【 နိုင်ငံတကာ 】 အတားအဆီးများကို ခုခံရန် တရုတ်-အမေရိကန် အပြန်အလှန်ယုံကြည်မှု ပိုမိုတည်ဆောက်ရေး ရှီ မျှော်လင့်နေ

【 နိုင်ငံတကာ 】 အတားအဆီးများကို ခုခံရန် တရုတ်-အမေရိကန် အပြန်အလှန်ယုံကြည်မှု ပိုမိုတည်ဆောက်ရေး ရှီ မျှော်လင့်နေ

ပေကျင်း၊ မတ် - ၂၈

ပိုမိုထိတွေ့ အပြန်အလှန်ဆက်ဆံကြရန်၊ ဘုံသဘောတူညီချက် ဆက်လက်တည်ဆောက်ရန်၊ ယုံကြည်မှု မြှင့်တင်ရန်၊ အတားအဆီးများကို ရှင်းလင်းကြရန်နှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းအောင်လုပ်ရန် တရုတ်သမ္မတ ရှီက တရုတ်နှင့် အမေရိကန်ပြည်ထောင်စုမှ အလွှာစုံ ပြည်သူများကို ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်ပါတယ်။

အမေရိကန် စီးပွားရေး၊ သေနင်္ဂဗျူဟာနှင့် ပညာရပ်ဆိုင်ရာ အသိုက်အဝန်းများနှင့် ပေကျင်းတွင် တွေ့ဆုံစဉ်အတွင်း ရှီက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

နှစ်နိုင်ငံလုံးမှ ပြည်သူများအတွက် ပိုမိုခိုင်မာသည့် အကျိုးကျေးဇူးများ ဆောင်ယူရန်နှင့် ကမ္ဘာသို့ တည်ငြိမ်မှု ထည့်သွင်းပေးရန် သူကတောင်းဆိုခဲ့ပါတယ်။တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာတွင် အရေးအကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးဖြစ်ကြောင်း ပြောကြားပြီး တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းဆောင်ရွက်ရေးလုပ်သည် (သို့မဟုတ်၀ ထိပ် တိုက်တွေ့သည်ဆိုသည့် ကိစ္စသည် နှစ်နိုင်ငံပြည်သူများ၏ အနာဂတ်နှင့် ဘဝသာယာစိုပြေရေးအတွက် အရေးပါကြောင်း ရှီက ပြောပါတယ်။

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ အသီးသီးသော အောင်မြင်မှုများသည် တစ်နိုင်ငံစီအတွက် အခွင့်အလမ်းများဖြစ်ကြောင်း ရှီပြောကြားပြီး နှစ်ဘက်လုံးက တစ်ဘက်နှင့် တစ်ဘက် မိတ်ဘက်အဖြစ် သတ်မှတ်နေသမျှ၊ တစ်ဘက်နှင့် တစ်ဘက် လေးစားနေသမျှ၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နေသမျှ နှစ်ဘက်အကျိုးရှိသည့် ပူးပေါင်းဆောင်ရွက်နေသမျှ ကာလပတ်လုံး တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်နေမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ယခုနှစ်သည် တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်သည့် ၄၅ နှစ်မြောက်ဖြစ်သောကြောင့် တရုတ်-အမေရိကန် ဆက်ဆံရေးသမိုင်းသည် ပြည်သူနှစ်ရပ် ချစ်ကြည်ရင်းနှီးသော သမိုင်းဖြစ်ကြောင်း ရှီက ထောက်ပြခဲ့ပါတယ်။

အတိတ်ကို ပြည်သူများကရေးသားပြီး အနာဂတ်ကို ပြည်သူများဖန်တီးသည်ဟု သူကပြောပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG