【 နိုင်ငံတကာ 】 (၄) ကြိမ်မြောက် တရုတ် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲကို တရားဝင် ဖွင့်လှစ်

【 နိုင်ငံတကာ 】 (၄) ကြိမ်မြောက် တရုတ် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲကို တရားဝင် ဖွင့်လှစ်

ပေကျင်း၊ ဧပြီ - ၁၄
 
ဧပြီလ ၁၃ ရက်နေ့က (၄) ကြိမ်မြောက် တရုတ် နိုင်ငံတကာ စားသုံးကုန် ကုန်စည်ပြပွဲကို ဟိုင်နန်တွင် တရားဝင် ဖွင့်လှစ်ခဲ့ပါတယ်။
 
သိပ္ပံနည်းပညာ ကုန်ပစ္စည်း၊ ကျန်းမာရေးအစားအစာနှင့် အလှကုန်ပစ္စည်းများအပါအဝင် နယ်ပယ်စုံ၏ ကုန်ပစ္စည်းသစ်ပြသရေးလှုပ်ရှားမှုများနှင့်အတူ ကုန်စည်ပြပွဲကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
 
ဗြိတိန်၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်စသော နိုင်ငံများနှင့် ဒေသ (၁၀) ခုကျော်မှ ကုန်သည်အဖွဲ့များနှင့် ကမ္ဘာ့နာမည်ကျော် ကုမ္ပဏီကြီးများမှ ခေါင်းဆောင် ၁၀၀ ကျော်တို့သည် စီးပွားရေးလှုပ်ရှားမှုများသို့ တက်ရောက်ပါဝင်ကြကြောင်း China Media Group သတင်းအရ သိရပါတယ်။