ချောင်းဦးမြို့နယ်တွင် Express ယာဉ်နှင့် Hijet ယာဉ် မျက်နှာချင်းတိုက်မှုကြောင့် ၃ ဦးသေဆုံး

ချောင်းဦးမြို့နယ်တွင် Express ယာဉ်နှင့် Hijet ယာဉ် မျက်နှာချင်းတိုက်မှုကြောင့် ၃ ဦးသေဆုံး

ချောင်းဦးမြို့နယ် တွင် ဇူလိုင်လ ၁၁ ရက်နေ့က ရွှေမန်းသူ Express ယာဉ်နှင့် Hijet ယာဉ်တို့ မျက်နှာချင်းတိုက်မှုကြောင့် အခင်းဖြစ်နေရာတွင် ၃ ဦးသေဆုံးခဲ့တယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၁ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင် ၆၅/၃ ကြားတွင် မြိုင်မှ မန္တလေးသို့ စောဆက်စံ (၂၆) နှစ် မောင်းနှင်လာသည့် “ရွှေမန်းသူ” ခရီးသည်တင်ယာဉ်သည် မြင်းမူမှ မုံရွာသို့ သန့်ဇင်ဖြိုး (၂၆) နှစ် မောင်းနှင်ပြီး ဒေါ်ဌေးရီ (၅၃) နှစ်ပါ ၄ ဦး (ကျား ၁၊ မ ၃) တို့ လိုက်ပါလာသည့် Hijet ယာဉ်နှင့် လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ဒေါ်ဌေးရီ ပါ ၃ ဦး(ကျား ၁၊ မ ၂) ဦးတွင် ဦးခေါင်းကြေမွ/ ဦးခေါင်းထိပ်ချိုင့်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်သဲမာ (၃၃) နှစ်တွင် ဝဲတံတောင်ဆစ်ရိုးကျိုးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းများဖြစ်သည့် စောဆက်စံ နှင့် သန့်ဇင်ဖြိုး တို့အား ချောင်းဦး မြို့မရဲစခန်း ယာဉ် (ပ) ၃၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈၊ ပေါ့လျော့မှုကြောင့် လူသေမှု၊ ပြင်းထန်နာကျင်စေမှုတို့ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ချောင်းဦး၊ ဇူလိုင် - ၁၂

( Zawgyi )

ေခ်ာင္းဦးၿမိဳ႕နယ္ တြင္ ဇူလိုင္လ ၁၁ ရက္ေန႔က ေ႐ႊမန္းသူ Express ယာဥ္ႏွင့္ Hijet ယာဥ္တို႔ မ်က္ႏွာခ်င္းတိုက္မႈေၾကာင့္ အခင္းျဖစ္ေနရာတြင္ ၃ ဦးေသဆုံးခဲ့တယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၁၁ ရက္ နံနက္ ၁၀ နာရီအခ်ိန္ခန႔္တြင္ ေခ်ာင္းဦးၿမိဳ႕နယ္၊ မုံ႐ြာ-မႏၲေလး ကားလမ္း မိုင္တိုင္ ၆၅/၃ ၾကားတြင္ ၿမိဳင္မွ မႏၲေလးသို႔ ေစာဆက္စံ (၂၆) ႏွစ္ ေမာင္းႏွင္လာသည့္ “ေ႐ႊမန္းသူ” ခရီးသည္တင္ယာဥ္သည္ ျမင္းမူမွ မုံ႐ြာသို႔ သန႔္ဇင္ၿဖိဳး (၂၆) ႏွစ္ ေမာင္းႏွင္ၿပီး ေဒၚေဌးရီ (၅၃) ႏွစ္ပါ ၄ ဦး (က်ား ၁၊ မ ၃) တို႔ လိုက္ပါလာသည့္ Hijet ယာဥ္ႏွင့္ လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိခဲ့ပါတယ္။

ယာဥ္တိုက္မႈေၾကာင့္ ေဒၚေဌးရီ ပါ ၃ ဦး(က်ား ၁၊ မ ၂) ဦးတြင္ ဦးေခါင္းေၾကမြ/ ဦးေခါင္းထိပ္ခ်ိဳင့္ဝင္ ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ၿပီး ေဒၚသဲမာ (၃၃) ႏွစ္တြင္ ဝဲတံေတာင္ဆစ္႐ိုးက်ိဳးဒဏ္ရာ (မစိုးရိမ္ရ) ရရွိခဲ့ပါတယ္။

အဆိုပါ ယာဥ္တိုက္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းမ်ားျဖစ္သည့္ ေစာဆက္စံ ႏွင့္ သန႔္ဇင္ၿဖိဳး တို႔အား ေခ်ာင္းဦး ၿမိဳ႕မရဲစခန္း ယာဥ္ (ပ) ၃၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈၊ ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ၊ ျပင္းထန္နာက်င္ေစမႈတို႔ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေခ်ာင္းဦး၊ ဇူလိုင္ - ၁၂