ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ ရှင်းလင်းခြင်း အလုပ် ရုံဆွေးနွေးပွဲ ကိုယနေ့နံနက်ပိုင်းက နေပြည်တော် Hilton Hotel ၌ကျင်း ပပြုလုပ်ခဲ့ပါတယ်။ ယင်းအလုပ်ရုံဆွေးနွေးပွဲ သို့ငွေကြေး ခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက် ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဒုတိယဝန်ကြီး၊ဗိုလ်ချုပ် အောင်သူ တက်ရောက်အမှာစကားပြောကြားခဲ့ရာမှာ “ အမျိုးသား အဆင့် မဟာဗျူဟာရဲ့ လုံခြုံ စိတ်ချရသော စီးပွားရေး ရပ်ဝန်းသို့ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ငွေကြေး ခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု အန္တရာယ်များမှ ကင်းဝေးပြီး လုံခြုံ စိတ်ချရတဲ့ စီးပွား လုပ်ငန်း တွေဖော်ဆောင် ရာမှာ သက်ဆိုင်ရာ ကဏ္ဍတွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍမှာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေတိုးတက်လာမှာ ဖြစ်လို့ မဟာဗျူဟာ လုပ်ငန်း စီမံချက်ကို အပြည့်အ၀ တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက် သွားကြဖို့တိုက်တွန်းလိုပါတယ်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာ ဗျူဟာကို သက်ဆိုင်ရာ ကဏ္ဍတွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့ စီးပွားရေး ကဏ္ဍမှာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုတွေ တိုးတက်လာမယ်“လို့ ပြောကြားခဲ့ပါတယ်။

ယနေ့ပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် ကျော်ဝင်းသိန်း မှသတင်းထောက်များအား ဖွင့်ပွဲအခမ်းအနားအပြီး ရှင်းလင်း ပြောကြား ရာတွင် “ ဒီနေ့အခမ်း အနားကတော့ကျွန်တော်တို့ရဲ့ National Strategy ပေါ့နော်၊ နိုင်ငံတော်အဆင့် မဟာ ဗျူဟာကို ဒီနေ့ကနေစပြီးတော့အကောင်အထည်ဖော် ဆောင်ရွက်တော့မယ်ဆိုတာ သက်ဆိုင်တဲ့ ဝန်ကြီးဌာန တွေ အားလုံးကို Launching လုပ်လိုက်တဲ့သဘောပါပဲ။ ဒီဟာကတော့ကျွန်တော်တို့ လုပ်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၄နှစ်လောက် ကနေစပြီးတော့ လုပ်ခဲ့တာပေါ့။ဒီနေ့ကတော့ National Strategy ပြီးသွားပြီ။ အစိုးရ အဖွဲ့ ကလည်း အတည်ပြုလိုက်ပြီဖြစ်တဲ့အတွက် ဒါကိုဒီနေ့ကစပြီး အကောင်အထည်ဖော် ဆောင်ရွက်တော့ မယ်လို့ကြေညာလိုက်တဲ့သဘောပါပဲ။

ကျွန်တော်တို့ဒီဟာကတော့ စစချင်းလုပ်တာကတော့ နိုင်ငံတော်အဆင့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်ခြင်း ဆိုတာ ကျွန်တော်တို့နိုင်ငံမှာ Money Launderingတွေ terror financing တွေရှိလားမရှိဘူးလားပေါ့။ ပြီးတော့ဘယ်နေရာတွေမှာရှိနေတာလဲ၊ ဘယ်နယ်ပယ်တွေ မှာဖြစ်နေ တာလဲ။ဖြစ်တာ ဘယ်လောက် ပမာဏထိဖြစ် တာလဲစသည်ဖြင့် ဒါတွေကိုလုပ်ဖို့ အတွက်နိုင်ငံတော် အဆင့် မဟာဗျူဟာ၊ နိုင်ငံတော်အဆင့် ဆုံးရှုံးနိုင ်ခြေ အန္တရာယ်တွေကိုကျွန်တော်တို့စရှာတာပေါ့။ ဘယ်နေရာတွေ မှာရှိတယ်၊အဲ့ဒါကိုရှာဖွေတဲ့အခါမှာ ဘယ်နေရာ မှာတော့ခြိမ်းခြောက် မှုတွေရှိတယ်။ဘယ်နေရာတွေကတော့ အားနည်းနေတယ်ပေါ့။ ဘယ်နေရာတွေ ကထိခိုက်ရှ လွယ်တဲ့နေရာတွေ၊ အဲ့ဒါတွေကို ရှာဖွေပြီးတဲ့အခါမှာ ထွက်လာတဲ့ရလဒ်တွေအား လုံးကိုကျွန်တော် တို့ရဲ့ နိုင်ငံတော်အဆင့်ဆုံးရှုံးနိုင်ခြေအန္တရာယ် အစီရင်ခံစာ ဆိုပြီး ကျွန်တော် တို့ကတင်ပြတယ်။ နိုင်ငံတော်ကလည်းဒါကို အတည်ပြုတယ်။ပြီးတဲ့အခါမှာ ဆက်ပြီးတော့ လျှော့ချဖို့အတွက်မဟာဗျူဟာ ရေးဆွဲဖို့ အတွက် ကျွန်တော်တို့ ကိုလမ်းညွှန်ခဲ့ ပါတယ်။

ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့တွေ့ရှိရတဲ့အားနည်းချက်တွေ၊ Guest တွေ၊ Refresh တွေ အားလုံးကို ကျွန်တော်တို့ လျှော့ချ နိုင်ဖို့ အတွက် မဟာဗျူဟာရေးဆွဲပါတယ်။ ဒါလည်းစောစောကပြောသလို ကျွန်တော်တို့က ဗဟိုအဖွဲ့ ရဲ့တာဝန်ပေးချက်အရ ပြည်ထဲရေးဒု-ဝန်ကြီးကဦးဆောင်ပြီးတော့ ကော်မတီဖွဲ့ တယ်။ Working Level အဆင့်တွေဖွဲ့တယ်။ ြ့ပီးတော့မှ နည်းပညာကတော့ IMF ကနေပေးပါတယ်။ အဲ့ဒီပေးတဲ့နည်းပညာ ကို အခြေခံပြီးကျွန်တော်တို့အားလုံးဌာနဆိုင်ရာတွေ ရော၊ပုဂ္ဂလိကအဖွဲ့အစည်းတွေရော အပါအဝင် ဆွေးနွေးပြီး တဲ့ အခါမှာအဆင်ဆင့်စိစစ်ပြီးတော့မှ ဗဟိုအဖွဲ့ကိုတင်ပြရပါတယ်။

ဒီငွေကြေး ခဝါချမှုတိုက်ဖျက်ရေး ဗဟို အဖွဲ့ကနေအတည်ပြုတယ်။ပြီးရင် အစိုးရကိုတင်ပြဖို့ဆုံးဖြတ်တဲ့အတွက် အစိုးရကို တင်ပြတယ်။ အစိုးရက ဒါကိုအတည်ပြုတယ်။ အတည်ပြုလိုက်တဲ့ အတွက် ဝန်ကြီးဌာနတွေ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးက အကောင်အထည်ဖော်ဆောင်ရွက် ဖို့တာဝန်ရှိတယ်။ ဒါတွေက ကျွန်တော်တို့ရဲ့ အားနည်းချက်ကိုတွေ့ပြီ။ ဒါကိုဘယ်လို ကုစားမလဲ ဆိုတဲ့ အဖြေလဲ ရပြီ။ ဒါကိုကျွန်တော်တို့က အကောင်အထည် ဖော်ဆောင်ရွက်တဲ့ အပိုင်းဒါစလုပ်တော့မှာ။ဒီနေ့ကတော့စလုပ်ပြီဆိုတာကြေညာတဲ့နေ့ပါ” လို့ ပြောကြားခဲ့ပါတယ်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ ရှင်းလင်းခြင်း အလုပ် ရုံဆွေးနွေးပွဲသို့ ပြည်ထဲရေး ဒုတိယဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဒုတိယ ရှေ့နေချုပ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌနှင့် ဆက်စပ် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံးမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းသိရှိရ ပါတယ်။

PTG
နေပြည်တော်၊ဇွန်-၂၈

(  Zawgyi  )







PTG
နေပြည်တော်၊ဇွန်-၂၈