikTok ပိတ်ပင်လျင် သိထားရမည့် အချက်များ

【နိုင်ငံတကာ】အမေရိကန်က TikTok ပိတ်ပင်လျင် သိထားရမည့် အချက်များ

နယူးယောက်၊ ဧပြီ ၂၅ 
     
Tiktok သည် အမေရိကန်အသုံးပြုသူများ၏ဖုန်းမှ ချက်ခြင်း ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ပိတ်ပင်ပြီးနောက် ဆက်လက်အသုံးပြုသောကြောင့် ထောင်ကျမည်လည်း မဟုတ်ပေ။
     
တရုတ်ပိုင် ထိုအပလီကေးရှင်းကို ပိတ်ပင်ရန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် အပါအဝင် နှစ်ပေါင်း များစွာ အားထုတ်ပြီးနောက် ထိုအပလီကေးရှင်းကို တရားမဝင်ကြောင်းကြေညာမည့် အစီအမံသည် ကွန်ဂ ရက်၏ ထောက်ခံမှုရရှိပြီး လက်မှတ်ရေးထိုးရန်အတွက် ဘိုင်ဒင်ထံပေးပို့တော့မည်ဖြစ်ပါတယ်။
     
ထိုအစီအမံအရ TikTok ၏ ပေကျင်းအခြေစိုက် မိခင်ကုမ္ပဏီဖြစ်သော ByteDance အနေဖြင့် ကုမ္ပဏီကို ရောင်းချရန် အချိန် ၉ လပေးမည်ဖြစ်ပြီး ရောင်းချမှုတိုးတက်သော်လည် မပြီးပြတ်ပါက နောက် ထပ် ၃ လ အချိန်ရမည်ဖြစ်ပါတယ်။ထိုသို့ဖြစ်မလာပါက TikTok ကို ပိတ်ပင်မည်ဖြစ်ပါတယ်။ ထို့ကြောင့် အမေရန်ကန် TikTok အသုံးပြုသူများ၊ TikTok အသုံးပြုသူများ၏ မိဘများ အတွက် မည်သို့သက်ရောက် မည်နည်း။
 
ပိတ်ပင်မှု မည်သည့်အချိန်တွင် အသက်ဝင်မည်နည်း
 
အနည်းဆုံး တနှစ်ကြာမှ သက်ဝင်မည်ဖြစ်ပါတယ်။  သို့သော် တရားရင်ဆိုင် အငြင်းပွားမှုများ ကြောင်း ထိုထက်မက နှစ်ပေါင်းများစွာကြာနိုင်ပါတယ်။TikTok သည် ယခင်က တရားစွဲဆိုသောအမှုများတွင် အောင်မြင်မှုအချို့ရသော်လည်း ယခုဖက်ဒရယ် ဥပဒေကို တားဆီးရန်မည်သည့်အခါကမျှ မလုပ်ခဲ့ပေ။
 
ဒေါင်းလုပ် လုပ်ထားလျှင် မည်သို့ဖြစ်မည်နည်း
 
အမေရိကန်နိုင်ငံသား သန်း ၁၇၀ ကျော်အသုံးပြုသော TikTok သည် ပိတ်ပင်မှုသက်ဝင်ချိန်တွင် ဖုန်းများမှ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ သို့သော် Apple နှင့် Google အပလီကေးရှင်းစတိုးများမှ ပျောက်ကွယ်သွားသောကြောင့် ဒေါင်းလုပ် လုပ်ရတော့မည်မဟုတ်ပေ။ ထို့ကြောင့် TikTok သည် Updates ၊ လုံခြုံရေး အစီအမံများနှင့် ပြဿနာဖြေရှင်းမှုများကို မပေးပို့နိုင်တော့ဘဲ ရေရှည်တွင် သုံးမရအောင် ဖြစ်သွား မည်ဖြစ်ပါတယ်။
 
ကျော်လွှားရန် နည်းလမ်းများရှိ
 
လူမှုကွန်ရက်တွင် ဆယ်ကျော်သက်များသည် မိဘထိန်းချုပ်မှုနှင့် ပိတ်ပင်မှုများကို ကျော်လွှားသည့် နည်းလမ်းရှာရာတွင် ကျော်ကြားပါတယ်။ ထိုကြောင့် အမေရိကန် အစိုးရက ပိတ်ပင်ခြင်းကို ကျော်လွှားရန် မဖြစ်နိုင်သည်မဟုတ်ပေ။ VPN သုံးနိုင်သည်၊ အခြား အပလီကေးရှင်းစတိုး သုံးနိုင်သည်။ ပြည်ပဆင်းမ်ကဒ် ပင် သုံးနိုင်ကြောင်းဆိုပါတယ်။
 
စိုးချစ်
 
သတင်းရင်းမြစ်- AP