【 နိုင်ငံတကာ 】 တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဝန်ကြီးများ အစည်းအဝေး ပထမဆုံးအကြိမ် ကျင်းပ

【 နိုင်ငံတကာ 】 တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဝန်ကြီးများ အစည်းအဝေး ပထမဆုံးအကြိမ် ကျင်းပ

ပေကျင်း၊ ဧပြီ - ၅

အမေရိကန်၏ ဖိတ်ကြားချက်အရ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှု ကိုယ်စားလှယ်၊ ဒုတိယဝန်ကြီး ဝန်ရှို့ဝင်က ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ အမေရိကန်သို့ ရောက်ရှိပြီး အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး Marisa Lagoနှင့် တွေ့ဆုံကာ တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းအဖွဲ့ ဒုတိယဝန်ကြီးများ အစည်းအဝေးကို ပထမဆုံးကျင်းပခဲ့ပါတယ်၊

အဆိုပါအစည်းအဝေးတွင် ဆန်ဖရန်စစ္စကို ထိပ်သီးအစည်းအဝေးနှင့် ယခုလောလောဆယ်တွင် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သော သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါတယ်။

ထို့အပြင် အစည်းအဝေးအတွင်း နှစ်ဖက်တို့ အာရုံစိုက်သော စီးပွားကုန်သွယ်ရေးပေါ်လစီနှင့် နှစ်နိုင်ငံစက်မှုနှင့် စီးပွားကုန်သွယ်ရေးလောကမှ တင်ပြသော စီးပွားကုန်သွယ်ရေး ပြဿနာများအပေါ် ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း China Media Group သတင်းအရ သိရပါတယ်။