【 နိုင်ငံတကာ 】 လီချန်နှင့် ဂျာမနီ ဝန်ကြီးချုပ် Scholz တို့ တရုတ်နှင့် ဂျာမနီ စီးပွားရေးအကြံပေးကော်မတီ ဆွေးနွေးပွဲ တက်ရောက်

【 နိုင်ငံတကာ 】 လီချန်နှင့် ဂျာမနီ ဝန်ကြီးချုပ် Scholz တို့ တရုတ်နှင့် ဂျာမနီ စီးပွားရေးအကြံပေးကော်မတီ ဆွေးနွေးပွဲ တက်ရောက်

ပေကျင်း၊ ဧပြီ - ၁၇
 
တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ဂျာမနီဝန်ကြီးချုပ် Scholz တို့သည် ဧပြီလ ၁၆ ရက်နေ့ ညနေပိုင်းက ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသော တရုတ်နှင့် ဂျာမနီ စီးပွားရေးအကြံပေးကော်မတီ ဆွေးနွေးပွဲသို့ အတူ တက်ရောက်ခဲ့ကြပါတယ်။
 
တရုတ်နှင့် ဂျာမနီ နှစ်နိုင်ငံမှ လုပ်ငန်းရှင်ပေါင်း ၂၀ ကျော်တို့သည် ယခုအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြပါတယ်။
 
ဆွေးနွေးပွဲတွင် လီချန်က တရုတ်နှင့် ဂျာမနီ နှစ်နိုင်ငံတို့သည် အပြန်အလှန်အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု အလားအလာကို တိုးချဲ့ရမည် ဖြစ်ပြီး နှစ်နိုင်ငံလုပ်ငန်းကုမ္ပဏီများသည် ထုတ်လုပ်ရေးနှင့် ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရမည် ဖြစ်ကြောင်း၊ နှစ်ဖက်လုပ်ငန်းကုမ္ပဏီများ ပိုမိုအဆင်ပြေ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက်တည်ငြိမ် ပုံမှန်တိုးတက်စေရန်အတွက် တရုတ်အစိုးရသည် ဂျာမနီအစိုးရနှင့်အတူ ပိုမိုများပြားသော မူဝါဒဆိုင်ရာ အားပေးထောက်ခံမှုများကို ပံ့ပိုးပေးလိုပါကြောင်း ပြောကြားပါတယ်။
 
Scholz က တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အရေးအကြီးဆုံးသော စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေး ဆက်ဆံမှု လွန်စွာရင်းနှီးကာ နှစ်ဖက်စလုံးက အကျိုးစီးပွား ခံစားနေရကြောင်း၊ ဂျာမနီနိုင်ငံသည် “ချိတ်ဆက်မှု ဖြတ်တောက်ခြင်း” ကို ဆန့်ကျင်ပြီး ဂျာမနီ-တရုတ် စီးပွားကုန်သွယ်ရေး ကူးလူးဆက်ဆံမှုကို ပိုမိုနက်ရှိုင်းလာအောင် ဆောင်ရွက်ကာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။