【 နိုင်ငံတကာ အနုပညာ 】 အန်ဂျလီနာ ဂျိုလီ၏ ရှေ့နေများက ဘရက်ပစ်နှင့်ပတ်သက်ပြီး တိုင်ကြားချက်အသစ်များဖြင့် တရားစွဲဆို

【 နိုင်ငံတကာ အနုပညာ 】 အန်ဂျလီနာ ဂျိုလီ၏ ရှေ့နေများက ဘရက်ပစ်နှင့်ပတ်သက်ပြီး တိုင်ကြားချက်အသစ်များဖြင့် တရားစွဲဆို

လော့စ်အိန်ဂျလိစ်၊ ဧပြီ - ၅

အန်ဂျလီနာ ဂျိုလီ၏ ရှေ့နေများက ဘရက်ပစ်နှင့်ပတ်သက်ပြီး ၎င်း၏အတိတ်က  ရိုင်းစိုင်းသော ကျူးလွန်မှုများအကြောင်းကို တိုင်ကြားချက်အသစ်များ ပြုလုပ်ခဲ့ပါတယ်။

ဂျိုလီ၏ တရားရေးအဖွဲ့သည် ဂျိုလီနှင့် ပစ် နှစ်ဦးပိုင် ပြင်သစ်ဝိုင်စက်ရုံ Chateau Miraval နှင့်ပတ်သက်ပြီး ပစ်နှင့် ဆက်လက် တရားဝင် တိုက်ပွဲဝင်နေမှုကို အထောက်အကူဖြစ်စေရန် ဧပြီ ၄ ရက် ကြာသပတေးနေ့တွင် ၎င်းတိုင်ကြားချက်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

People မဂ္ဂဇင်းမှရရှိသော တိုင်ကြားချက်တွင် ဂျိုလီ၏ ရှေ့နေများက ပစ်သည် ၂၀၁၆ ခုနှစ် ကွာရှင်းပြတ်စဲခြင်းမပြုမီ လေယာဉ်ပေါ်တွင်ဖြစ်ခဲ့သည့် ကလေးများနှင့် အခင်းအကျင်းတွင် ဂျိုလီအား ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့သည်ဟု ဆိုပါတယ်။

“ဂျိုလီအပေါ် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပစ်ရဲ့ သမိုင်းကြောင်းအစက မိသားစုလိုက်  ၂၀၁၆ ခုနှစ် စက်တင်ဘာလ ပြင်သစ်ကနေ လော့စ်အိန်ဂျလိစ်ကို လေယာဉ်ခရီးစဉ်မတိုင်ခင်မှာ စတင်ခဲ့တာပါ” ဟု ဂျိုလီက  ၎င်း၏ရှေ့နေများမှတစ်ဆင့် စွပ်စွဲခဲ့ပါတယ်။

“ဒီလေယာဉ်ပေါ်မှာ ကလေးတွေကို ကိုယ်ထိလက်ရောက် မတရားလုပ်တာကို ပထမဆုံးအကြိမ်အဖြစ် စမှတ်ယူပါတယ်။ချက်ချင်းပဲ ဂျိုလီက သူ့ကိုထားခဲ့တယ်။”

ယခင် ဇနီးမောင်နှံနှစ်ဦးသည် ၎င်းတို့ပူးတွဲပိုင်ဆိုင်သည့် ဝိုင်စက်ရုံနှင့်ပတ်သက်၍ ကာလရှည်ကြာ တရားရေးတိုက်ပွဲတွင် ပါဝင်ပတ်သက်နေတာဖြစ်ပါတယ်။

ဂျိုလီ နင့် ပစ်တို့သည် ၂၀၀၄ ခုနှစ်တွင် အတူနေခဲ့ကြပြီး ၂၀၁၄ ခုနှစ်တွင် လက်ထပ်ခဲ့ကြပါတယ်။လက်ထပ်ပြီး နှစ်နှစ်အကြာတွင် ဂျိုလီသည် ညှိနှိုင်းမရသော ကွဲလွဲမှုများကို ကိုးကား၍ ပစ်ကို ကွာရှင်းရန် တိုင်ကြားခဲ့ပါတယ်။

၎င်းတို့တွင် သားသမီးများအဖြစ် မက်ဒေါ့ဇ် (၂၂)၊ ပက်ရှ် (၂၀)၊ ဇာဟာ (၁၉)၊ရှီလို (၁၇)၊ အမြွှာ ဗီဗီနီးနှင့် ကိုနက်ရှ် (၁၅) နှစ်တို့ ရှိကြပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Film-news