ကာလာပရင်တာဖြင့် ထုတ်ယူသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၅ ရွက် မှော်ဘီတွင် ဖမ်းဆီးရမိ

ကာလာပရင်တာဖြင့် ထုတ်ယူသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁၅ ရွက် မှော်ဘီတွင် ဖမ်းဆီးရမိ

မှော်ဘီမြို့နယ်သာယာကုန်း စံပြကျေးရွာတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုကို ကာလာပရင် တာဖြင့် ထုတ်ယူပြီး Wave Moneyဆိုင်မှ တစ်ဆင့် ငွေလွှဲရန်ကြိုးစားသည့် အမျိုးသမီးတစ်ဦးအပါအဝင် သုံးဦး ကို ဖမ်းဆီးရမိတယ်လို့ ပြည်ထဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၄ ရက်ည ၁၀ နာရီအချိန်က မှော်ဘီမြို့နယ်၊ ထောက်ကြန့်မြို့ သာယာကုန်း စံပြ ကျေးရွာနေ ဒေါ်ခင်မာသိန်း (၃၅)နှစ်၏ Wave Money ဆိုင်သို့ အမျိုးသား ၁ ဦးမှ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အတုများဖြင့် ငွေလာရောက်လွှဲပို့နေကြောင်း သတင်းအရ မှော်ဘီမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးရာ လာရောက်ငွေလွှဲသူ ဇေယျာလင်း(၂၁)နှစ်ထံမှ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အတု၁၅ ရွက်အား သိမ်းဆည်းရမိခဲ့ပါတယ်။

ဇေယျာလင်းအား စစ်မေးရာ ၎င်းသည် သူငယ်ချင်းဖြစ်သူ သားကြီး(ခ) နန်းမင်းပိုင်(၂၆)နှစ်နှင့် အရှည်ကြီး(ခ)စန်းလင်းဦး (စိစစ်ဆဲ)တို့နှင့်အတူ သာယာကုန်းစံပြကျေးရွာသို့ သွားရောက်စဉ် သားကြီး(ခ) နန်းမင်းပိုင်က အဆိုပါ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၅ ရွက်အား ၎င်း၏ဖုန်းနံပါတ်သို့ လွှဲပေးရန် စေခိုင်းခဲ့ပြီး သားကြီး (ခ)နန်းမင်းပိုင်နှင့် အရှည်ကြီး(ခ)စန်းလင်းဦးတို့က အခြား Wave Money ဆိုင်မှ ထုတ်ယူမည်ဖြစ်ကြောင်း၊ ဇေယျာလင်းသည် သာယာကုန်းစံပြကျေးရွာရှိ ဒေါ်ခင်မာသိန်း၏ Wave Money ဆိုင်မှ သွားရောက်လွှဲပေးစဉ် ငွေစက္ကူအတုများဖြစ်ကြောင်း သိရှိသွားသောကြောင့် သားကြီး(ခ) နန်းမင်းပိုင် အား ပြန်လည် လွှဲခိုင်းခဲ့ကြောင်း၊ အဆိုပါငွေ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုများမှာ သားကြီး(ခ)နန်းမင်းပိုင်က ၎င်း၏ဇနီးဖြစ်သူ ဝတ်ရည်ဖြူ(၂၆)နှစ်၏ နေအိမ်ရှိ ကာလာပရင်တာဖြင့် ပြုလုပ် ခိုင်းခြင်းဖြစ်ကြောင်း ဖော်ထုတ်စစ်မေးသိရှိရပါတယ်။

ထိုသို့သိရှိရသဖြင့် ငွေစက္ကူအတုပြုလုပ်သူ ဇေယျာလင်း၊ သားကြီး(ခ)နန်းမင်းပိုင်၊ ဝတ်ရည်ဖြူတို့ ၃ ဦး(ဖမ်းမိ)နှင့် အရှည်ကြီး (ခ) စန်းလင်းဦး(ဖမ်းမမိ) အား မှော်ဘီမြို့မရဲစခန်း(ပ)၁၀၅၆/၂၀၁၉၊ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

KZ
ရန်ကုန်၊ဇွန် ၅

(   Zawgyi  )

 ေမွာ္ဘီၿမိဳ႕နယ္သာယာကုန္း စံျပေက်း႐ြာတြင္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတုကို ကာလာပရင္ တာျဖင့္ ထုတ္ယူၿပီး Wave Moneyဆိုင္မွ တစ္ဆင့္ ေငြလႊဲရန္ႀကိဳးစားသည့္ အမ်ိဳးသမီးတစ္ဦးအပါအဝင္ သုံးဦး ကို ဖမ္းဆီးရမိတယ္လို႔ ျပည္ထဲသတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ျဖစ္စဥ္မွာ ဇြန္လ ၄ ရက္ည ၁၀ နာရီအခ်ိန္က ေမွာ္ဘီၿမိဳ႕နယ္၊ ေထာက္ၾကန႔္ၿမိဳ႕ သာယာကုန္း စံျပ ေက်း႐ြာေန ေဒၚခင္မာသိန္း (၃၅)ႏွစ္၏ Wave Money ဆိုင္သို႔ အမ်ိဳးသား ၁ ဦးမွ ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴ အတုမ်ားျဖင့္ ေငြလာေရာက္လႊဲပို႔ေနေၾကာင္း သတင္းအရ ေမွာ္ဘီၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္ စစ္ေဆးရာ လာေရာက္ေငြလႊဲသူ ေဇယ်ာလင္း(၂၁)ႏွစ္ထံမွ ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴ အတု၁၅ ႐ြက္အား သိမ္းဆည္းရမိခဲ့ပါတယ္။

ေဇယ်ာလင္းအား စစ္ေမးရာ ၎သည္ သူငယ္ခ်င္းျဖစ္သူ သားႀကီး(ခ) နန္းမင္းပိုင္(၂၆)ႏွစ္ႏွင့္ အရွည္ႀကီး(ခ)စန္းလင္းဦး (စိစစ္ဆဲ)တို႔ႏွင့္အတူ သာယာကုန္းစံျပေက်း႐ြာသို႔ သြားေရာက္စဥ္ သားႀကီး(ခ) နန္းမင္းပိုင္က အဆိုပါ ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴအတု ၁၅ ႐ြက္အား ၎၏ဖုန္းနံပါတ္သို႔ လႊဲေပးရန္ ေစခိုင္းခဲ့ၿပီး သားႀကီး (ခ)နန္းမင္းပိုင္ႏွင့္ အရွည္ႀကီး(ခ)စန္းလင္းဦးတို႔က အျခား Wave Money ဆိုင္မွ ထုတ္ယူမည္ျဖစ္ေၾကာင္း၊ ေဇယ်ာလင္းသည္ သာယာကုန္းစံျပေက်း႐ြာရွိ ေဒၚခင္မာသိန္း၏ Wave Money ဆိုင္မွ သြားေရာက္လႊဲေပးစဥ္ ေငြစကၠဴအတုမ်ားျဖစ္ေၾကာင္း သိရွိသြားေသာေၾကာင့္ သားႀကီး(ခ) နန္းမင္းပိုင္ အား ျပန္လည္ လႊဲခိုင္းခဲ့ေၾကာင္း၊ အဆိုပါေငြ ၁၀၀၀၀ က်ပ္တန္ ေငြစကၠဴအတုမ်ားမွာ သားႀကီး(ခ)နန္းမင္းပိုင္က ၎၏ဇနီးျဖစ္သူ ဝတ္ရည္ျဖဴ(၂၆)ႏွစ္၏ ေနအိမ္ရွိ ကာလာပရင္တာျဖင့္ ျပဳလုပ္ ခိုင္းျခင္းျဖစ္ေၾကာင္း ေဖာ္ထုတ္စစ္ေမးသိရွိရပါတယ္။

ထိုသို႔သိရွိရသျဖင့္ ေငြစကၠဴအတုျပဳလုပ္သူ ေဇယ်ာလင္း၊ သားႀကီး(ခ)နန္းမင္းပိုင္၊ ဝတ္ရည္ျဖဴတို႔ ၃ ဦး(ဖမ္းမိ)ႏွင့္ အရွည္ႀကီး (ခ) စန္းလင္းဦး(ဖမ္းမမိ) အား ေမွာ္ဘီၿမိဳ႕မရဲစခန္း(ပ)၁၀၅၆/၂၀၁၉၊ ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၅/ ၁၀၆ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရပါတယ္။

KZ
ရန္ကုန္၊ဇြန္ ၅