【 နိုင်ငံတကာ 】 မော်စကို တိုက်ခိုက်မှုမှာ ပြင်သစ် ပါဝင်နေတယ်ဆိုတဲ့ ရယ်ရွှင်ဖွယ် ရုရှားမှတ်ချက်ကို မက်ခရွန် ပယ်ချ

【 နိုင်ငံတကာ 】 မော်စကို တိုက်ခိုက်မှုမှာ ပြင်သစ် ပါဝင်နေတယ်ဆိုတဲ့ ရယ်ရွှင်ဖွယ် ရုရှားမှတ်ချက်ကို မက်ခရွန် ပယ်ချ

ပါရီ၊ ဧပြီ - ၅

ပြင်သစ်နှင့် ရုရှားကာကွယ်ရေးဝန်ကြီးများကြားတွင် ရှားရှားပါးပါး ဖုန်းခေါ်ဆိုမှုတစ်ခုအပြီးနောက် တစ်ရက်မှာ မက်ခရွန်ရဲ့ မှတ်ချက်ပေါ်လာပြီးနောက်ပိုင်းတွင် မီဒီယာများ၏ ကွဲလွဲဖော်ပြမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးက ပြင်သစ်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ပြီး ထုတ်ပြန်ချက်မှာ မော်စကိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး “ကိယက်ဗ်အစိုးရသည် ၎င်း၏အနောက်တိုင်းခေါင်းဆောင်များ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်အရာကိုမျှ မလုပ်ပါ” ဟု လည်းကောင်း၊ “အဲဒီတိုက်ခိုက်မှုထဲမှာ ပြင်သစ်အထူးဝန်ဆောင်မှုတွေ မပါဝင်ဘူးလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ စောင်းချိတ် ဖော်ပြခဲ့ပါတယ်။

ပါရီမြို့ မြောက်ပိုင်း၊ ဆင်ခြေဖုံးမှာ တည်ဆောက်ထားတဲ့ ပါရီအိုလံပစ်ပွဲအတွက် ရေကူးကန်ဖွင့်ပွဲရဲ့ ဘေးဆွယ်အဖြစ် သတင်းထောက်တွေကို ပြောနေရင်းနဲ့ အခုလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ မှတ်ချက်တွေဟာ တကယ့်ကို ရိုင်းစိုင်းတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မက်ခရွန်က “ဒါက .. တစ်နည်းအားဖြင့်တော့ ရယ်စရာတော့ အကောင်းသား” လို့ ပြောခဲ့ပါတယ်။

“ဒီတိုက်ခိုက်မှုနောက်မှ ယူကရိန်းရှိတယ်” အဲဒီ (မော်စကိုတိုက်ခိုက်မှု) နောက်ကွယ်မှာ ပြင်သစ်ရှိနိုင်တယ်လို့ဆိုတာတွေက “ဒါဟာ အဓိပ္ပာယ်မရှိသလို လက်တွေ့နဲ့ မကိုက်ညီဘူး” လို့ ဆိုပြီး  “ဒါပေမဲ့ အဲဒါက သတင်းအချက်အလက်တွေကို ခြယ်လှယ်နေတဲ့ ယနေ့ ရုရှား အဓိကစစ်ဘက်ဆိုင်ရာ တိုက်ခိုက်မှုရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

မော်စကိုမြို့ဆင်ခြေဖုံးရှိ ကပွဲရုံတစ်ခုအား မတ်လ ၂၂ ရက်က တိုက်ခိုက်မှုတွင် လူ ၁၄၅ ဦး သေဆုံးခဲ့တဲ့အပေါ် ၎င်း၏ ကာကွယ်ရေးဝန်ကြီး ဆီဘက်စတိန်း လီကော်နူက ပြင်းထန်စွာ ရှုတ်ချကြောင်း ဗုဒ္ဓဟူးနေ့ ဖုန်းခေါ်ဆိုမှုအပြီးတွင် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

လီကော်နူက ဒီတိုက်ခိုက်မှုကို ယူကရိန်းနဲ့ ဆက်စပ်တဲ့ အချက်အလက် ပြင်သစ်မှာ မရှိဘူးလို့ အတည်ပြုခဲ့ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ စစ်ပွဲကို ရှုတ်ချခဲ့ပြီး ပြင်သစ်က ကိယက်ဗ်ကို လိုအပ်သမျှ ကာလပတ်လုံး စွမ်းစွမ်းတမံ ပံ့ပိုးပေးမှာဖြစ်တယ်လို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - AP