【 နိုင်ငံတကာ 】 ဝမ်ယိ သည် Saleumxay Kommasith နှင့် တွေ့ဆုံ

【 နိုင်ငံတကာ 】 ဝမ်ယိ သည် Saleumxay Kommasith နှင့် တွေ့ဆုံ

ပေကျင်း၊ ဧပြီ - ၄

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဧပြီလ ၃ ရက်နေ့က ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် လာအိုပြည်သူ့တော်လှန်ရေးပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith နှင့် တွေ့ဆုံခဲ့ပါတယ်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် လာအိုနိုင်ငံနှင့်အတူ တရုတ်-လာအို နှစ်ပါတီနှင့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ရရှိခဲ့သည့် မဟာဗျူဟာ သဘောတူညီမှုများကို အကောင်အထည်ဖော်ပြီး တရုတ်-လာအို ကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်ရေးတွင် ပိုမိုများပြားသည့် လက်တွေ့ကျသော အောင်မြင်မှုများရရှိရန်၊ လာအိုနိုင်ငံအား အာဆီယံအလှည့်ကျ သဘာပတိနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ဖို့ အစွမ်းကုန်ထောက်ခံပြီး တရုတ်-အာဆီယံ ကံကြမ္မာတူအသိုက်အဝန်း၏ အနှစ်သာရကို ပိုမိုကြွယ်ဝလာစေကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတစ်ခုလုံး အခြေအနေကို အတူတကွ ကာကွယ်ထိန်းသိမ်းရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

Saleumxay Kommasith က တရုတ်နိုင်ငံသည် အရည်အသွေးသစ် ကုန်ထုတ် စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး၊ တရုတ်အသွင်ပုံစံခေတ်မီရေး မြှင့်တင်ရေးဖြင့် ပိုမိုစည်ပင်ဝပြောလာပြီး အင်အားတောင့်တင်းလာမည်ဟု ယုံကြည်ပါကြောင်း၊ လာအိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လာအို-တရုတ် ကံကြမ္မာတူအသိုက်အဝန်း လုပ်ဆောင်ချက် စီမံကိန်း ဗားရှင်းအသစ်ကို အကောင်အထည်ဖော်ပြီး လာအို-တရုတ် မီးရထားလမ်း ပိုမိုကြီးမားသော စီးပွားရေးအကျိုးသက်ရောက်မှုရရှိဖို့ မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

နှစ်ဦးနှစ်ဘက်တို့သည်လည်း တောင်ပင်လယ် စသည့် ပြဿနာများနှင့်ပတ်သက်ပြီး အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ China Media Group သတင်းဌာနက ဖော်ပြခဲ့ပါတယ်။