【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ကြည်းတပ် ဆေးတက္ကသိုလ်ကို ကြည့်ရှုစစ်ဆေး

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် ကြည်းတပ် ဆေးတက္ကသိုလ်ကို ကြည့်ရှုစစ်ဆေး

ပေကျင်း၊ ဧပြီ - ၂၆

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် ဧပြီလ ၂၃ ရက်နေ့က ကြည်းတပ် ဆေးတက္ကသိုလ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

ရှီကျင့်ဖျင်က ခေတ်သစ်တွင် တပ်မတော်အင်အား တောင့်တင်းရေး အတွေးအခေါ်ကို အလေးအနက်ဖော်ဆောင်ပြီး ခေတ်သစ်တွင် စစ်ဘက်ဆိုင်ရာ ပညာရေး မူဝါဒများကို ဘက်စုံအကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ဆိုပါတယ်။

ထို့အပြင် စစ်မြေပြင်၊ တပ်ဖွဲ့နှင့် အနာဂတ်ကို ရင်ဆိုင်ပြီး ပညာသင်ကြားပေးရေး အရည်အချင်းနှင့် ထောက်ပံ့ရေးစွမ်းရည်များ တိုးမြှင့်ပြီး ကမ္ဘာ့အဆင့်မီ တပ်မတော် ဆေးတက္ကသိုလ် တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရှီက အလေးထားပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။