စတုတ္တအကြိမ်မြောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှု မြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

 စတုတ္တအကြိမ်မြောက် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှု မြင့်မားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

NCA-S EAO ၏ စတုတ္တအကြိမ်မြောက် ၊ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှု မြင့်မားရေးဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ (4th Workshop for Women Leadership in Peace Process)ဒုတိယနေ့ကို  ဒီကနေ့  ဇူလိုင် ၁၀ ရက်တွင် ရန်ကုန်မြို့၊Green Hill ဟိုတယ်မှာဆက်လက်ပြုလုပ်လျက်ခဲ့ပါတယ်။

ဒီကနေ့လုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ နံနက်ပိုင်းတွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖက်ဒရယ်ရှုထောင့်မှ လေ့လာခြင်းနှင့် ပတ်သက်ပြီး ဟောပြောမျှဝေခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် လာကြသည့် NCA-S EAO (၁၀) ဖွဲ့မှ အမျိုးသမီးကိုယ်စား လှယ်များ၏ မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားပေးခဲ့တယ်လို့ သိရပါတယ်။

ယင်းအလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးရှိ အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှုဖြစ်စဉ် အဆင့်တိုင်းတွင် ဦးဆောင်သူများ၊ ဆုံးဖြတ်ချက်ချမှတ်နိုင်သူများအဖြစ် ပိုမိုပါဝင်လာနိုင်စေရန်နှင့် နိုင်ငံရေးဆွေးနွေးမှုများမှ ပေါ်ထွက်လာသော မူဝါဒများနှင့် အခြေခံမူများသည် အမျိုးသမီးများ၏ လိုအပ်ချက်များကို ပိုမိုထင်ဟပ်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖက်ဒရယ်နှင့်ကျား-မ ရေးရာရှုထောင့်မှ လေ့လာခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ် များကို အဓိကထားဆွေးနွေးခဲ့ကြပြီး အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို  ဇူလိုင် ၁၃ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၁၀
Photo Credit – NCA –S EAO

(  Zawgyi  )

 NCA-S EAO ၏ စတုတၱအႀကိမ္ေျမာက္ ၊ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြင္း အမ်ိဳးသမီးမ်ား၏ပါဝင္မႈႏွင့္ ေခါင္းေဆာင္မႈ ျမင့္မားေရးဆိုင္ရာ အလုပ္ ႐ုံေဆြးေႏြးပြဲ (4th Workshop for Women Leadership in Peace Process)ဒုတိယေန႔ကို  ဒီကေန႔  ဇူလိုင္ ၁၀ ရက္တြင္ ရန္ကုန္ၿမိဳ႕၊Green Hill ဟိုတယ္မွာဆက္လက္ျပဳလုပ္လ်က္ခဲ့ပါတယ္။

ဒီကေန႔လုပ္႐ုံေဆြးေႏြးပြဲ ဒုတိယေန႔ နံနက္ပိုင္းတြင္ ပအိုဝ္းအမ်ိဳးသား လြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO) ဦးေဆာင္နာယက ဗိုလ္မႉးႀကီး ခြန္ဥကၠာမွ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအား ဖက္ဒရယ္ရႈေထာင့္မွ ေလ့လာျခင္းႏွင့္ ပတ္သက္ၿပီး ေဟာေျပာမွ်ေဝခဲ့ကာ အလုပ္႐ုံေဆြးေႏြးပြဲသို႔ တက္ေရာက္ လာၾကသည့္ NCA-S EAO (၁၀) ဖြဲ႕မွ အမ်ိဳးသမီးကိုယ္စား လွယ္မ်ား၏ ေမးခြန္းမ်ားကိုလည္း ျပန္လည္ေျဖၾကားေပးခဲ့တယ္လို႔ သိရပါတယ္။

ယင္းအလုပ္႐ုံေဆြးေႏြးပြဲကို တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း အသီးသီးရွိ အမ်ိဳးသမီးမ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံေရး ေဆြးေႏြး ညႇိႏႈိင္းမႈျဖစ္စဥ္ အဆင့္တိုင္းတြင္ ဦးေဆာင္သူမ်ား၊ ဆုံးျဖတ္ခ်က္ခ်မွတ္ႏိုင္သူမ်ားအျဖစ္ ပိုမိုပါဝင္လာႏိုင္ေစရန္ႏွင့္ ႏိုင္ငံေရးေဆြးေႏြးမႈမ်ားမွ ေပၚထြက္လာေသာ မူဝါဒမ်ားႏွင့္ အေျခခံမူမ်ားသည္ အမ်ိဳးသမီးမ်ား၏ လိုအပ္ခ်က္မ်ားကို ပိုမိုထင္ဟပ္လာေစရန္ ရည္႐ြယ္ခ်က္မ်ားျဖင့္ က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအား ဖက္ဒရယ္ႏွင့္က်ား-မ ေရးရာရႈေထာင့္မွ ေလ့လာျခင္းႏွင့္ ပတ္သက္သည့္ ကိစၥရပ္ မ်ားကို အဓိကထားေဆြးေႏြးခဲ့ၾကၿပီး အဆိုပါ အလုပ္႐ုံေဆြးေႏြးပြဲကို  ဇူလိုင္ ၁၃ ရက္ေန႔အထိ ၅ ရက္ၾကာ က်င္းပသြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၁၀
Photo Credit – NCA –S EAO