【 နိုင်ငံတကာ 】 ပါလက်စတိုင်းအား ကုလသမဂ္ဂ၏ တရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ် အမြန်ဆုံးဆွေးနွေးပြီး လက်ခံရန် လုံခြုံရေးကောင်စီအား တရုတ်ထောက်ခံ

【 နိုင်ငံတကာ 】 ပါလက်စတိုင်းအား ကုလသမဂ္ဂ၏ တရားဝင်အဖွဲ့ဝင်နိုင်ငံအဖြစ် အမြန်ဆုံးဆွေးနွေးပြီး လက်ခံရန် လုံခြုံရေးကောင်စီအား တရုတ်ထောက်ခံ

ပေကျင်း၊ ဧပြီ - ၁၉
 
ဧပြီလ ၁၈ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါတယ်။
 
လက်ရှိ အရှေ့အလယ်ပိုင်း အခြေအနေနှင့်
ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူမှ ဖြေကြားမှုများ ပြုလုပ်ပေးခဲ့ပါတယ်။
 
လင်ကျန့်က ပါလက်စတိုင်းကို ကုလသမဂ္ဂ၏ တရားဝင် အဖွဲ့ဝင်နိုင်ငံအဖြစ် အမြန်ဆုံးဆွေးနွေးပြီး လက်ခံရန် လုံခြုံရေးကောင်စီအား တရုတ်နိုင်ငံမှ ထောက်ခံကြောင်း၊ ပိုမိုကျယ်ပြန့်သော၊ ဩဇာညောင်းမှု ပိုမိုပါရှိသော၊ ပိုမိုထိရောက်သော နိုင်ငံတကာငြိမ်းချမ်းရေးအစည်းအဝေး ခေါ်ဆိုကျင်းပပြီး နှစ်နိုင်ငံဖြေရှင်းရေးနည်းလမ်းကို အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အချိန်ဇယားနှင့် လုပ်ငန်းစဉ် ရေးဆွဲချမှတ်ရန် တရုတ်နိုင်ငံမှ ကမ်းလှမ်းကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။