【 နိုင်ငံတကာ 】 အိမ်ခြံမြေ မူဝါဒများ ပိုမိုကောင်းမွန်စေရန် တရုတ်ဝန်ကြီးချုပ် တောင်းဆို

【 နိုင်ငံတကာ 】 အိမ်ခြံမြေ မူဝါဒများ ပိုမိုကောင်းမွန်စေရန် တရုတ်ဝန်ကြီးချုပ် တောင်းဆို

ပေကျင်း၊ မတ် - ၂၄
 
တရုတ်ဝန်ကြီးချုပ် လီချန်သည် သောကြာနေ့တွင် ကျင်းပသည့် နိုင်ငံတော်ကောင်စီ အမှုဆောင်အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
 
ထိုအစည်းအဝေးတွင် အိမ်ခြံမြေမူဝါဒများ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရေး အစီရင်ခံစာကို ကြားနာပြီး သက်ဆိုင်ရာ အိမ်ခြံမြေမူဝါဒများ ပိုမိုကောင်းမွန်ရေး၊ အိမ်ခြံမြေစီမံကိန်းများ ပြီးစီးရေးနှင့် အိမ်ခြံမြေငွေကြေးထောက်ပံ့မှု ယန္တရားမှ ခိုင်မာသော ရလဒ်များဖြစ်လာရေးကို တောင်းဆိုခဲ့ပါတယ်။
 
အရည်အသွေးမြင့် အိမ်ရာများ ဖြည့်ဆည်းပေးနိုင်မှု မြှင့်တင်ကာ အိမ်ခြံမြေဈေးကွက် ပုံမှန် ကျန်းမာသော တိုးတက်မှုကို အားပေးပြီး အလားအလာရှိသော အိမ်ခြံမြေဝယ်လိုအားကို အသုံးချနိုင်ရန်အတွက် သက်ဆိုင်ရာအထောက်အကူပြု မူဝါဒများကို ပိုမိုစနစ်တကျဖြစ်အောင် လုပ်သင့်သည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
 
သောကြာနေ့တွင်ပင် တရုတ်ဝန်ကြီးချုပ် လီချန်သည် ဒေသဆိုင်ရာ အစိုးရကြွေးမြီအန္တရာယ်များ တားဆီးဖြေရှင်းရေးအစည်းအဝေးသို့လည်း ဗီဒီယိုဖြင့် မိန့်ခွန်းပြောခဲ့ပါတယ်။
 
ကြွေးမြီအန္တရာယ်များ လျှော့ချခြင်းသည် ခက်ခဲရှည်ကြာသော စစ်ပွဲဖြစ်ကြောင်း လီက ပြောပါတယ်။
 
ဒေသအားလုံးနှင့် အစိုးရဌာနများအားလုံးသည် လက်ရှိကြွေးမြီအန္တရာယ်များ လျှော့ချရေးနှင့် ကြွေးမြီအန္တရာယ်သစ်များ တားဆီးရေးအတွက် တာဝန်ရှိကြောင်း လီက ပြောပါတယ်။
 
ငွေကြေးထောက်ပံ့သည့် ယန္တရားများ၏ အန္တရာယ်များကို လျှော့ချရန် လုပ်ငန်းများသို့ ပေးရန်ကျန်သည့် ငွေများကို ရှင်းလင်းရန် အားထုတ်မှု လုပ်သင့်ကြောင်း သူကပြောပါတယ်။
 
အရည်အသွေးမြင့်တိုးတက်မှု၊ အဆင်ပြေချောမွေ့သော ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသဆိုင်ရာအစိုးရများ၏ ဘာဏ္ဍာရေးစနစ်များနှင့်အညီ အစိုးရကြွေးမြီ စီမံခန့်ခွဲရေး ယန္တရားတစ်ခု တည်ဆောက်ရန်နှင့် ကြွေးကျန်ငွေများကို တာဆီးရန် ရေရှည်ယန္တရားတိုတက်ရေး အားထုတ်မှုများ အရေးပါခြင်းကို သူကပြောပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG