ခြောက်လအတွင်း ပြည်ပနိုင်ငံများ ပုံမှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလျံခန့်ရှိခဲ့

ခြောက်လအတွင်း ပြည်ပနိုင်ငံများ ပုံမှန်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၇ ဘီလျံခန့်ရှိခဲ့

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ အမရေိကန်ဒေါ်လာ ၁၇ ဘီလျံခန့်ရှိလာကာ ထိုပမာဏမှာ ယခင်ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာ သန်း၁၃၀ ကျော်ရှိခဲ့ကြောင်း ဧပြီလအတွင်းထုတ်ပြန်သည့်  ကုန်သွယ်ရေးဦးစီးဌာန၏ ဘဏ္ဍာ နှစ်အလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအ လိုက်) ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်းအချက်အလက်များအရ သိရပါတယ်။

ပြီးခဲ့သည့် မတ် ၉ ရက်မှ မတ် ၂၉ ရက်အတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ  အမေရိကန် ဒေါ်လာ ၁၉၈၁ဒသမ ၀၄၄ သန်းရှိပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ် လာ ၃၅၂၂ ဒသမ ၆၉၇ သန်းနှင့် နိူင်းယှဉ်ကြည့်ပါက ခေါက်ချိုးနီးပါး ကျဆင်းခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခြောက်လတာကာလအတွင်း ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ ၁၆၉၂၅ ဒသမ၄၆၉  သန်း ရှိကာ ထိုပမာဏမှာ ပြီးခဲ့သည့် ကာလတူထက် ကန်ဒေါ်လာ ၁၃၇ ဒသမ ၂၄၉  သန်းပိုမိုခဲ့ပါတယ်။ယခုဘဏ္ဍာရေးနှစ် ၂၀၁၈-၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ မတ် ၂၉  ရက်အထိ ငါးလ တာ အတွင်း ပင်လယ်ရေကြောင်း မှ ကုန်သွယ်မှု ပမာဏမှာပို့ကုန် အမေရိကန်ဒေါ်လာ ၄၅၉၂  ဒသမ ၈၂၉ သန်း နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၇၄၉၇ ဒသမ ၂၂၆ သန်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂၀၉၀ ဒသမ ၀၅၅ သန်း ဖိုးကုန်သွယ်ခဲ့ကာ၊ နယ်စပ်မှ ကုန်သွယ်မှု ပမာဏမှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၃၄၀၄ ဒသမ ၇၈၀ သန်း နှင့် သွင်းကုန် အမေရိကန် ဒေါ်လာ ၁၄၃၀  ဒသမ ၆၃၄ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၈၃၅ ဒသမ ၄၁၄ သန်းဖိုးကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။
    
ကုန်သွယ်မှုလိုငွေပမာဏတွင် ယခင်ဘဏ္ဍာနှစ် မတ် ၂၉  ရက်အထိ ကုန်သွယ်ရာတွင် အမေရိကန် ဒေါ်လာ၂၁၀၅ ဒသမ ၀၂၂ သန်း လိုငွေဖြစ်ပေါ်ခဲ့ရာမှ ယခုဘဏ္ဍာနှစ် မတ် ၂၉ ရက်အထိ ကုန်သွယ်ရာ တွင် အမေရိကန်ဒေါ်လာ ၉၃၀ ဒသမ ၂၅၁ သန်းသာ လိုငွေဖြစ်ပေါ်ခဲ့ သဖြင့် ယခင်ကာလတူထက် အမေရိကန် ဒေါ်လာ ၁၁၇၄ ဒသမ၇၇၁  သန်းလျော့နည်းခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ဧပြီ ၁၈ 

(   Zawgyi  )

 ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈပမာဏမွာ အမေရိကန္ေဒၚလာ ၁၇ ဘီလ်ံခန႔္ရွိလာကာ ထိုပမာဏမွာ ယခင္ဘ႑ာႏွစ္ကာလတူထက္ ကန္ေဒၚလာ သန္း၁၃၀ ေက်ာ္ရွိခဲ့ေၾကာင္း ဧၿပီလအတြင္းထုတ္ျပန္သည့္  ကုန္သြယ္ေရးဦးစီးဌာန၏ ဘ႑ာ ႏွစ္အလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအ လိုက္) ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေန စာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

ၿပီးခဲ့သည့္ မတ္ ၉ ရက္မွ မတ္ ၂၉ ရက္အတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈပမာဏမွာ  အေမရိကန္ ေဒၚလာ ၁၉၈၁ဒသမ ၀၄၄ သန္းရွိၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ ေဖေဖၚဝါရီလကုန္သြယ္မႈပမာဏ အေမရိကန္ ေဒၚ လာ ၃၅၂၂ ဒသမ ၆၉၇ သန္းႏွင့္ ႏိူင္းယွဥ္ၾကည့္ပါက ေခါက္ခ်ိဳးနီးပါး က်ဆင္းခဲ့ပါတယ္။

၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ ေျခာက္လတာကာလအတြင္း ျပည္ပ ႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ ၁၆၉၂၅ ဒသမ၄၆၉  သန္း ရွိကာ ထိုပမာဏမွာ ၿပီးခဲ့သည့္ ကာလတူထက္ ကန္ေဒၚလာ ၁၃၇ ဒသမ ၂၄၉  သန္းပိုမိုခဲ့ပါတယ္။ယခုဘ႑ာေရးႏွစ္ ၂၀၁၈-၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္မွ မတ္ ၂၉  ရက္အထိ ငါးလ တာ အတြင္း ပင္လယ္ေရေၾကာင္း မွ ကုန္သြယ္မႈ ပမာဏမွာပို႔ကုန္ အေမရိကန္ေဒၚလာ ၄၅၉၂  ဒသမ ၈၂၉ သန္း ႏွင့္ သြင္းကုန္ အေမရိကန္ေဒၚလာ ၇၄၉၇ ဒသမ ၂၂၆ သန္း စုစုေပါင္း အေမရိကန္ ေဒၚလာ ၁၂၀၉၀ ဒသမ ၀၅၅ သန္း ဖိုးကုန္သြယ္ခဲ့ကာ၊ နယ္စပ္မွ ကုန္သြယ္မႈ ပမာဏမွာ ပို႔ကုန္ အေမရိကန္ ေဒၚလာ ၃၄၀၄ ဒသမ ၇၈၀ သန္း ႏွင့္ သြင္းကုန္ အေမရိကန္ ေဒၚလာ ၁၄၃၀  ဒသမ ၆၃၄ သန္း စုစုေပါင္း အေမရိကန္ေဒၚလာ ၄၈၃၅ ဒသမ ၄၁၄ သန္းဖိုးကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။
    
ကုန္သြယ္မႈလိုေငြပမာဏတြင္ ယခင္ဘ႑ာႏွစ္ မတ္ ၂၉  ရက္အထိ ကုန္သြယ္ရာတြင္ အေမရိကန္ ေဒၚလာ၂၁၀၅ ဒသမ ၀၂၂ သန္း လိုေငြျဖစ္ေပၚခဲ့ရာမွ ယခုဘ႑ာႏွစ္ မတ္ ၂၉ ရက္အထိ ကုန္သြယ္ရာ တြင္ အေမရိကန္ေဒၚလာ ၉၃၀ ဒသမ ၂၅၁ သန္းသာ လိုေငြျဖစ္ေပၚခဲ့ သျဖင့္ ယခင္ကာလတူထက္ အေမရိကန္ ေဒၚလာ ၁၁၇၄ ဒသမ၇၇၁  သန္းေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ဧၿပီ ၁၈