【 နိုင်ငံတကာ 】 တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ စတင်ကျင်းပ

【 နိုင်ငံတကာ 】 တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ စတင်ကျင်းပ

ပေကျင်း၊ မတ် - ၂၄
 
နှစ်ရက်ကြာ ကျင်းပမည့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ပေကျင်းမြို့၌ စတင်ကျင်းပခဲ့ပါတယ်။
 
နိုင်ငံတကာအဖွဲ့အစည်းများ၊ Fortune 500 ကုမ္ပဏီများနှင့် ကမ္ဘာ့စီးပွားရေးအသိုက်အဝန်းမှ ဧည့်သည်တော် ၁၁၀ ကျော်တို့သည် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ခေါင်းစဉ်များစွာဖြင့် အပြန်အလှန် ကူးလူးဖလှယ်ပြီး ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်တယ်လို့ China Media Group သတင်းအရ သိရပါတယ်။