【 နိုင်ငံတကာ 】 အမေရိကန်၊ ဂျပန် နှင့် ဖိလစ်ပိုင် သုံးပွင့်ဆိုင်သဘောတူညီချက်ကြောင့် တောင်တရုတ်ပင်လယ်တွင် အပြောင်းအလဲဖြစ်နိုင်ဟု မားကို့စ်ပြော

【 နိုင်ငံတကာ 】 အမေရိကန်၊ ဂျပန် နှင့် ဖိလစ်ပိုင် သုံးပွင့်ဆိုင်သဘောတူညီချက်ကြောင့် တောင်တရုတ်ပင်လယ်တွင် အပြောင်းအလဲဖြစ်နိုင်ဟု မားကို့စ်ပြော

ဝါရှင်တန်၊ ဧပြီ - ၁၄
 
ဖိလစ်ပိုင်၊ အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်သည် တောင်တရုတ်ပင်လယ်နှင့် ဒေသတွင်းစနစ်ကို ပြောင်းလဲသွားစေမည်ဟု မျှော်လင့်ကြောင်းနှင့် တရုတ်နိုင်ငံသည် ပစ်မှတ်မဟုတ်ကြောင်း  ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက သောကြာနေ့တွင် ပြောခဲ့ပါတယ်။
 
“ဒီသုံးပွင့်ဆိုင်သဘောတူညီချက်က အရေးကြီးတယ်လို့ ကျနော်ထင်တယ်” ဟု မားကို့စ် ဂျူနီယာက သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် သုံးနိုင်ငံ ပထဆုံးတွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။
 
“ဒါဟာ ကျနော်တို့ အာရှမှာ ASEAN နဲ့ တောင်တရုတပ်ပင်လယ် ဒေသတွင်းမှာ တွေ့နေရတဲ့ စနစ်ကို ပြောင်းလဲစေမယ်” ဟု မားကို့စ်က ပြောပါတယ်။
 
ထိုခေါင်းဆောင် ၃ ဦးတို့သည် နှစ်စဉ် ဒေါ်လာ ၃ ထရီလီယံတန်သည့် ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်း တည်ရှိရာ တောင်တရုတ်ပင်လယ်တွင် တရုတ်၏ အန္တရာယ်များပြီး ရန်လိုသော အပြုအမူကို အလေးအနက်စိုးရိမ်ကြောင်းဖော်ပြကြပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Reuters