ကျပ်သိန်း ၂၀၀ ကျော်တိုက်ခန်းများ အရောင်းအဝယ်ဖြစ်လာ

ကျပ်သိန်း ၂၀၀ ကျော်တိုက်ခန်းများ အရောင်းအဝယ်ဖြစ်လာ

ယခုရက်ပိုင်းထဲ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ကျပ်သိန်း ၂၀၀ ဝန်းကျင် တန်ဖိုးရှိတဲ့ တိုက်ခန်းတွေအနေနဲ့ အရောင်းအဝယ်တွေရှိလာခဲ့တယ်လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ပြောပါတယ်။

အဆိုပါ ဝယ်ယူသူတွေဟာ အရစ်ကျအနေနဲ့ ဝယ်ယူကြတာဖြစ်သလို ဘဏ်တွေနဲ့ချိတ်ဆက်တဲ့ ချေးငွေတွေ အနေနဲ့ ဝယ်ယူလုပ်ဆောင်ကြ တာဖြစ်တယ်လို့ သိရပါတယ်။ “အခုက အရစ်ကျနဲ့ဝယ်လို့ရတာကြောင့်လည်း Middle Class တွေအတွက် တိုက်ခန်းပိုင်ဆိုင်ဖို့ အခွင့်အလမ်း တွေ ပိုလာပါတယ်”လို့လည်း သူက ပြောပါတယ်။ သာမန်အားဖြင့် ဈေးကွက်အေးနေတဲ့အချိန်မှာ ဘဏ်တွေနဲ့အရစ်ကျရောင်းချ လုပ်ကိုင် တာတွေ ကြောင့်လည်း ယခုလိုအရောင်းအဝယ်ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ထိုအရောင်းအဝယ်ဖြစ်နေတဲ့ တိုက်ခန်းတွေဟာ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ လှိုင်နဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွေထဲ တိုက်ခန်းတွေလည်းဖြစ်ပြီး တစ်ချို့သော အခန်းတွေဟာ စီးပွားရေး အရ အကွက်အကွင်းမကောင်းတဲ့ နေရာတွေမှာဖြစ်ပေမယ့် အရစ်ကျအနေနဲ့ ရောင်းချတာတွေကြောင့်လည်း အရောင်းအဝယ်ဖြစ်လာခဲ့တာလို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၂၅

(  Zawgyi  )

 ယခုရက္ပိုင္းထဲ ရန္ကုန္တိုင္းေဒသႀကီးထဲမွာ က်ပ္သိန္း ၂၀၀ ဝန္းက်င္ တန္ဖိုးရွိတဲ့ တိုက္ခန္းေတြအေနနဲ႔ အေရာင္းအဝယ္ေတြရွိလာခဲ့တယ္လို႔ ျမန္မာႏိုင္ငံ အိမ္ၿခံေျမဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအသင္း ဒုတိယဥကၠ႒ ဦးသန္းဦးက ေျပာပါတယ္။

အဆိုပါ ဝယ္ယူသူေတြဟာ အရစ္က်အေနနဲ႔ ဝယ္ယူၾကတာျဖစ္သလို ဘဏ္ေတြနဲ႔ခ်ိတ္ဆက္တဲ့ ေခ်းေငြေတြ အေနနဲ႔ ဝယ္ယူလုပ္ေဆာင္ၾက တာျဖစ္တယ္လို႔ သိရပါတယ္။ “အခုက အရစ္က်နဲ႔ဝယ္လို႔ရတာေၾကာင့္လည္း Middle Class ေတြအတြက္ တိုက္ခန္းပိုင္ဆိုင္ဖို႔ အခြင့္အလမ္း ေတြ ပိုလာပါတယ္”လို႔လည္း သူက ေျပာပါတယ္။ သာမန္အားျဖင့္ ေဈးကြက္ေအးေနတဲ့အခ်ိန္မွာ ဘဏ္ေတြနဲ႔အရစ္က်ေရာင္းခ် လုပ္ကိုင္ တာေတြ ေၾကာင့္လည္း ယခုလိုအေရာင္းအဝယ္ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

ထိုအေရာင္းအဝယ္ျဖစ္ေနတဲ့ တိုက္ခန္းေတြဟာ ေတာင္ဥကၠလာ၊ သဃၤန္းကြၽန္း၊ သာေကတ၊ ေဒါပုံ၊ လႈိင္နဲ႔ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း) ၿမိဳ႕နယ္ေတြထဲ တိုက္ခန္းေတြလည္းျဖစ္ၿပီး တစ္ခ်ိဳ႕ေသာ အခန္းေတြဟာ စီးပြားေရး အရ အကြက္အကြင္းမေကာင္းတဲ့ ေနရာေတြမွာျဖစ္ေပမယ့္ အရစ္က်အေနနဲ႔ ေရာင္းခ်တာေတြေၾကာင့္လည္း အေရာင္းအဝယ္ျဖစ္လာခဲ့တာလို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ဇြန္ ၂၅