【 နိုင်ငံတကာ 】 ကိုရီးယားဒရာမာဇာတ်ကားတွေ ဖြန့်ဝေလို့ မြောက်ကိုရီးယားကလေးငယ်တွေ သေဒဏ်ကျခံနေရဟု ဆို

【 နိုင်ငံတကာ 】 ကိုရီးယားဒရာမာဇာတ်ကားတွေ ဖြန့်ဝေလို့ မြောက်ကိုရီးယားကလေးငယ်တွေ သေဒဏ်ကျခံနေရဟု ဆို

နယူးယောက်၊ ဧပြီ - ၆

ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး Hwang Joon-kook က မြောက်ကိုရီးယားနိုင်ငံရှိ ကလေးငယ်များသည် တောင်ကိုရီးယားဒရာမာများ ဖြန့်ဝေခြင်းအတွက် သေဒဏ်ပေးခံရခြင်းအပါအဝင် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဧပြီ ၃ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရုံးချုပ် ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂကောင်စီ၏ ရှင်းလင်းပွဲအတွင်း မစ္စတာဟွမ်က မြောက်ကိုရီးယားသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း မြောက်ကိုရီးယားရှိ ကလေးများသည် ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောခဲ့ပါတယ်။

“မြောက်ကိုရီးယား ဘက်ပြောင်းလာသူတွေရဲ့ ထွက်ဆိုချက်တွေအပါအဝင် အများပြည်သူဆိုင်ရာ သတင်းရင်းမြစ်တွေအရ၊ မြောက်ကိုရီးယားက ကလေးတွေဟာ တောင်ကိုရီးယားဒရာမာတွေ ဖြန့်ဝေမှုအတွက် သေဒဏ်ပေးမှု၊ နိုင်ငံရေးအကျဉ်းသားဖြစ်တဲ့ မိသားစုဝင်တွေနဲ့အတူ အကျဉ်းထောင်တွေမှာ အတူချုပ်နှောင်ခံရမှုတွေ၊ ကလေးလုပ်သား အသုံးပြုမှုအပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်” ဟု မစ္စတာဟွမ်က ပြောကြားခဲ့ပါတယ်။

၎င်းက ဆက်လက်ပြောခဲ့ရာမှာ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များဟာ  နိုင်ငံရဲ့ အရင်းအမြစ်များကို နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များနှင့် ဇိမ်ခံပစ္စည်းများအတွက် သုံးစွဲနေသောကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ဆိုပါတယ်။

Unicef ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အုပ်စုတို့က ထုတ်ဝေသည့် အစီရင်ခံစာကို ကိုးကား၍ မစ္စတာဟွမ်က ပြောခဲ့ရာမှာတော့  “မြောက်ကိုရီးယားမှ ကလေးငယ် ၁၇ ရာခိုင်နှုန်းဟာ အာဟာရချို့တဲ့မှုကြောင့် ကြီးထွားမှု ချုံးချုံးကျကာ ပိန်လှီနေတယ်” လို့ ပြောခဲ့ပါတယ်။

မကြာသေးမီက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားခဲ့သည် အကျိုးအမြတ် မယူသော ပရဟိတအဖွဲ့ဖြစ်သည့် World Central Kitchen မှ အကူညီပေးရေးအဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ရသည့် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ဂါဇာကမ်းမြှောင်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခကို ကိုးကား၍ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဥပဒေအရ လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိုက်ခံစားရသော ကလေးသူငယ်များသည် အထူးလေးစားမှုနှင့်အတူ  အကာအကွယ်ရပိုင်ခွင့်ရှိတယ်လို ၎င်းက တိုက်တွန်းခဲ့ပါတယ်။

“ဒီစိတ်ပျက်စရာကောင်းတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ လုံခြုံရေးကောင်စီဟာ ကလေးသူငယ်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငြင်းပယ်မှုကို လုံးဝသည်းမခံဘဲ ကြံကြံခံရပ်တည်နေဖို့ အရေးကြီးပါတယ်၊ ပထမနဲ့ အရေးကြီးဆုံးကတော့ လုံခြုံရေးကောင်စီဟာ  ကလေးများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်လှမ်းမီမှုကို ငြင်းပယ်ခြင်းအား လုံးဝသည်းမခံခြင်းအပေါ် ခိုင်မာစွာရပ်တည်ဖို့ လိုအပ်ပါတယ်” ဟု မစ္စတာဟွမ်က ပြောကြားခဲ့ပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Straitstimes