စက်သုံးဆီဈေးကျရေး အစိုးရကအဓိကထားဆောင်ရွက်နေသော်လည်း လုပ်ငန်းရှင် အများစု ပါဝင်လိုစိတ်မရှိကြဟုဆို

စက်သုံးဆီဈေးကျရေး အစိုးရကအဓိကထားဆောင်ရွက်နေသော်လည်း လုပ်ငန်းရှင် အများစု ပါဝင်လိုစိတ်မရှိကြဟုဆို

ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေအနေနဲ့ ကျဆင်းစေဖို့ကို အစိုးရပိုင်းက အဓိကထားကာ ဆောင်ရွက်နေပေမယ့် လုပ်ငန်းရှင်တွေအများစုဟာ ပါဝင်လုပ်ကိုင်လိုစိတ်မရှိကြဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“အနိမ့်ဆုံးစက်သုံးဆီဈေးကို အမြင့်ရောင်းနေသူတွေက ဘာကြောင့်မရောင်းနိုင်သလဲ မေးခွန်းထုတ်သင့် ပါတယ်၊ ကျွန်တော်တို့က ဈေးကျရေးဖြစ်ပါတယ်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ စရိတ်ကြီးလာတာနဲ့အမျှ ပြဿနာရပ်တွေရှိတယ်၊ တခြားနိုင်ငံတွေမှာ စက်သုံးဆီဈေးကို မကိုင်တွယ်နိုင်လို့ ပြဿနာပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတွေရှိပါတယ်၊ ပြင်သစ်လိုနိုင်ငံတွေမှာတောင် ရှိခဲ့ပါတယ်၊ ကျွန်တော်တို့ ဒီစက်သုံးဆီဈေးကို မထိန်းနိုင်ဘူး ဆိုရင် အားလုံးသိပါတယ်၊ ရွှေဝါရောင်ရဲ့ အကြိုကာလဟာ စက်သုံးဆီပဲဖြစ်ပါတယ်၊ လုပ်ငန်းရှင်တွေက အချင်းချင်းတိုက်ခိုက်ခံ ရမှာ သိပ်ကြောက်ပါတယ်၊ ကျွန်တော်တို့က အစိုးရဖြစ်တဲ့အတွက် မကြောက်ပါဘူး၊ ပြည်သူလူထုအကျိုးအတွက် လုပ်ရပါမယ်၊ လုပ်ငန်းရှင်တွေ အချင်းချင်း စီးပွားရေးကို အောက်ကနေ ဖြုတ်တယ်ဆိုတဲ့ အခြေအနေမျိုး ဘယ်သူမှမလုပ်ရဲပါဘူး၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က စက်သုံးဆီဈေး ကျရေးပဲ ကျကိုကျမှဖြစ်မယ်၊ မကျရင်အစားအသောက်ကုန်ဈေးနှုန်းတက်လာမယ်၊ ဒါကိုကျွန်တော်တို့ ထိန်းမှဖြစ်မယ်၊ လက္ကားမှာလည်းစား၊ လက်လီမှာလည်းစားလို့ အခုဈေးနှုန်းဖြစ်နေတာ၊ ကျွန်တော်ပြောတာက လက္ကားမှာလည်း ပါးပါးယူ လက်လီမှာလည်း ပါးပါးယူ ဘာမှဖြစ်စရာအကြောင်းမရှိဘူး၊ အခုဟာက အများကြီးဘာကြောင့်ကွာနေလဲ စီးပွားရေးမှာ သင့်တင့်မျှတတဲ့ဈေးနှုန်းဖြစ်ဖို့အတွက် ညာညှိပြီးဈေးတက်မယ် ဆိုတာမျိုးတော့ လက်မခံနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပြည်သူ့မျက်နှာကြည့်ရမယ်”လို့ ဝန်ကြီးချုုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ထိုသို့သော စက်သုံးဆီဈေးကျဆင်းရေးကို လုပ်ဆောင်ရာတွင် Risk လည်း များပြားသလို လုပ်ငန်းရှင် အများစုက ပါဝင်လိုခြင်းမရှိကြတဲ့ အတွက်လည်း အစိုးရပိုင်းက သိမ်သိမ်မွေ့မွေ့ဖြင့် လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးပုံစံအရ ပြည်ပရင်းနှီးမြှုပ်နှံ မယ့် သူများကို သိုလှောင်ကန်များ တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ စီစဉ်နေပြီး လတ်တလောမှာ ထိုင်းကုမ္ပဏီနဲ့ ဆွေးနွေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၆

(  Zawgyi  )


“အနိမ့်ဆုံးစက်သုံးဆီဈေးကို အမြင့်ရောင်းနေသူတွေက ဘာကြောင့်မရောင်းနိုင်သလဲ မေးခွန်းထုတ်သင့် ပါတယ်၊ ကျွန်တော်တို့က ဈေးကျရေးဖြစ်ပါတယ်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍရဲ့ စရိတ်ကြီးလာတာနဲ့အမျှ ပြဿနာရပ်တွေရှိတယ်၊ တခြားနိုင်ငံတွေမှာ စက်သုံးဆီဈေးကို မကိုင်တွယ်နိုင်လို့ ပြဿနာပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတွေရှိပါတယ်၊ ပြင်သစ်လိုနိုင်ငံတွေမှာတောင် ရှိခဲ့ပါတယ်၊ ကျွန်တော်တို့ ဒီစက်သုံးဆီဈေးကို မထိန်းနိုင်ဘူး ဆိုရင် အားလုံးသိပါတယ်၊ ရွှေဝါရောင်ရဲ့ အကြိုကာလဟာ စက်သုံးဆီပဲဖြစ်ပါတယ်၊ လုပ်ငန်းရှင်တွေက အချင်းချင်းတိုက်ခိုက်ခံ ရမှာ သိပ်ကြောက်ပါတယ်၊ ကျွန်တော်တို့က အစိုးရဖြစ်တဲ့အတွက် မကြောက်ပါဘူး၊ ပြည်သူလူထုအကျိုးအတွက် လုပ်ရပါမယ်၊ လုပ်ငန်းရှင်တွေ အချင်းချင်း စီးပွားရေးကို အောက်ကနေ ဖြုတ်တယ်ဆိုတဲ့ အခြေအနေမျိုး ဘယ်သူမှမလုပ်ရဲပါဘူး၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က စက်သုံးဆီဈေး ကျရေးပဲ ကျကိုကျမှဖြစ်မယ်၊ မကျရင်အစားအသောက်ကုန်ဈေးနှုန်းတက်လာမယ်၊ ဒါကိုကျွန်တော်တို့ ထိန်းမှဖြစ်မယ်၊ လက္ကားမှာလည်းစား၊ လက်လီမှာလည်းစားလို့ အခုဈေးနှုန်းဖြစ်နေတာ၊ ကျွန်တော်ပြောတာက လက္ကားမှာလည်း ပါးပါးယူ လက်လီမှာလည်း ပါးပါးယူ ဘာမှဖြစ်စရာအကြောင်းမရှိဘူး၊ အခုဟာက အများကြီးဘာကြောင့်ကွာနေလဲ စီးပွားရေးမှာ သင့်တင့်မျှတတဲ့ဈေးနှုန်းဖြစ်ဖို့အတွက် ညာညှိပြီးဈေးတက်မယ် ဆိုတာမျိုးတော့ လက်မခံနိုင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ပြည်သူ့မျက်နှာကြည့်ရမယ်”လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။


 ဇွဲမာန်
ရန်ကုန်၊ ဇွန် ၆