【 နိုင်ငံတကာ အနုပညာ 】 ကင်မရွန်းဒီယက်ဇ်နှင့် ဘန်ဂျီမက်ဒန်း သားတစ်ယောက် ဖွားမြင်မည်

【 နိုင်ငံတကာ အနုပညာ 】 ကင်မရွန်းဒီယက်ဇ်နှင့် ဘန်ဂျီမက်ဒန်း သားတစ်ယောက် ဖွားမြင်မည်

နယူးယောက်၊ မတ် - ၂၅

မင်းသမီး ကင်မရွန်းဒီယက်ဇ်နှင့် ခင်ပွန်းသည် ဂီတသမား ဘန်ဂျီမက်ဒန်းတို့က ၎င်းတို့သည် သားငယ် ကာဒီနယ် မက်ဒန်းကို မိသားစုအတွက် မွေးဖွားတော့မည်ဖြစ်ကြောင်း ကြေညာလိုက်လိုက်ပါတယ်။

ထိုဇနီးမောင်နှံက ထိုသတင်းကို သောကြာနေ့က အင်စတာဂရမ်ပို့စ်တွင် ကြေညာခြင်းဖြစ်ပါတယ်။

“သူက အရမ်းအံ့သြစရာကောင်းပြီး သူမိသားစုထဲရောက်လာလို့ အရမ်းပျော်ရတယ်။ကလေးရဲ့ လုံခြုံရေးနဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်အတွက် ဘာပုံမှ မတင်တော့ဘူး” ဟု ထိုပို့စ်တွင်ရေးသားပြီး ကာဒီနယ်သည် လွန်စွာချစ်စရာကောင်းကြောင်း ဆက်လက်ရေးသားခဲ့ပါတယ်။

“ကျမတို့တွေ အရမ်းဝမ်းသာ ပျော်ရွှင်တယ်” ဟုလည်း ထိုပို့စ်တွင် ဆက်လက်ရေးသားပြီး “ငှက်ကလေးတစ်ကောင်က တီးတိုးလေး ပြောသွားတယ်” ဟုလည်း ရေးသားထားပါတယ်။

ဒီယက်ဇ်နှင့် မက်ဒန်းတို့သည် ၎င်းတို့၏ သမီး ရက်ဒစ်ကို ၂၀၂၀ ခုနှစ်တွင် မွေးဖွားစဉ်ကလည်း အင်စတာဂရမ်မှ ကြေညာခဲ့ဖူးပါတယ်။ထိုစဉ်ကလည်း မိသားစုလွတ်လပ်မှုကို ထိန်းသိမ်းရန် မည်သည့်ပုံကိုမျှ မျှဝေမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် -  AP