【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် စေတနာအလျောက် မြို့တော်သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် စေတနာအလျောက် မြို့တော်သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့

ပေကျင်း၊ ဧပြီ - ၄

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖျင်သည် ယခုလ ၃ ရက်နေ့ နံနက်ပိုင်းက စေတနာအလျောက် မြို့တော်သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။

Qingming ပွဲတော် အတောအတွင်းသည် သစ်ပင်စိုက်ပျိုးရန် အချိန်အခါကောင်းဖြစ်ကြောင်း၊ ယနေ့ ကျွန်တော်တို့အတူတူ သစ်ပင်စိုက်ပျိုးခြင်းသည် သစ်ပင်စိုက်ပျိုးရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရန်၊ သာယာလှပသော တရုတ်နိုင်ငံတည်ဆောက်ရေးတွင် စိမ်းလန်း စိုပြေမှုထည့်ဝင်ကြရန်၊ လူသားနှင့် သဘာဝအကြား သဟဇာတရှိရှိ ယှဉ်တွဲနေထိုင်သည့် တရုတ်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို လက်တွဲရေးစပ်ကြရန် နှိုးဆော်တိုက်တွန်းခြင်းဖြစ်ကြောင်း ရှီကျင့်ဖျင်က အလေးထားပြောကြားခဲ့ပါတယ်။