ငွေ ဆယ်တစ်သိန်းကျော် လာဘ်စားမှုဖြင့် ရွှေဘို လ/ထ အခွန် ညွှန်မှူးနှင့် အကြီးတန်းစာရေးကို အရေးယူ

ငွေ ဆယ်တစ်သိန်းကျော် လာဘ်စားမှုဖြင့် ရွှေဘို လ/ထ အခွန် ညွှန်မှူးနှင့် အကြီးတန်းစာရေးကို အရေးယူ

မြေကွက်နှင့် ဆန်စက်အတွက် တံဆိပ်ခေါင်းဘိုး ကျသင့်ငွေထဲမှ ကိုယ်ကျိုးအတွက် ငွေ ဆယ့်တစ်သိန်းကျော်ရယူခဲ့သည့် ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်မှ စစ်ကိုင်း တိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူးနှင့်အကြီးတန်းစာရေးကို  အဂတိလိုက်စားမှုဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ  မင်းကျောင်းကျေးရွာအုပ်စုရှိ မြေကွက်နှင့် ဆန်စက်အတွက် တံဆိပ်ခေါင်းဘိုး ကျ သင့် ငွေ ကျပ်သိန်း (၃၀)ကို မြို့နယ် အခွန် ဦးစီးဌာနမှူး ဦးအောင်အောင်ကို  လက်ရောက်ပေးအပ်ခဲ့ ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းသည့် ငွေသွင်း ချလန်အရ နိုင်ငံတော်ရငွေမှာ ငွေကျပ် ၁,၈၇၈,၀၀ဝိ/- ဖြစ်၍ ပိုငွေ ကျပ် ၁,၁၂၂,၀၀ဝိ/-ကို ပြန်မပေးဘဲ ၎င်းနှင့် ရုံးအဖွဲ့အတွက်ဟုဆိုကာ ငွေကြေးရယူခဲ့တဲ့ အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဥပဒေနှင့်အညီ ဆောင်ရွက် ပေးဖို့ တိုင်ကြားခဲ့တယ်ဆိုပါတယ်။

အဆိုပါတိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာမှာ  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် အခွန်ဦးစီးဌာနမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်အောင်သည် ရွှေဘိုမြို့ မင်းကျောင်းကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၈၁၀)၊ တပ်မြို့တောင်ကွင်း၊ ဦးပိုင်အမှတ် A.2(21) ဧရိယာ (ဝ.၂၂၉) ဧက နှင့် A.2(52) ဧရိယာ (ဝ.၂၃၀) ဧက စုစုပေါင်းမြေကွက် (၂)ကွက် ဧရိယာ (ဝ.၄၅၉) ဧက နှင့် ယင်း မြေကွက်ပေါ်ရှိ အဆောက် အဦတို့အား ကာလတန်ဖိုး သတ်မှတ်ခြင်း နှင့် တံဆိပ်ခေါင်းခွန် ငွေပေးသွင်းရန်အတွက် ငွေကျပ် သိန်း(၃၀)ကို ပိုင်ရှင်၏ ကိုယ်စားလှယ်ထံမှ တောင်းခံရယူ ခဲ့ကြောင်း၊ ၂၉-၅-၂၀၁၉ ရက်စွဲပါ ပိုင်ရှင် အမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်သို့ အမှန်တကယ် တံဆိပ်ခေါင်းခွန် ပေးသွင်းသည့် ငွေသွင်းချ လန် တွင် တံဆိပ်ခေါင်းခွန် ကျသင့် ပေးသွင်းငွေမှာ ၁,၈၇၈,၀၀ဝိ/- သာဖြစ်၍ ပိုငွေကျပ် ၁,၁၂၂,၀၀ဝိ/- အား ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ထိုသို့ စစ်ဆေးပေါ်ပေါက်သဖြင့် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်ညိုညိုဝင်း (ခ) မညိုအား  အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အတူ ပူးပေါင်းကြံစည်ခြင်း၊ အားပေး ကူညီခြင်းများ ဆောင်ရွက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မရဲစခန်းမှာ ဇူလိုင်၂  ရက်မှာ ပထမ သတင်းပေးတိုင်ကြားပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက် လျက် ရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

KZ
နေပြည်တော်၊ ဇူလိုင် ၂ 

(   Zawgyi  )

 ေျမကြက္ႏွင့္ ဆန္စက္အတြက္ တံဆိပ္ေခါင္းဘိုး က်သင့္ေငြထဲမွ ကိုယ္က်ိဳးအတြက္ ေငြ ဆယ့္တစ္သိန္းေက်ာ္ရယူခဲ့သည့္ ခဲ့သည့္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္မွ စစ္ကိုင္း တိုင္း ေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္ အခြန္ဦးစီးဌာနမႉးႏွင့္အႀကီးတန္းစာေရးကို  အဂတိလိုက္စားမႈျဖင့္ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္အမႈဖြင့္ခဲ့တယ္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က ယေန႔ထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ  မင္းေက်ာင္းေက်း႐ြာအုပ္စုရွိ ေျမကြက္ႏွင့္ ဆန္စက္အတြက္ တံဆိပ္ေခါင္းဘိုး က် သင့္ ေငြ က်ပ္သိန္း (၃၀)ကို ၿမိဳ႕နယ္ အခြန္ ဦးစီးဌာနမႉး ဦးေအာင္ေအာင္ကို  လက္ေရာက္ေပးအပ္ခဲ့ ေၾကာင္း၊ ျမန္မာ့စီးပြားေရးဘဏ္သို႔ ေပးသြင္းသည့္ ေငြသြင္း ခ်လန္အရ ႏိုင္ငံေတာ္ရေငြမွာ ေငြက်ပ္ ၁,၈၇၈,၀၀ဝိ/- ျဖစ္၍ ပိုေငြ က်ပ္ ၁,၁၂၂,၀၀ဝိ/-ကို ျပန္မေပးဘဲ ၎ႏွင့္ ႐ုံးအဖြဲ႕အတြက္ဟုဆိုကာ ေငြေၾကးရယူခဲ့တဲ့ အတြက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို ဥပေဒႏွင့္အညီ ေဆာင္႐ြက္ ေပးဖို႔ တိုင္ၾကားခဲ့တယ္ဆိုပါတယ္။

အဆိုပါတိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းၿပီး စစ္ေဆးခဲ့ရာမွာ  စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္ အခြန္ဦးစီးဌာနမႉး လက္ေထာက္ ၫႊန္ၾကားေရးမႉး ဦးေအာင္ေအာင္သည္ ေ႐ႊဘိုၿမိဳ႕ မင္းေက်ာင္းေက်း႐ြာအုပ္စု၊ ကြင္းအမွတ္(၂၈၁၀)၊ တပ္ၿမိဳ႕ေတာင္ကြင္း၊ ဦးပိုင္အမွတ္ A.2(21) ဧရိယာ (ဝ.၂၂၉) ဧက ႏွင့္ A.2(52) ဧရိယာ (ဝ.၂၃၀) ဧက စုစုေပါင္းေျမကြက္ (၂)ကြက္ ဧရိယာ (ဝ.၄၅၉) ဧက ႏွင့္ ယင္း ေျမကြက္ေပၚရွိ အေဆာက္ အဦတို႔အား ကာလတန္ဖိုး သတ္မွတ္ျခင္း ႏွင့္ တံဆိပ္ေခါင္းခြန္ ေငြေပးသြင္းရန္အတြက္ ေငြက်ပ္ သိန္း(၃၀)ကို ပိုင္ရွင္၏ ကိုယ္စားလွယ္ထံမွ ေတာင္းခံရယူ ခဲ့ေၾကာင္း၊ ၂၉-၅-၂၀၁၉ ရက္စြဲပါ ပိုင္ရွင္ အမည္ျဖင့္ ျမန္မာ့စီးပြားေရးဘဏ္သို႔ အမွန္တကယ္ တံဆိပ္ေခါင္းခြန္ ေပးသြင္းသည့္ ေငြသြင္းခ် လန္ တြင္ တံဆိပ္ေခါင္းခြန္ က်သင့္ ေပးသြင္းေငြမွာ ၁,၈၇၈,၀၀ဝိ/- သာျဖစ္၍ ပိုေငြက်ပ္ ၁,၁၂၂,၀၀ဝိ/- အား ရယူခဲ့ျခင္းသည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ထိုသို႔ စစ္ေဆးေပၚေပါက္သျဖင့္ ၿမိဳ႕နယ္အခြန္ဦးစီးဌာနမႉး ဦးေအာင္ေအာင္အေပၚ အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ လည္းေကာင္း၊ အႀကီးတန္းစာေရး ေဒၚညိဳညိဳဝင္း (ခ) မညိဳအား  အဂတိလိုက္စားမႈ က်ဴးလြန္ရာတြင္ အတူ ပူးေပါင္းႀကံစည္ျခင္း၊ အားေပး ကူညီျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တဲ့အတြက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆/၆၃ အရလည္းေကာင္း စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕မရဲစခန္းမွာ ဇူလိုင္၂  ရက္မွာ ပထမ သတင္းေပးတိုင္ၾကားၿပီး တရားစြဲဆို အေရးယူႏိုင္ေရး ေဆာင္႐ြက္ လ်က္ ရွိတယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

KZ
ေနျပည္ေတာ္၊ ဇူလိုင္ ၂