【 နိုင်ငံတကာ 】 တရုတ်နှင့်ပတ်သက်ပြီး အမေရိကန် အကြီးအကျယ် အတွက်အချက်မှားဟု တရုတ်သံအမတ်ပြော

【 နိုင်ငံတကာ 】 တရုတ်နှင့်ပတ်သက်ပြီး အမေရိကန် အကြီးအကျယ် အတွက်အချက်မှားဟု တရုတ်သံအမတ်ပြော

နယူးယောက်၊ ဧပြီ - ၂၃

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား လက်ရှိယှဉ်ပြိုင်မှုသည် မမျှတဘဲ အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့် ယှဉ်ပြိုင်နေခြင်းမဟုတ်ဘဲ အရေးယူပိတ်ဆို့မှုချမှတ်ခြင်း၊ တရုတ်သို့ ပို့ကုန်ထိန်းချုပ်ရန် အခြားနိုင်ငံများကို ဖိအားပေးခြင်းနှင့် တရုတ်၏ အစိမ်းရောင်စွမ်းအင် ထုတ်ကုန်များကို စွမ်းအားလွန်နေသည်ဟု စွပ်စွဲခြင်းတို့ဖြင့် အနိုင်ကျင့်နေခြင်းသာဖြစ်ကြောင်း အမေရိကန်ဆိုင်ရာ တရုတ်သံအမတ် ရှီဖန်း ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်ကို အကြီးအကျယ် အတွက်မှားကြောင်း သူအလေးထားပြောပြီး တရုတ်နိုင်ငံ၏ မျိုးဗီဇတွင် အခြားနိုင်ငံများအား ဗိုလ်ကျစိုးမိုးခြင်းကို စွဲလန်းမှုမရှိကြောင်း သူကဆက်ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် သူဆီဒီဒီးထောက်ခြောက် (အင်အားကြီးနိုင်ငံကို အားပြိုင်သည့် နိုင်ငံတစ်ခု ပေါ်ပေါက်လာခြင်း) ကို သတိထားမိသည်ဆိုလျှင် မည်သည့်အတွက် ထိုထောင်ချောက်အတွင်းသို့ ခုန်ဆင်းသင့်သနည်းဟု မေးခွန်းထုတ်ခဲ့ပါတယ်။

ဟားဗတ်ကနေ ဒီကျောင်းတည်ထောင်သူ ပါမောက္ခချုပ် ဂရေဟမ် အယ်လစ်ဆင်နှင့် သောကြာနေ့က ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

           တရုတ်-အမေရိကန် ယှဉ်ပြိုင်မှု မျှတရမည်

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုက အစိုးရိမ်လွန်နေသည့် တရုတ်နိုင်ငံ စွမ်းအားလွန်နေသည်ဆိုသည့် မကြာသေးမီက သဘောတရားကို တုံ့ပြန်သည့်အနေဖြင့် ရှီက တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအကြား အမှန်တကယ်ယှဉ်ပြိုင်မှုရှိကြောင်း ဝန်ခံသော်လည်း ယှဉ်ပြိုင်မှုသည် မျှတရမည်ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်ကုမ္ပဏီများကို အမေရိကန်ပြည်တွင်းဥပဒေအရ အရေးယူမှုများချမှတ် အနိုင်ကျင့်နေကြောင်းပြောပြီး ထိုသို့လုပ်ဆောင်ခြင်းသည် တရုတ်ကစားသမားများကို ပြိုင်ပွဲစမတင်မီကပင် ပွဲမှ ထုတ်ပယ်ထားခြင်းဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုသည် အချို့သော ကိရိယာများနှင့် နည်းပညာများကို တရုတ်သို့ တင်ပို့မှု ပိတ်ပင်ရန် အခြားနိုင်ငံများကိုလည်း ပြောပါတယ်။ထိုသို့သောအခြေအနေများတွင်ပင် တရုတ်မှ လျှပ်စစ်မော်တော်ယာဉ်၊ လီသီယံအိုင်းယွန်းဘက်ထရီနှင့် ဆိုလာထုတ်ကုန် စသည့် ထိပ်တန်းလုပ်ငန်းကြီးအချို့သည် ဦးဆောင်သည့် အနေအထားကို ရယူနိုင်ကြောင်း သူကပြောပါတယ်။

“သို့သော် အမေရိကန်ပြည်ထောင်စုက ထိုလုပ်ငန်းသည် ကျွမ်းကျင်မှုလွန်ကဲကာ စွမ်းရည်အလွန်အကျွံဖြစ်ပြီး အခြားပြိုင်ဘက်များအတွက် ခြိမ်းခြောက်မှုအဖြစ် စွပ်စွဲကာ ပြိုင်ပွဲမှ ထွက်ခွာခိုင်းသည်” ဟု သူကပြောပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးကို ယှဉ်ပြိုင်မှုဖြင့် မဖွင့်ဆိုသင့်ကြောင်း သူပြောပြီး ထိုသို့ဖွင့်ဆိုခြင်းသည် သေနင်္ဂဗျူဟာအန္တရာယ်ဖြစ်စေနိုင်ကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် နယ်ပယ်အများအပြားရှိကြောင်း ဆက်လက်ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့် ပဋိပက္ခရှောင်ရှားရေးကို မရည်ရွယ်ကြောင်းပြောပြီး ထိုသို့ရှောင်ရှားရန် ရည်ရွယ်ပါက နှစ်နိုင်ငံ တစ်နိုင်ငံဖြစ်ရန် ဝေးကွာတော့မည် မဟုတ်ကြောင်း သူကပြောပါတယ်။

“ဒီလိုလုပ်တာဟာ တောင်စောင်းမှာ ကားမောင်းပြိုင်သလိုဖြစ်နေပြီး ဘဝင်မြင့်နေသော ယာဉ်မောင်းများသည် ချောက်အတွင်း ပြုတ်ကျနိုင်သည်” ဟုလည်း သူက ပြောပါတယ်။ အကာအရံမည်မျှ လုပ်ထားသည်ဖြစ်စေ အနိမ့်ဆုံး ဆက်ဆံရေးကိုပင် ဖြစ်စေမည်မဟုတ်ဟု သူကပြောပါတယ်။

           အရည်အသွေးမြင့် စက်မှုစွမ်းအားသည် တစ်ကမ္ဘာလုံးအနေဖြင့် လွန်ကျွံခြင်းမရှိ

တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်း (BRI) အစီအစဉ်အကြောင်းကိုလည်း သူပြောကြားပြီး ထိုအစီအစဉ်၏ အကျိုးပြုသော ရလဒ်များက အရည်အသွေးမြင့် စက်မှုစွမ်းအားသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ အလွန်အကျွံမဖြစ်သေးဘဲ ပိုမိုထိရောက်သော ဝယ်လိုအားများကို ထုတ်လုပ်ပေးနိုင်ပြီး စီးပွားရေးတိုးတက်မှု မြင့်တင်ပေးနိုင်ကြောင်း သက်သေပြနေသည်ဟု သူကပြောပါတယ်။

တရုတ်နိုင်ငံ၏ BRI သည် ကျယ်ပြန့်သော တိုင်ပင်ညှိနှိုင်းမှု၊ ပူးတွဲအကျိုးဆောင်မှုနှင့် အကျိုးအမြတ်ခွဲဝေသည့် မူများကို လိုက်နာပြီး နိုင်ငံအားလုံးကို အားသစ်လောင်းရန်နှင့် ဘုံတိုးတက်မှုမြှင့်တင်ရန် ရည်ရွယ်ကြောင်း သူကပြောပါတယ်။တရုတ်၏ BRI သည် ပထဝီနိုင်ငံရေးကိရိယာ မဟုတ်ဘဲ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးအတွက် ပွင့်လင်းပြီး အားလုံးအကျုံးဝင်သည့် စင်မြင့်ဖြစ်ကြောင်းလည်း သူကပြောပါတယ်။

“တရုတ်နိုင်ငံဟာ အေသင်မဟုတ်သလို စပါတာလည်း မဟုတ်ဘူး။အစဉ်အလာ အနောက်တိုင်း အင်အားကြီးနိုင်ငံတွေလျှောက်တဲ့ လမ်းကို တရုတ်က သေချာပေါက်လျှောက်မယ်လို့ ထင်တာဟာ ကြီးမားတဲ့ မှားယွင်းတွက်ချက်မှုဖြစ်တယ်။အင်အားဟာ ရည်ရွယ်ချက်ကို ဆုံးဖြတ်တယ်လို့ ထင်သူတွေဟာ သူတို့စဉ်းစားပုံမျိုးကို အခြားသူတွေအပေါ် အခြေခံအားဖြင့် ချမှတ်နေကြတယ်” ဟုလည်း သူကပြောခဲ့ပါတယ်။

           သူဆီဒီဒီးထောင်ချောက်ကို ရှောင်

ကမ္ဘာသည် ခက်ခဲကြမ်းတမ်းတဲ့အခြေအနေကို ဖြတ်သန်းနေပြီး တရုတ်-အမေရိကန် ဆက်ဆံရေးဟာ မကြုံဖူးတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဟု သူကပြောကြားပြီး သူဆီဒီဒီးထောင်ချောက်ကို ရှောင်ကျဉ်ရန် သတိပေးခဲ့ပါတယ်။

ထိုစကားလုံးသည် ပါမောက္ခ အယ်လစ်ဆန် စတင်အသုံးပြုသည့် ဝေါဟာရဖြစ်ပါတယ်။ တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ထိုထောင်ချောက်ကို သတိထားမိသောကြောင့် ထိုထောင်ချောက်အတွင်းသို့ ခုန်မချဘဲ ရှောင်ရှားသင့်ကြောင်း သူကပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG