【 နိုင်ငံတကာ 】 ငြိမ်းချမ်းရေးဆွေးနွေးရာတွင် မော်စကိုနှင့် ကိယက်ဗ်အကြား အလွန်ကွာဟနေကြောင်း တရုတ်အထူးသံတမန်ပြော

【 နိုင်ငံတကာ 】 ငြိမ်းချမ်းရေးဆွေးနွေးရာတွင် မော်စကိုနှင့် ကိယက်ဗ်အကြား အလွန်ကွာဟနေကြောင်း တရုတ်အထူးသံတမန်ပြော

ပေကျင်း၊ မတ် - ၂၄
 
ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း နှစ်ဘက်လုံးက သဘောတူသော်လည်း နှစ်နှစ်ကျော်ကြာပြီဖြစ်သော စစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးဆွေးနွေးရာတွင် မော်စကိုနှင့် ကိယက်ဗ်အကြား ကြီးမားသော ကွာဟချက်များရှိနေကြောင်း ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် လီဟွေး ပြောကြားလိုက်ပါတယ်။
 
ပေကျင်းသည် ထိုပဋိပက္ခတွင် ကြားဝင်စေ့စပ်ပေးသူဖြစ်ရန် ကြိုးစားနေပြီး နိုင်ငံရေးအရ အဖြေရှာရန် အချက် ၁၂ ချက်ပါ စီမံကိန်းကို ထုတ်ပြန်ပြီး ဆွေးနွေးပွဲအများအပြား ကျင်းပနေသည်။
 
သို့သော် တရုတ်နိုင်ငံသည် ကြားနေကြောင်း ဆက်လက်ပြောကြားသော်လည်း ရုရှားသမ္မတ ပူတင်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်ပြီးနောက် ရုရှားနှင့်ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာသောကြောင့် ဝေဖန်ခံနေရသည်။
 
ရုရှား၊ ယူကရိန်း၊ ပြင်သစ်၊ ဂျာမဏီနှင့် ပိုလန်တို့သို့ နောက်ဆုံးအကြိမ် သွားရောက်ပြီးနောက် လီက ကိယက်ဗ်နှင့် မော်စကိုအကြား သဘောထားကွဲလွဲနေဆဲဖြစ်ကြောင်း ပြောသည်။
 
သို့သော် ဆွေးနွေးပွဲများသည် အကျပ်အတည်းကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု နှစ်ဘက်လုံးပြောကြောင်း သူပြောသည်။
 
“နောက်ဆုံးမှာတော့ စစ်ပွဲကို သေနတ်နဲ့မဖြေရှင်းဘဲ ဆွေးနွေးပွဲတွေနဲ့ ဖြေရှင်းရမယ်ဆိုတာကို နှစ် ဘက်လုံး သဘောတူတယ်။သက်ဆိုင်သူအားလုံးက လက်ရှိအခြေအနေသည် ပိုမိုဆိုးရွားလာမည့် အန္တရာယ်ကို အသိအမှတ်ပြုကြောင်း” သူပြောသည်။
 
“အခြေအနေအေးချမ်းစေဖို့ တရုတ်က တောင်းဆိုတာကို အားလုံးသဘောတူတယ်” ဟုလည်း သူကပြောပြီး တရုတ်အနေဖြင့် ပိုမိုအပြုသဘောဆောင်သောအခန်းမှပါဝင်ရန် အားလုံးကမျှော်လင့်ကြောင်း” သူပြောသည်။
 
တရုတ်နိုင်ငံသည် ယူကရိန်းက လာမည့်အပတ်အနည်းငယ်အတွင်း ဆွစ်ဇာလန်တွင် စီစဉ်ထားသည့် ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်မည်ဟု မျှော်လင့်ကြောင်း ကိယက်ဗ်က ဖော်ပြသည်။
 
မော်စကို-ကို ထိုညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားထားခြင်းမရှိဘဲ ရုရှားမပါဝင်ပါက ထိုအားထုတ်မှု အောင်မြင်ဖွယ်မရှိပေ။
 
စိုးချစ်
သတင်းရင်းမြစ် - Aljazeera