【 နိုင်ငံတကာ 】 တရုတ်နိုင်ငံသည် နယ်ပယ် ၇ ခု၌ အဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းကို တိုးမြှင့်မည်

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံသည် နယ်ပယ် ၇ ခု၌ အဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းကို တိုးမြှင့်မည်

ပေကျင်း၊ မတ် - ၂၅

တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၄ ရက်နေ့ နံနက်ပိုင်းက ပေကျင်း၌ စတင်ကျင်းပခဲ့ပါတယ်။

ယခုအကြိမ် အစည်းအဝေးကို ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေး၏ ဆောင်ပုဒ်သည် “ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နေသော တရုတ်ပြည်” ဖြစ်ပါတယ်။

အဓိက နိုင်ငံတကာအဖွဲ့အစည်းများ၊ ကမ္ဘာ့ရှေ့ပြေး ကုမ္ပဏီများမှ တာဝန်ခံများ၊ ကမ္ဘာ့နာမည်ကြီး ပညာရှင်များသည် တရုတ်ပြည် ဆက်တိုက်ဖွံ့ဖြိုးရေးအပါအဝင် အကြောင်းအရာများစွာကို ဝိုင်းဝန်းဆွေးနွေးကြပါတယ်။

၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ကျင့်ရှန်းကျယ်က တရုတ်နိုင်ငံသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည်ဖြစ်ပြီး ယင်းသည် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအတွက် ဈေးကွက်အခွင့်အလမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ အမြောက်အမြားကို ဖန်တီးပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နယ်ပယ် ၇ ခု၌ အဆောက်အအုံများ အဆင့် မြှင့်တင်ခြင်းကို တိုးမြှင့်မည်ဖြစ်ပြီး နှစ်စဉ် အတိုင်းအတာ ယွမ်ဘီလီယံ ၅၀၀၀ အထက်ရှိသည့် ဈေးကွက်ကြီး ဖြစ်တည်လာနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group မှ ဖော်ပြချက်အရ သိရပါတယ်။