【 နိုင်ငံတကာ 】 တရုတ်အကူအညီဖြင့် တည့်ဆောက်သည့် ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး လေအားလျှပ်စစ်စက်ရုံ အပြည့်အဝ လည်ပတ်

【 နိုင်ငံတကာ 】 တရုတ်အကူအညီဖြင့် တည့်ဆောက်သည့် ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး လေအားလျှပ်စစ်စက်ရုံ အပြည့်အဝ လည်ပတ်

ပေကျင်း၊ မတ် - ၂၅

နောက်ဆုံး လေအားလျှပ်စစ် ဂျင်နရေတာကို တပ်ဆင်ပြီးနောက် တရုတ်လုပ်ငန်းများက တည်ဆောက် ရင်းနှီးမြှုပ်နှံသည့် ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး လေအားလျှပ်စစ်စက်ရုံဖြစ်သည့် ကော့ဘဇားမှ ဓာတ်အားပေးစက်ရုံသည် တနင်္ဂနွေနေ့တွင် အပြည့်အဝ စတင်လည်ပတ်နေပြီဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှ ကီလိုမီတာ ၄၀၀ ခန့်ဝေးသော နိုင်ငံတောင်ပိုင်း ကော့ဘဇားခရိုင်တွင် တည်ရှိသော ထိုလေအားလျှပ်စစ် စီမံကိန်းတွင် တရုတ်မှ နိုင်ငံတော်ဓာတ်အားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၏ လုပ်ငန်းခွဲ Wuling Power Corp. က ရင်းနှီးမြှုပ်နှံပြီး PowerChina Chengdu Engineering Corp က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အပြည့်အဝ လည်ပတ်သောအခါ ထိုစီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တစ်နှစ်လျှင် သန့်ရှင်းသော လျှပ်စစ်စွမ်းအား ကီလိုဝပ်နာရီ ၁၄၅ သန်း ထုတ်ပေးပြီး ကျောက်မီးသွေးအသုံးပြုမှု ၄၄,၆၀၀ တန်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၁၀၉,၂၀၀ တန် လျှော့ချပေးကာ အိမ်ထောင်စုတစ်သိန်းအတွက် ဓာတ်အားထုတ်လုပ်ပေးမည်ဖြစ်ပါတယ်။

ထိုစက်ရုံ တည်ထောင်ခြင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်သည် စီးပွားဖြစ် လေအားလျှပ်စစ် ထုတ်လုပ်သည့်ခေတ်သို့ရောက်လာကြောင်း Bangladesh Power Development Board မှ အမှုဆောင် ဒါရိုက်တာ မိုဟာမက် အဗ္ဗဒူ ကဒါ ဂိုနီ ပြောပါတယ်။

Wuling Power Corp. ၏ ဘင်္ဂလားဒေ့ရှ် လုပ်ငန်းခွဲ အထွေထွေမန်နေဂျာ Hei Zhao က ယခုစီမံကိန်းသည် တရုတ်လုပ်ငန်းများက ဘင်္ဂလားဒေ့ရှ်တွင် လေအားလျှပ်စစ်ထုတ်သည့် လုပ်ငန်းတွင် ပထမဆုံး ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် လေအားလျှပ်စစ်နယ်ပယ်တွင် ဟာကွက်ဖြည့်ပေးခြင်းဖြစ်သည်ဟု ပြောပါတယ်။

“ဒီစီမံကိန်းကို တည်ဆောက်တဲ့အချိန်အတွင်း ကျနော်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ရေရှည်တိုးတက်ဖို့ တရုတ်နိုင်ငံက ဖြေရှင်းနည်း၊ တရုတ်စံနှုန်း၊ တရုတ်ကိရိယာတွေကို အသုံးပြုပြီး ဘင်္ဂလားဒေ့ရှ်အတွက် လေအားလျှပ်စစ်နယ်ပယ်မှာ လက်တွေ့ကျွမ်းကျင်သူ ပထမအသုတ်ကို လေ့ကျင့်ပေးပြီး ပြည်တွင်းအလုပ်အကိုင် ၁၅၀၀ ကျော်ကို ဖန်တီးပေးတယ်” ဟု သူကပြောပါတယ်။

သူ၏နိုင်ငံသည် ထိုကဲ့သို့သော စွမ်းအင်လိုအပ်နေကြောင်း ထိုစီမံကိန်းတွင်ပါဝင်သည့် ဘင်္ဂလားဒေ့ရှ် အင်ဂျင်နီယာ မန်နစ်အဟာမက် ပြောပါတယ်။

“ဒီစီမံကိန်းကနေ လေကစွမ်းအင် ဘယ်လိုပိုမိုထုတ်လုပ်မလဲ၊ ဘင်္ဂလားဒေ့ရှ် မဟာဓာတ်အားလိုင်းမှာ လျှပ်စစ်ဓာတ်အား ဘေးကင်းစွာ ဘယ်လိုထုတ်လုပ်မလဲဆိုတာတွေ ကျနော်အများကြီးလေ့လာသိရှိရတယ်။ကျနော်ဟာ ကျနော်တို့ ဓာတ်အားနဲ့ စွမ်းအင်တိုးတက်မှုအတွက် ပိုမိုလုပ်နိုင်မယ်လို့ ယုံကြည်တယ်” ဟု သူကပြောပါတယ်။

တချိန်တည်းတွင် ဂိုနီကလည်း နှစ်နိုင်ငံအကြား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု ထပ်မံပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောပါတယ်။

“အခုရပ်ဝန်းနဲ့ ပိုးလမ်း စီမံကိန်းအောက်က စွမ်းအင်ကဏ္ဍမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာ ကော့ဘဇားက ပထမဆုံး လေအားလျှပ်စစ် စီမံကိန်းလို အကျိုးရှိတဲ့ ရလဒ်တွေ ရလာပြီ။အနာဂတ်မှာ အခုလို အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ပြီး ကျနော်တို့ စွမ်းအင်နယ်ပယ် တိုးတက်မှုကို ပိုမိုအကျိုးပြုနိုင်မယ်လို့ မျှော်လင့်တယ်” ဟု သူကပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG