【 နိုင်ငံတကာ 】 ကုလသမဂ္ဂ တရုတ်ဘာသာစကားနေ့နှင့် စတုတ္ထအကြိမ်မြောက် CMG ပင်လယ်ရပ်ခြား ပုံရိပ်ပွဲတော်ဂျီနီဗာမြို့၌ကျင်းပ

【 နိုင်ငံတကာ 】 ကုလသမဂ္ဂ တရုတ်ဘာသာစကားနေ့နှင့် စတုတ္ထအကြိမ်မြောက် CMG ပင်လယ်ရပ်ခြား ပုံရိပ်ပွဲတော်ဂျီနီဗာမြို့၌ကျင်းပ

ပေကျင်း၊ ဧပြီ - ၂၄

၂၀၂၄ ခုနှစ်၊ ကုလသမဂ္ဂ တရုတ်ဘာသာစကားနေ့နှင့် စတုတ္ထအကြိမ်မြောက် China Media Group ပင်လယ်ရပ်ခြား ပုံရိပ်ပွဲတော်ကို ဂျီနီဗာမြို့အခြေစိုက်ကုလသမဂ္ဂရုံး Palais des Nations တွင် ဧပြီလ ၂၃ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားမှာ China Media Group ၊ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂရုံး၊ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တို့ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ က ဗီဒီယိုစနစ်ဖြင့် အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ 
 
ထိုအခမ်းအနားတွင် ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂရုံး ဒါရိုက်တာချုပ် Tatiana Valovaya ၊ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြားနိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး Chen Xu တို့ကလည်း တက်ရောက်ပြီး မိန့်ခွန်းများကို အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။ 
 
အခမ်းအနားကို ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဘယ်လ်ဂျီယံ၊ ဂျာမဏီ၊ နယ်သာလန်၊ ဘရာဇီးနှင့် အီရတ် စသည့်နိုင်ငံပေါင်း ၅၀ကျော်မှ အမြဲတမ်းကိုယ်စားလှယ်များနှင့် လူငယ်သံတမန် အရာရှိများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အရာရှိ ၃၀၀ကျော်တို့က အခမ်းအနားတက်ရောက်ခဲ့ကြကြောင်း သိရသည်။