【 နိုင်ငံတကာ 】 နိုင်ငံပေါင်း ၄ နိုင်ငံမှ အကူအညီများ ကမ်းလှမ်းမှုကို ငလျင်ဒဏ်ခံရသည့် မော်ရိုကို လက်ခံ

【 နိုင်ငံတကာ 】 နိုင်ငံပေါင်း ၄ နိုင်ငံမှ အကူအညီများ ကမ်းလှမ်းမှုကို ငလျင်ဒဏ်ခံရသည့် မော်ရိုကို လက်ခံ

ရာဘတ်၊ စက်တင်ဘာ - ၁၁

သောကြာနေ့နှောင်းပိုင်းက ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မော်ရိုကိုနိုင်ငံသည် စပိန်၊ ဗြိတိန်၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့မှ အကူအညီများ ကမ်းလှမ်းမှုများကို လက်ခံကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံလေးနိုင်ငံမှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ရန် ကမ်းလှမ်းမှုများကို လက်ခံခဲ့ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ရေးသားထားပါတယ်။

အာဏာပိုင်များက ပေါင်းစပ်ညှိနှိုင်းမှု အားနည်းခြင်း၏ ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များကို ထည့်သွင်းစဉ်းစားကာ လိုအပ်သည့် လိုအပ်ချက်များကို ဂရုတစိုက်အကဲဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အဆိုပါထုတ်ပြန်ချက်တွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် မော်ရိုကိုရှိအဖွဲ့များနှင့် ညှိနှိုင်းလုပ်ဆောင်ရန် တနင်္ဂနွေနေ့တွင် နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ အလားအလာရှိသော လိုအပ်ချက်များအပေါ်အခြေခံ၍ အခြားရင်းနှီးသောနိုင်ငံများမှ ပံ့ပိုးကူညီမှုများကို လက်ခံနိုင်ကြောင်း အလေးပေးဖော်ပြခဲ့ပါတယ်။

နိုင်ငံအသီးသီးမှ တိုးချဲ့လုပ်ဆောင်ပေးမှုများအတွက် မော်ရိုကိုမှ ကျေးဇူးတင်ရှိကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။

မော်ရိုကိုနိုင်ငံတွင် သောကြာနေ့နှောင်းပိုင်းက ပြင်းအား ၇ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူပေါင်း ၂,၁၂၂ ဦး သေဆုံးပြီး ၂,၄၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

မော်ရိုကို အမျိုးသားဘူမိရူပဆိုင်ရာ အင်စတီကျု၏ အဆိုအရ အဆိုပါငလျင်သည် ပြီးခဲ့သောရာစုနှစ်အတွင်း မြောက်အာဖရိကနိုင်ငံကို အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သည် ငလျင်ဖြစ်ကြောင်း ဆိုပါတယ်။

Linko
Ref - Anadolu Agency