ဂျပန်နှင့် ကုန်သွယ်မှု လျော့ကျနေပြီး ခုနှစ်လအတွင်း ကန်ဒေါ်လာ တစ်ဘီလျံကျော်ထိသာ ရှိ

ဂျပန်နှင့် ကုန်သွယ်မှု လျော့ကျနေပြီး ခုနှစ်လအတွင်း ကန်ဒေါ်လာ တစ်ဘီလျံကျော်ထိသာ ရှိ

မြန်မာနှင့် ဂျပန် ကုန်သွယ်မှုပမာဏမှာ ၂၀၁၈ အောက်တိုဘာမှ  ၂၀၁၉ ဧပြီလအထိ ခုနှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်ထိ ရှိလာပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တစ်ခုလုံး ကုန်သွယ်မှုပမာဏ ထက်ဝက်ကို aကျာ်လွန်ခဲ့ကြောင်း ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် ကုန်သွယ်ရေးဦးစီးဌာန၏ ကိန်းဂဏန်းအချက်အလက်များအရ သိရပါတယ်။

“ကုန်သွယ်မှုက ပုံမှန်ပါဘဲ။အရင်ကထက်တော့ ပိုများလာမယ်ထင်ပါတယ်။ဒီဘက်မှာ သီလဝါက ဂျပန်က တိုက်ရိုက်လာထုတ်လုပ်နေတဲ့အတွက် အထည်တွေလို၊ သစ်ချောထည်တွေလို၊ စက်ကိရိယာတွေလို ဒါတွေလည်း များလာဖို့ရှိပါတယ်။ပြီးတော့ ဟိုဘက်က အရင်ကတော့ ကားတွေ သွင်းတာများတယ်လေ။အခုက အသစ်ဘဲဆိုတော့ အစီးရေနည်းပေမယ့် ငွေပမာဏကတော့ သိပ်မထူးဘူး။ဒီတော့ ကုန်သွယ်မှုက အရင်ကထက်ပိုနည်းလာဖွယ် မရှိဘူး” လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။

ယခုထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ဧပြီလအတွင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၀၂၂ သန်းရှိပြီး ဂျပန်သို့ မြန်မာဘက်မှ ပို့ကုန် ကန်ဒေါ်လာ ၈၁ ဒသမ ၆၀၉ သန်းဖိုး တင်ပို့ခဲ့ကာ ဂျပန်ဘက်မှ သွင်းကုန် ကန်ဒေါ်လာ ၄၈ ဒသမ ၄၁၃ သန်းဖိုး တင်သွင်းခဲ့ပါတယ်။ဂျပန်-မြန်မာ ကုန်သွယ်မှုတွင် ဖေဖေါ်ဝါရီလက အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၂၅၃ သန်း၊ မတ်လက အမေရိကန်ဒေါ်လာ ၁၅၃ ဒသမ ၆၄၂ သန်းရှိကာ ယခုထုတ်ပြန်သည့် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၀၂၂ သန်းရှိသဖြင့် ကုန်သွယ်မှု လျော့ကျလာတာကို တွေ့ရပါတယ်။

ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဧပြီလအထိ ဂျပန်-မြန်မာ ကုန်သွယ်မှုပမာဏမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၈၀၀ ဒသမ ၅၃၂ သန်းရှိကာ သွင်းကုန် ၃၁၇ ဒသမ ၈၄၉ သန်း စုစုပေါင်း ခုနှစ်လတာကာလအတွင်း ကန်ဒေါ်လာ ၁၁၁၈ ဒသမ ၃ ၈၁သန်း ကုန်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း ဂျပန်-မြန်မာ ကုန်သွယ်မှုကို ပြန်ကြည့်ပါက ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၀၉ ဒသမ ၄၈၆ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃၀၅ ဒသမ ၀၅၈ သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၄၅ ဒသမ ၉၇၈ သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၃၁ ဒသမ ၇၉၁ သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၂၁ ဒသမ ၉၀၄ သန်း၊ ၂၀၁၈ ကာလတိုဘတ်ဂျက်ကာလတွင် အမေရိကန်ဒေါ်လာ ၁၀၉၅ ဒသမ ၈၄၄ သန်း ကုန်သွယ်ခဲ့ကြောင်း လက်ရှိစာရင်းအချက်အလက်များအရ သိရပါတယ်။

PWA
ရန်ကုန်၊ ဇွန် - ၁၅
Photo Credit : U.S. - Wall Street Journal

( Zawgyi )

ျမန္မာႏွင့္ ဂ်ပန္ ကုန္သြယ္မႈပမာဏမွာ ၂၀၁၈ ေအာက္တိုဘာမွ  ၂၀၁၉ ဧၿပီလအထိ ခုႏွစ္လတာကာလအတြင္း အေမရိကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္ထိ ရွိလာၿပီး ထိုပမာဏမွာ ၿပီးခဲ့သည့္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တစ္ခုလုံး ကုန္သြယ္မႈပမာဏ ထက္ဝက္ကို aက်ာ္လြန္ခဲ့ေၾကာင္း ဇြန္လအတြင္း ထုတ္ျပန္ခဲ့သည့္ ကုန္သြယ္ေရးဦးစီးဌာန၏ ကိန္းဂဏန္းအခ်က္အလက္မ်ားအရ သိရပါတယ္။

“ကုန္သြယ္မႈက ပုံမွန္ပါဘဲ။အရင္ကထက္ေတာ့ ပိုမ်ားလာမယ္ထင္ပါတယ္။ဒီဘက္မွာ သီလဝါက ဂ်ပန္က တိုက္႐ိုက္လာထုတ္လုပ္ေနတဲ့အတြက္ အထည္ေတြလို၊ သစ္ေခ်ာထည္ေတြလို၊ စက္ကိရိယာေတြလို ဒါေတြလည္း မ်ားလာဖို႔ရွိပါတယ္။ၿပီးေတာ့ ဟိုဘက္က အရင္ကေတာ့ ကားေတြ သြင္းတာမ်ားတယ္ေလ။အခုက အသစ္ဘဲဆိုေတာ့ အစီးေရနည္းေပမယ့္ ေငြပမာဏကေတာ့ သိပ္မထူးဘူး။ဒီေတာ့ ကုန္သြယ္မႈက အရင္ကထက္ပိုနည္းလာဖြယ္ မရွိဘူး” လို႔ ကုန္သည္တစ္ဦးက ဆိုပါတယ္။

ယခုထုတ္ျပန္သည့္ ကိန္းဂဏန္းအခ်က္အလက္မ်ားအရ ဧၿပီလအတြင္း ကုန္သြယ္မႈပမာဏမွာ အေမရိကန္ေဒၚလာ ၁၃၀ ဒသမ ၀၂၂ သန္းရွိၿပီး ဂ်ပန္သို႔ ျမန္မာဘက္မွ ပို႔ကုန္ ကန္ေဒၚလာ ၈၁ ဒသမ ၆၀၉ သန္းဖိုး တင္ပို႔ခဲ့ကာ ဂ်ပန္ဘက္မွ သြင္းကုန္ ကန္ေဒၚလာ ၄၈ ဒသမ ၄၁၃ သန္းဖိုး တင္သြင္းခဲ့ပါတယ္။ဂ်ပန္-ျမန္မာ ကုန္သြယ္မႈတြင္ ေဖေဖၚဝါရီလက အေမရိကန္ေဒၚလာ ၂၀၆ ဒသမ ၂၅၃ သန္း၊ မတ္လက အေမရိကန္ေဒၚလာ ၁၅၃ ဒသမ ၆၄၂ သန္းရွိကာ ယခုထုတ္ျပန္သည့္ ဧၿပီလတြင္ အေမရိကန္ေဒၚလာ ၁၃၀ ဒသမ ၀၂၂ သန္းရွိသျဖင့္ ကုန္သြယ္မႈ ေလ်ာ့က်လာတာကို ေတြ႕ရပါတယ္။

ထုတ္ျပန္သည့္ စာရင္းအခ်က္အလက္မ်ားအရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ဧၿပီလအထိ ဂ်ပန္-ျမန္မာ ကုန္သြယ္မႈပမာဏမွာ ပို႔ကုန္ အေမရိကန္ေဒၚလာ ၈၀၀ ဒသမ ၅၃၂ သန္းရွိကာ သြင္းကုန္ ၃၁၇ ဒသမ ၈၄၉ သန္း စုစုေပါင္း ခုႏွစ္လတာကာလအတြင္း ကန္ေဒၚလာ ၁၁၁၈ ဒသမ ၃ ၈၁သန္း ကုန္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့သည့္ ၅ ႏွစ္တာကာလအတြင္း ဂ်ပန္-ျမန္မာ ကုန္သြယ္မႈကို ျပန္ၾကည့္ပါက ၂၀၁၃ -၂၀၁၄ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၈၀၉ ဒသမ ၄၈၆ သန္း၊ ၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၃၀၅ ဒသမ ၀၅၈ သန္း၊ ၂၀၁၅ -၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၈၄၅ ဒသမ ၉၇၈ သန္း၊ ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၂၀၃၁ ဒသမ ၇၉၁ သန္း၊ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၂၁ ဒသမ ၉၀၄ သန္း၊ ၂၀၁၈ ကာလတိုဘတ္ဂ်က္ကာလတြင္ အေမရိကန္ေဒၚလာ ၁၀၉၅ ဒသမ ၈၄၄ သန္း ကုန္သြယ္ခဲ့ေၾကာင္း လက္ရွိစာရင္းအခ်က္အလက္မ်ားအရ သိရပါတယ္။

PWA
ရန္ကုန္၊ ဇြန္ - ၁၅
Photo Credit : U.S. - Wall Street Journal