【 နိုင်ငံတကာ 】 လီချန်သည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

【 နိုင်ငံတကာ 】 လီချန်သည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

ပေကျင်း၊ မတ် - ၂၄
 
မတ်လ ၂၄ ရက်နေ့က တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။
 
ထိုသို့ မိန့်ခွန်းပြောကြားခဲ့ရာ လီချန်က ယခုအကြိမ် နှစ်ပတ်လည်အစည်းအဝေး၏ ဆောင်ပုဒ်မှာ “ဆက်တိုက် ဖွံ့ဖြိုးတိုးတက်သော တရုတ်နိုင်ငံ” ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံ၏ ရေရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို လက်တွေ့ကျကျဖော်ပြခြင်းဖြစ်သည့်အပြင် အလွှာပေါင်းစုံ၏ တရုတ်စီးပွားရေး ရေရှည်တည်ငြိမ်ပြီး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်မှုများနှင့် မျှော်မှန်းချက်များကို အပြည့်အဝ ပြသထားကြောင်း ပြောကြားခဲ့ပါတယ်။
 
ထို့အပြင် ပြီးခဲ့သော ၁ နှစ်အတွင်း မိမိတို့သည် ပြင်ပဖိအားများကို ခံနိုင်ရည်ရှိပြီး ပြည်တွင်း အခက်အခဲများကို ကျော်လွှားကာ တစ်နှစ်ပတ်လုံး စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အဓိကပန်းတိုင်များနှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ခဲ့ကြောင်း၊ စီးပွားရေးပြန်လည်ဦးမော့လာမှုအခြေအနေ ဆက်လက်အားကောင်းလာပြီး စက်မှုလုပ်ငန်းအသစ်များ၊ ပုံစံအသစ်များနှင့် တွန်းအားအသစ်များသည် ပိုမိုလျင်မြန်စွာ တိုးတက်လာကာ တရုတ်စီးပွားရေး ခိုင်မာသော ခံနိုင်ရည်ရှိမှု၊ ကောင်းမွန်သော အလားအလာ၊ တက်ကြွမှုနှင့် ရေရှည်အပြုသဘောဆောင်သော ဖွံဖြိုးတိုးတက်မှုအခြေခံ အခြေအနေများ ပြောင်းလဲခြင်းမရှိကြောင်း ဝန်ကြီးချုပ် လီချန်က ပြောကြားခဲ့တယ်လို့ China Media Group သတင်းအရ သိရပါတယ်။