【 နိုင်ငံတကာ 】 ဂျာမဏီ-တရုတ်လုပ်ငန်းကုမ္ပဏီများမှ “ဟိုက်ဒရိုဂျင်” နည်းပညာနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုများကို အလွန်သဘောကျသည်ဟု ဂျာမဏီဝန်ကြီးချုပ် ဆို

【 နိုင်ငံတကာ 】 ဂျာမဏီ-တရုတ်လုပ်ငန်းကုမ္ပဏီများမှ “ဟိုက်ဒရိုဂျင်” နည်းပညာနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်မှုများကို အလွန်သဘောကျသည်ဟု ဂျာမဏီဝန်ကြီးချုပ် ဆို

ပေကျင်း၊ ဧပြီ - ၁၅
 
ဂျာမဏီနိုင်ငံဝန်ကြီးချုပ် အိုလတ်ဖ် ရှို့လ်ဇ်က ဂျာမဏီ-တရုတ်လုပ်ငန်းကုမ္ပဏီများမှ “ဟိုက်ဒရိုဂျင်” နည်းပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုများကို အလွန်သဘောကျကြောင်း၊ ဂျာမဏီနိုင်ငံအနေဖြင့် ဂျာမဏီ-တရုတ် နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးသော ကူးလူးဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစေပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အဆင့်ကဏ္ဍသစ်သို့ ရောက်ရှိစေရန် ဆန္ဒရှိကြောင်း ဧပြီလ ၁၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။
 
ဧပြီလ ၁၄ ရက်နေ့ နံနက်ပိုင်းက အိုလတ်ဖ် ရှို့လ်ဇ် သည် ချုံချင့်မြို့သို့ ရောက်ရှိပြီး တရုတ်နိုင်ငံ၏ တရားဝင်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။
 
အိုလတ်ဖ် ရှို့လ်ဇ်သည် တရုတ်-ဂျာမဏီဖက်စပ်ကုမ္ပဏီ၊ တရုတ်-ဂျာမဏီ ရေစောင့်ကြည့်ရေးလုပ်ငန်း စသည်တို့ကို ကြည့်ရှုလေ့လာခဲ့ရာ သက်ဆိုင်ရာလုပ်ငန်းကုမ္ပဏီများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ရှင်းပြခဲ့ကြတယ်လို့ China Media Group သတင်းအရ သိရပါတယ်။