ကြားဖြတ်သန်းခေါင်းစာရင်းအား CAPI နည်းပညာအသုံးပြကာ Mobile Tablets များနှင့် စာရင်းကောက်ယူသွားမည်

ကြားဖြတ်သန်းခေါင်းစာရင်းအား CAPI နည်းပညာအသုံးပြကာ  Mobile Tablets များနှင့် စာရင်းကောက်ယူသွားမည်

 လာမည့် ကြားဖြတ်သန်းခေါင်းစာရင်းအား CAPI နည်းပညာအသုံးပြ၍ Mobile Tabletsများနှင့် ကောက်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေမှပြောကြားပါတယ်။ “ကြားဖြတ်သန်းခေါင် စာရင်းကောက် ယူရာမှာ၂၀၁၄ခုနှစ်၊ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူ စဉ်ကလိုမေးခွန်းစာရွက်များနဲ့Manualကောက်ယူမှာမဟုတ်ဘဲMobile Tabletsများအသုံးပြုပြီးကွန်ပြူတာ အခြေပြု လူတစ်ဦးချင်းအင်တာဗျူးတဲ့စနစ်(Computer Assisted Personal Interviewing-CAPI)နည်; ပညာကိုအသုံးပြုပြီးကော က်ယူသွားမှာဖြစ်ပါတယ် “ လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

(၁၀)နှစ်တစ်ကြိမ်ကောက်ယူတဲ့သန်းခေါင်းစာရင်းရဲ့အချက်အလက်များကိုလက်ရှိအခြေအနေနဲ့ကွာ ဟမှုမရှိစေရန် နဲ့ပြောင်းလဲမှု ကိုသိရှိနိုင်စေ ရန်ကမ္ဘာ့နိုင်ငံအတော်များများမှာဆောင်ရွက်လျက်ရှိတဲ့အတွေ့အ ကြုံများကိုလေ့လာ သုံးသပ်ပြီး ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူပြီး(၅)နှစ် အကြာဖြစ်တဲ့ယခု၂၀၁၉ခုနှစ် နိုဝင်ဘာလ မှာကြားဖြတ် သန်းခေါင်စာရင်းကောက်ယူနိုင်ရန်စီစဉ်ရခြင်းဖြစ်ပါတယ် လို့လည်း ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

ယခုလက်ရှိတွင်မြေပုံထုတ်လုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍စာရင်းကောက်ကွက်(၄၀၀၀)ကျော်အတွက်မြေပုံများ(update)ပြုလုပ်ခြင်းနှင့်(Digitize)ပြုလုပ်ခြင်းကိုဆောင်ရွက်လျက်ရှိရာနေပြည်တော်ကောင်စီနယ်မြေ၊ဧရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်နှင့်ကရင်ပြည်နယ်တို့တွင်ဆောင်ရွက်ပြီးစီး ဖြစ်ပြီး ကယားပြည်နယ်၊မွန် ပြည်နယ်၊ ကချင်ပြည်တို့တွင် ကွင်းဆင်းဆောင်ရွက်နေဆဲဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းက နေပြည်တော်၊သင်္ဂဟဟိုတယ်တွင် ၂၀၁၉ခုနှစ်၊ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး အတွက် အသုံးပြုမည့်မေးခွန်းပုံစံတွင်ထည့်သွင်းဖော်ပြနိုင်ရေးအတွက်အချက် အလက်အသုံးပြု သူများအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။

PTG
နေပြည်တော်၊ဇွန်-၂၅

(  Zawgyi  )





PTG
နေပြည်တော်၊ဇွန်-၂၅