【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် မော်လ်တာနိုင်ငံ သမ္မတသစ် Myriam Spiteri Debono ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် မော်လ်တာနိုင်ငံ သမ္မတသစ် Myriam Spiteri Debono ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

ပေကျင်း၊ ဧပြီ - ၅

ဧပြီလ ၄ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် Myriam Spiteri Debono အား မော်လ်တာနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်းအတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါတယ်။

တရုတ်-မော်လ်တာ နှစ်နိုင်ငံ သံတမန်အဆက်အသွယ်ထားရှိသည့် ၅၂ နှစ်အတွင်းတွင် နှစ်နိုင်ငံတို့သည် တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ တန်းတူညီမျှစွာ ဆက်ဆံခြင်းတို့ကို အစဉ်တစိုက်စွဲကိုင်ထားပြီး တစ်ဦး၏ အမြုတေ အကျိုးစီးပွားနှင့် အရေးကြီးသော ကိစ္စရပ်များတွင် တစ်ဦးက ထောက်ခံကာ စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဆေးဝါးကုသရေးနှင့် ကျန်းမာရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှုများစွာ ရရှိခဲ့ကြကြောင်း ရှီကျင့်ဖျင်က သဝဏ်လွှာတွင် ပြောကြားခဲ့ပါတယ်။

ထို့အပြင် မိမိအနေဖြင့် တရုတ်-မော်လ်တာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လွန်စွာအလေးထားပြီး အဆွေတော်သမ္မတနှင့်အတူ အစဉ်အလာ ချစ်ကြည်ရေးကို လက်ဆင့်ကမ်းပြီး လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေကာ တရုတ်-မော်လ်တာ ဆက်ဆံရေး တိုးတက်မှုသစ်များ အဆက်မပြတ်ရရှိ၍ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတ ရှီကျင့်ဖျင်၏ ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားတယ်လို့ China Media Group သတင်းအရ သိရပါတယ်။