【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် သီရိလင်္ကာဝန်ကြီးချုပ် Gunawardana နှင့် တွေ့ဆုံနှုတ်ဆက်

【 နိုင်ငံတကာ 】 ရှီကျင့်ဖျင်သည် သီရိလင်္ကာဝန်ကြီးချုပ် Gunawardana နှင့် တွေ့ဆုံနှုတ်ဆက်

ပေကျင်း၊ မတ် - ၂၈

ယခုလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံတော် သမ္မတ ရှီကျင့်ဖျင်သည် တရားဝင် အလည်အပတ် ရောက်ရှိလာသော သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် Dinesh Gunawardana နှင့် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖျင်က တရုတ်-သီရိလင်္ကာ ဆက်ဆံမှုကို ခိုင်မာစေပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရေးသည် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ဘုံမျှော်လင့်ချက်များနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံအနေနှင့် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန်၊ တိုင်းပြည်စီမံအုပ်ချုပ်ရေးတွင် အတွေ့အကြုံများ ဖလှယ်မှုကို အားဖြည့်ပြုလုပ်ရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်၊ အရည်အသွေးမြင့်မားသော Belt and Road ပူးတွဲ တည်ဆောက်ရန်နှင့် တရုတ်-သီရိလင်္ကာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်အတွက် သီရိလင်္ကာနိုင်ငံနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါတယ်။

Gunawardana က သီရိလင်္ကာသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ပြတ်ပြတ်သားသား လိုက်နာကျင့်သုံးပြီး တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒကို ပြတ်ပြတ်သားသား လိုက်နာကျင့်သုံးကာ နိုင်ငံခြားဆက်ဆံရေး၌ တရုတ်နိုင်ငံကို ဦးစားပေးနေရာတွင် အမြဲတမ်းထားရှိကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။